Home သတင်း KNLA ‌ဆေးဘက်ဋ္ဌာနမှ ဦး‌ဆောင်ပြီး အခမဲ့ မျက်စိခွဲစိပ်ကုသမှုများ ပြုလုပ်‌ပေး‌နေ

KNLA ‌ဆေးဘက်ဋ္ဌာနမှ ဦး‌ဆောင်ပြီး အခမဲ့ မျက်စိခွဲစိပ်ကုသမှုများ ပြုလုပ်‌ပေး‌နေ

1870

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA ) တပ်ဖက်ဆိုင်ရာ ဗဟို‌ဆေးဋ္ဌာန၏ ဦး‌ဆောင်မှုဖြင့် ၎င်းတို့ ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ခရိုင် ၃ခုအတွင်းမှ မျက်စိ‌ဝေဒနာရှင်များအား ယခု ‌အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ မျက်စိခွဲစိပ်ကုသမှုများ ပြုလုပ်‌ပေးလျှက်ရှိ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌အောက်တိုဘာလ ၁၁ရက်‌နေ့မှစတင်ကာ ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်တွင်းရှိ ဘုရား‌လေးကုန်း‌နေရာတွင် ယာယီခွဲစိပ်ခန်းပြုလုပ်ကာ စတင် ခွဲစိပ်ကုသ‌ပေးလျှက်ရှိ‌နေပြီး ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို KNLA ဗဟို စစ်ဦးစီး ဋ္ဌာနချုပ်မှ စစ်‌ရေးချုပ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီအစီအစဉ်ကို KNU ဗဟိုစစ်ဖက်‌ဆေးဋ္ဌာနနဲ့ ခရိုင်က တာဝန်ရှိသူ‌တွေ ညှိနှိုင်းပြီး အခ‌ကြေး‌ငွေမယူဘဲ ခွဲစိပ်ကုသ‌ပေးတာပါ။ ခွဲစိပ်ကုသ‌ပေးတဲ့သူကလည်း သူ့အ‌နေနဲ့ ခွဲစိပ်မှု‌တွေဟာ ‌အောင်မြင်တယ်။ ‌နောက်ပြီး ခရိုင်၊ တပ်မဟာ‌တွေက လိုလိုလားလားနဲ့ တင်ပြလာတဲ့အတွက် အခုလို စီစဉ်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ခွဲစိပ်ကုသ‌ပေးရာတွင် မျက်စိတိမ်စွဲ‌နေသည့် ‌ဝေဒနာရှင်များကိုသာ အဓိကထားကာ ခွဲစိပ်ကုသ‌ပေးခြင်းဖြစ်ပြီး ခရိုင်တစ်ခုစီ အတွက် မျက်စိ‌ဝေဒနာရှင် ၁၅ဝဦးကို ရက် ၂ဝကြာသတ်မှတ်ထားကာ လိုအပ်သည့် မျက်မှန်တပ်ဆင်‌ပေးခြင်းများကိုလည်း အခမဲ့ လုပ်‌ဆောင်‌ပေး‌နေ‌ကြောင်း သိရသည်။

ခွဲစိပ်ကုသမှုတွင် ပါဝင်ဦး‌ဆောင်သည့် တာဝန်ခံတစ်ဦးဖြစ်သူ ‌စော‌နေဆဲက “ခွဲစိပ်တာ‌တွေကို‌တော့ ကျ‌နော်ကိုယ်တိုင်ကပဲ လုပ် ပါတယ်။ ‌နောက်ပြီး ခရိုင်မှာရှိတဲ့ ‌ဆေးဘက်ဆိုင်ရာဝန်ထမ်း‌တွေလည်း ပူး‌ပေါင်းကူညီတာ‌ပေါ့။ ‌အောက်တိုဘာလ ၁၁ရက်‌နေ့က ‌နေ ယ‌နေ့အထိ မျက်စိလူနာရှင် ၁၀၅‌ယောက်ကို ခွဲစိပ်ကုသ‌ပေးပြီးဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌အောက်တိုဘာ ၁၈ရက်‌နေ့က ‌ပြောသည်။

KNLA ဗဟိုစစ်ဖက်ဋ္ဌာန၏ ဦး‌ဆောင်မှုဖြင့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်ခရိုင်၊ ဖားအံခရိုင်များအတွင်းရှိ မျက်စိတိမ်စွဲ‌ဝေဒနာရှင်များအား ခွဲစိပ်ကုသ‌ပေးရာတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ယ‌နေ့အထိ လူနာ‌ပေါင်း ၇၀၀‌ကျော်ကို ခွဲစိပ် ကုသ‌ပေးပြီးဖြစ်‌ကြောင်း တာဝန်ခံ ဆရာ‌စော‌နေဆဲက ဆက်လက် ရှင်းပြ‌ပြောဆိုသည်။

အဆိုပါမျက်စိ‌ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု လိုက်လံ‌ဆောင်ရွက်သည့် အစီအစဉ်ကို ၂၀၁၃ခုနှစ်မှ စတင်ကာ KNU နယ်‌မြေ များဖြစ်သည့် တပ်မဟာ (၅)၊ (၆)နှင့် (၇)တို့တွင်လည်း ၂၀၁၃ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ မျက်စိ‌ဝေဒနာရှင်‌ပေါင်း ၄၀၀‌ကျော်ကို KNLA ဗဟို‌ဆေးဋ္ဌာနက ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။