Home သတင်း ‌ကျေးရွာ ၁၀‌ကျော် ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင် ဖြစ်ပွားမှုများလာသဖြင့် ‌ကော့ကရိတ်‌ဒေသခံများ စိုးရိမ်မှုဖြစ်‌နေ

‌ကျေးရွာ ၁၀‌ကျော် ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင် ဖြစ်ပွားမှုများလာသဖြင့် ‌ကော့ကရိတ်‌ဒေသခံများ စိုးရိမ်မှုဖြစ်‌နေ

2269

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကော့နွဲ့၊ တတန်ကူး၊ ‌ကော့ဖလို့၊ ‌ရေပူကြီး၊ ‌သေးခို့၊ ကတိုးထ၊ လှှိုင်ကွယ်နှင့် မိဖညား ‌ကျေးရွာများ ပါဝင် သည့် ‌ကျေးရွာ ၁ဝရွာ‌ကျော်တွင် ယခုနှစ်၊ ‌အောက်တိုဘာလအထိ ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင်‌ရောဂါ ကူးစက်မှု များပြားလာ သည့်အတွက် ‌ဒေသခံများက စိုးရိမ်မကင်းဖြစ်ပွားလျှက်ရှိသည်။

‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းရှိ ရွာတန်းရှည်‌ကျေးရွာမှ ရပ်မိရပ်ဖ ‌စောမြ‌အေးက “ကျ‌နော်တို့ နယ်မှာရှိတဲ့လူ‌တွေက ဒီ‌ရောဂါ အ‌ကြောင်းသိလာ‌တော့ ပို‌ကြောက်လာတယ်။ ပိုက်ဆံရှိတဲ့လူ‌တွေက မြို့မှာသွားပြီး သူတို့က‌လေးကို ကာကွယ်‌ဆေး သွားထိုး ‌ပေးတယ်။ ကာကွယ်‌ဆေးက တစ်လုံးကို ၅‌သောင်းရှိတယ်။ ‌နောက်ပြီး မယ်‌တော်‌ဆေးခန်းမှာ အခမဲ့သွားထိုးလို့ရ‌ပေမဲ့ လမ်းစ ရိတ်နဲ့ ဘာနဲ့သွားရ‌တော့ မရှိတဲ့လူ‌တွေအတွက်က အခက်အခဲဖြစ်‌နေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်းသို့ ‌ရောဂါဖြစ်ပွားမှုများပြားလာမှု‌ကြောင့် ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ကြသည့် ‌ကော့ကရိတ်၊ ဖားအံမြို့နယ်တို့ မှ က‌လေးမိဘအချို့မှာလည်း ၎င်းတို့သားသမီးများအတွက် စိုးရိမ်‌နေကြသဖြင့် ကာကွယ်‌ဆေးများ လိုက်လံထိုး‌ပေးကြရန် ၎င်း တို့မိဘ‌ဆွေမျိုးများထံ စိုးရိမ်တကြီးဖြင့် ဖုန်းဆက် အ‌ကြောင်းကြားမှုများလည်း ရှိသည်ဟု သိရသည်။

ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင်‌ရောဂါကာကွယ်‌ဆေးကို သက်ဆိုင်ရာ ကျန်းမာ‌ရေးဋ္ဌာနနှင့် ‌ဆေးခန်းသို့သွား‌ရောက်ကာ ‌ဆေးထိုး ရမည်ဖြစ်ကာ ‌ဆေးတစ်လုံးကို ကျပ် ၃‌သောင်းအထက် ‌ဈေးနှုန်းရှိပြီး ‌ငွေ‌ကြေးမတတ်နိုင်သည့် ရွာသားများက ‌ငွေ‌ကြေးအခက် အခဲကြုံရသည့်အတွက် ကျန်းမာ‌ရေးဋ္ဌာနမှ နယ်ဆင်းပြီး ကာကွယ်‌ဆေးထိုး‌ပေးရန် ‌ဒေသခံများက လိုလား‌နေကြသည်။

ကရင်ပြည်နယ်တွင် ယခုနှစ် ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင်‌ရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ကူးစက်မှု များလာသည်ကို ‌တွေ့ရှိ ရပြီး မိုးတွင်းကာလတွင် အဖြစ်များဆုံးဖြစ်ကာ ယခုလမှစ၍ ကူးစက်မှုနည်းလာ‌သော်လည်း အချို့ပြည်သူလူထုက စိုးရိမ်‌နေဆဲ ဖြစ်‌နေ‌ကြောင်း နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT)၏ Technical Assistant ‌ဒေါက်တာထက်ကို ကိုလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာ‌ရေးဋ္ဌာန Programထဲမှာ ၂၀၁၇ထဲမှ ကာကွယ်‌ဆေးထိုးမယ် စီစဉ်ထားတယ်။ ဒါ‌ပေမဲ့ ရုတ်တ ရက် ဖြစ်‌တော့လည်း နည်းနည်းဂွကျသွားတာ‌ပေါ့‌နော်။ အခု သူတို့ထိုး‌ပေးတာက ကုမ္ပဏီက သွင်းတဲ့‌ဆေး‌တွေလို့‌တော့ ထင် တယ်။ ဘာဖြစ်လဲဆို‌တော့ ကျန်းမာ‌ရေးဋ္ဌာနအစီအစဉ်က မစ‌သေး‌တော့‌လေ။ တကယ်လို့ထိုးလို့ရှိရင် ကြို‌ပြောထားရတယ်။ အဲဒီ‌ဆေးက အများကြီးထားလို့မရဘူး။ ‌အေးတဲ့ဗူးထဲမှာထားရတယ်။ ထိုးသ‌လောက်ပဲ ကုမ္ပဏီကပို့‌ပေးတယ်လို့ သိရတယ်။”ဟု ၎င်းက ‌ပြောသည်။

ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင်‌ရောဂါသည် အရွယ်မ‌ရွေး ကူးစက်နိုင်‌သော်လည်း ၁ဝနှစ်‌အောက်က‌လေးအရွယ် အဖြစ်များဆုံး ဖြစ်ကာ ခြင်မှတစ်ဆင့်ကူးစက်‌သော‌ကြောင့် ကူးစက်သူ သုံးဦးအနက် တစ်ဦး‌သေဆုံးပြီး အသက်မ‌သေဘဲ ကျန်ရှိသည့်လူနာ ၃ဝရာခိုင်နှုန်းမှာလည်း ကိုယ်အဂင်္ါချို့ယွင်းမှုနှင့် စိတ်ပို်င်းဆိုင်ရာချို့ယွင်းမှုတို့ ဖြစ်သွားပြီး ပုံမှန်အ‌ခြေအ‌နေ ပြန်လည်မရရှိနိုင် ‌တော့‌ကြောင်း ‌ဒေါက်တာထက်ကိုကိုလင်းက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဂျပန်ဦး‌နှောက်အ‌မြှေးပါး‌ရောင်‌ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာမှုမှာ ‌ကော့ကရိတ်မြို့နယ်အ ပြင် လှှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာအချို့၌လည်း အလားတူ အဖြစ်များလျှက်ရှိပြီး ယင်း‌ရောဂါ‌ကြောင့် အသက်ဆုံးရှူံးမှုများရှိသည်ဟု သိရသည်။