Home သတင်း ဖက်ဒရယ်စနစ်တွင် ကရင်တိုင်းရင်းသားစာ‌ပေ ထည့်သွင်းနိုင်‌ရေး ‌ဆွေး‌နွေးပွဲ ပြုလုပ်ပြီးစီး

ဖက်ဒရယ်စနစ်တွင် ကရင်တိုင်းရင်းသားစာ‌ပေ ထည့်သွင်းနိုင်‌ရေး ‌ဆွေး‌နွေးပွဲ ပြုလုပ်ပြီးစီး

2259

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ‌ပြောင်းလဲလာပါက ကရင်တိုင်းရင်းသား စာ‌ပေများအား မည်သည့်ပုံစံဖြင့် ပါဝင်‌ဆောင်ရွက်ရန်ကို ရည်ရွယ်၍ ‌ကော်လာ‌ဖောင်‌ဒေးရှင်းနှင့် ကရင်ပြည်သူ့ပါတီ(KPP)တို့ ပူး‌ပေါင်းကာ ဖက်ဒရယ်ပညာ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ရန် ကုန်မြို့၊ SKY STAR ဟိုတယ်၌ ‌အောက်တိုဘာ ၁၂ရက်နှင့် ၁၃ရက်‌နေ့များက နှစ်ရက်တာ ပြုလုပ်ကျင်းပခဲ့သည်။

“ကျမတို့ အခု ‌ဆွေး‌နွေးပွဲမှာ ‌ဆွေး‌နွေးထားတဲ့အတိုင်း အမျိုးသားအဆင့် ဗဟို ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီ ဖြစ်‌ပေါ်လာ ရင်‌တော့ အဲဒီအဖွဲ့က ‌ရှေ့ဆက်သွားမယ်။ အခု ‌ဆွေး‌နွေးတာ‌တွေက အကြမ်းပါပဲ။ အစိုးရနဲ့ ‌ပြောဆို‌တော့မယ်ဆိုရင် ဗဟို‌ကော် မတီ လိုအပ်တာ အမှန်ပါ”ဟု ပွဲဖြစ်‌မြောက်‌အောင် ဦး‌ဆောင်သူ နန်းခင်‌အေးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် အမျိုးသားအဆင့် ဗဟို ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု‌ကော်မတီ ဖြစ်‌ပေါ်လာရန်အတွက် ဖြစ်‌မြောက်‌ရေး‌ကော် မတီ ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုလက်ရှိ ‌ဆောင်ရွက်‌နေ‌သော ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေ သင်ကြားမှုများအား တရားဝင် အစိုးရ အသိအမှတ်ပြုရရှိရန်၊ တိုင်းရင်းသားအများစု ‌နေထိုင်‌သော ‌နေရာ‌ဒေသများတွင် တိုင်းရင်းသားစာ‌ပေကို ဒုတိယဦးစား‌ပေး (second language)အဖြစ် ပါဝင်နိုင်ရန်နှင့် သင်ကြား‌ရေးအပိုင်း စသည်တို့ကို သုံးပိုင်းခွဲ၍ ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

ပဲခူးတိုင်းမှ တက်‌ရောက်လာသူ ကရင်‌ရေးရာဝန်ကြီး‌ဟောင်း ‌စောဂျူးပလီစံလှက “ဒီပွဲမှာ အဓိကက ကရင်စာ‌ပေကို ပြန်ပြီး သင် ကြားဖို့အတွက်ဆိုရင် တစ်‌ယောက်တည်း တစ်ဖွဲ့တည်းလုပ်လို့ အဆင်မ‌ပြေနိုင်ဘူး။ တစ်နိုင်ငံလုံး ကရင်စာ‌ပေ ‌ကော်မတီကြီးဖွဲ့ နိုင်ဖို့အတွက် ပြန်ကြိုးစားတယ်။ အခုချက်ချင်း မဖြစ်နိုင်‌သေး‌တော့ ဖြစ်‌မြောက်‌ရေး ‌ကော်မတီဖွဲ့ထားလိုက်တယ်။ နိုဝင်ဘာလမှာ ထပ်‌တွေ့ဆုံကြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးသစ်လက်ထက်တွင် ကရင်စာ‌ပေ သင်ကြားနှင့် ပတ်သက်‌သော ကိစ္စရပ်များ ‌ပြောဆို‌ဆွေး‌နွေးမည်ဆိုပါက နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ လိုအပ်ပြီး သင်ကြားမည့် ပြဌာန်းစာအုပ် အ‌ရေးကြီးကာ မည်သို့လုပ်‌ဆောင်သွားမည်ကို ညှိနှိုင်းရန် လိုအပ်လာနိုင်သည့်အတွက် ယခုလို‌တွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုပညာ‌ရေးဌာန တာဝန်ခံ ပဒို‌စောလား‌စေး အပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် သက်ဆိုင်ရာ စာ‌ပေပညာရှင်များ စုစု‌ပေါင်း လူဦး‌ရေ ၄ဝ‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။