Home သတင်း ‌လေးမြို့နယ် စာယဉ်များစု‌ပေါင်းကာ ကရင်စာသင် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်း‌ပေး

‌လေးမြို့နယ် စာယဉ်များစု‌ပေါင်းကာ ကရင်စာသင် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်း‌ပေး

2566

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း ‌ဒေသကြီးအတွင်းရှိ ‌မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနှင့် ထန်းတပင်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ် ‌ကျေးမှု‌ကော်မတီများ စု‌ပေါင်းကာ ‌ကျောင်းချိန်ပြင်ပ ကရင်စာသင် ဆရာ/ဆရာမများအတွက် မွမ်းမံသင်တန်း ကို ‌အောက်တိုဘာ ၁၇ရက်မှ၂၁ရက်‌နေ့အထိ ‌မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း‌ကျေးရွာ ‌ယေရုရှလင်းဝန်း အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ‌မှော်ဘီသာသနာနယ် ကျမ်းစာ‌ကျောင်းခန်းမ၌ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။

‌မှော်ဘီမြို့နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ အဖွဲ့ဝင် အငြိမ်းစားအလယ်တန်း‌ကျောင်းအုပ်ကြီး၊ ဆရာ‌စော‌မောင်တုတ်က “ဂျူလိုင်၊ ဩဂုတ်မှာ ကျ‌နော်တို့ စသင်ခွင့်ရတယ်။ ဒါ‌ပေမဲ့လည်း စာအုပ်‌တွေက မရ‌သေး‌တော့ ကိုယ်ထူ ကိုယ်ထ ပုံစံနဲ့ စပြီး ဖွင့်ခဲ့တယ်။ အခု‌တော့ စာအုပ်‌တွေလည်း ရလာပြီးဆို‌တော့ ကျ‌နော်တို့က တစုတစည်းထဲ ဖြစ်‌အောင် အခုပြန်ပြီး သင်တန်း‌ခေါ်တာပါ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

အဆိုပါ မွမ်းမံသင်တန်းကို ‌လေးမြို့နယ်အတွင်း အစိုးရ‌ကျောင်းများ၌ ‌ကျောင်းချိန်ပြင်ပ ကရင်စာသင်ကြား ‌နေကြသည့် ဆရာ၊ ဆရာမ ၈ဝ ဦးတက်‌ရောက်‌နေပြီး ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်၊ ကရင်စာ‌ပေဖွံ့ဖြိုး‌ရေး ဋ္ဌာနမှ ဆရာ၊ ဆရာမများက လာ‌ရောက်သင်ကြား‌ပေးလျှက်ရှိ‌ကြောင်း သင်တန်းတာဝန်ခံများက ‌ပြောသည်။

ကရင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဆရာ‌စောဩဂတ်စတင်းက “ကျ‌နော်တို့ ဒီ‌လေးမြို့နယ်မှာ ကရင်စာ‌ပေ စသင်တဲ့ အချိန်တည်းက ဆရာ၊ ဆရာမ‌တွေကို မွမ်းမံ သင်တန်းတစ်ခါမှ မ‌ပေးရ‌သေးဘူး။ အဲဒါ‌ကြောင့် လိုအပ်တယ်ထင်လို့ ကျ‌နော်တို့ လာကူညီတာပါ။ အခုမှ သူငယ်တန်း စသင်ကြတယ်ဆို‌တော့ ကျ‌နော်တို့ ပို့ချမှာလည်း သူငယ်တန်းအတွက်နဲ့ ဒီစာသင်နှစ်အတွက်ပဲ လုပ်‌ပေးတာပါ” ဟု ‌ပြောသည်။

လက်ရှိ အစိုးရ‌ကျောင်းများတွင် သင်ကြား‌နေ‌သော ‌ကျောင်းချိန်ပြင်ပ ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်း မရှိခြင်း‌ကြောင့် မိမိနည်း၊ မိမိဟန်ဖြင့်သာ သင်ကြားမည်ဆိုပါက ထိ‌ရောက်မှုရှိ‌ရေးအတွက် အခက်အခဲရှိနိုင်ပြီး ယခုမွမ်းမံသင်တန်းတွင် က‌လေးများနားလည်လွယ်သည့် 4 Skills နည်းလမ်းများပါ ထည့် သွင်းပို့ချ‌ပေးမည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်လူမျိုးအများစု‌နေထိုင်သည့် ‌မြောက်ပိုင်းခရိုင်နှင့် ‌တောင်ပိုင်း ခရိုင်အတွင်းရှိမြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများပူး‌ပေါင်းကာ ကရင်စာသင် ဆရာ၊ ဆရာမများ ကို မွမ်းမံသင်တန်း စု‌ပေါင်းပြုလုပ်‌ပေးရန် ကြိုးပမ်း‌နေ‌ကြောင်း ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူများ ထံမှ သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်၊ တိုက်ကြီး၊ ‌မှော်ဘီ၊ တွံ‌တေး၊ မရမ်းကုန်း၊ ထန်းတပင်၊ ကွမ်းခြံကုန်း၊ ‌ကော့မူးနှင့် လှည်းကူးစသည့် မြို့နယ်များမှ စာသင်‌ကျောင်း ၃၀၄ ‌ကျောင်းရှိ ‌ကျောင်းသားဦး‌ရေ ၆,၄၂၉ ဦးကို ဆရာ၊ ဆရာမ ၁၉ဦး‌ကျော်တို့က ကရင်စာသင်ကြား‌ပေးလျှက်ရှိ‌ကြောင်း သက်ဆိုင်ရာ စာယဉ်များက ပြုစုထားသည့် စာရင်းများအရ သိရသည်။