Home သတင်း ဖားအံမြို့တွင် (၆၉)ကြိမ်‌မြောက် အာဇာနည်‌နေ့ ယခင်နှစ်များထက် တက်‌ရောက်ဂါရဝပြုသူ များပြား

ဖားအံမြို့တွင် (၆၉)ကြိမ်‌မြောက် အာဇာနည်‌နေ့ ယခင်နှစ်များထက် တက်‌ရောက်ဂါရဝပြုသူ များပြား

3250

ဇူလိုင် ၁၉ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ယ‌နေ့ ဇူလိုင် ၁၉ ရက်‌နေ့၌ ကျ‌ရောက်သည့် (၆၉) နှစ်‌မြောက်အာဇာနည်‌နေ့တွင် ကျဆုံးသွားသည့် အာဇာနည် ‌ခေါင်း‌ဆောင်ကြီးများအား ဖားအံမြို့ရှိ အာဇာနည်‌ကျောက်တိုင်သို့ တက်‌ရောက်ဂါရဝပြုသည့် ပြည်သူလူထု ၃‌ထောင်‌ကျော်ရှိပြီး ယခင်နှစ်များထက် များပြားလျှက်ရှိသည်။

အခမ်းအနားသို့ တက်‌ရောက်သည့် ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ နန်း‌စေအွာက “အရင်တုန်းက ဆိုရင် ဒီလိုမျိုး လူ‌တွေတက်‌ရောက်ဖို့ဆိုတာ သူတို့‌တွေက ‌ကြောက်ရွံ့မှုရှိတယ်။ အခုက ပွင့်လင်းမြင်သာမှုအညီ လူ‌တော်‌တော်များများတက်‌ရောက်ပြီး ဌာနဆိုင်ရာ‌တွေလည်း ပါတာ‌တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၅နှစ်ဖြစ်ဖြစ် အရင်ကဖြစ်ဖြစ် ဌနဆိုင်ရာတက်‌ရောက်တာမ‌တွေ့ရဘူး။ ဒီနှစ်‌တော့ ‌တော်‌တော်‌ပြောင်းလဲလာတာ ‌တွေ့ရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လွှတ်‌တော်ကိုယ်စားလှယ်များ၊ နိုင်ငံ‌ရေးပါတီနှင့်အတူ ကရင်နိုင်ငံ‌ရေးပါတီများ အဖွဲ့အစည်းများ၊ ‌ကျောင်းသားအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့များ စုစု‌ပေါင်း အဖွဲ့ ၅၀‌ကျော်နှင့် ပြည်သူလူထုများ တက်‌ရောက်ခဲ့ကြခြင်းဖြစ်‌ကြောင်း သိရသည်။
IMG_6177
“အရင်နှစ်က ဒီ‌ကျောက်တိုင်ဆိုရင် ‌ခြောက်ကပ်ကပ်ပဲ။ ကျ‌နော်တို့ ‌ကျောင်းသားလူငယ်တက်‌ရောက်အ‌လေးပြု ‌တောင်မှ အမိန့်‌ပေးတဲ့သူ မရှိဘူး။ ကိုယ့်ဘာသာကိုယ်အမိန့်‌ပေး အ‌လေးပြုပြီး ပြန်ရတာပဲ။ အခု‌တော့ ဦး‌ဆောင် အမိန့်‌ပေးတာ‌တွေ ရှိလာတယ်။ ပြီး‌တော့ အကုန်လုံး တက်‌ရောက်ပါဝင်နိုင်‌အောင် လုပ်‌ဆောင်‌ပေးတဲ့ အစိုးရ သစ်ကို ကျ‌နော်တို့ လူငယ်‌တွေ ‌ကျေးဇူးတင်တယ်”ဟု အာဇာနည်‌ကျောက်တိုင်သို့ တက်‌ရောက်ဂါရဝပြုသည့် ‌ကျောင်းသားလူငယ်တစ်ဦးဖြစ်သူ ‌စော‌အောင်သူရက ‌ကေအိုင်စီသို့‌ပြောသည်။

ယခင်နှစ်များ၌ အာဇာနည်‌နေ့ အခမ်းနားတက်‌ရောက်လျှင် ‌ကြောက်ရွံ့မှုများရှိခဲ့ပြီး ယခုအချိန်တွင် ပွင့်လင်းမြင်သာမှုရှိလာသည့်အတွက် ဖားအံမြို့တွင်းရှိ ‌ဒေသခံလူထုမကဘဲ အနီးအနားရှိ ‌ကျေးရွာ‌ဒေသခံများလည်း တက်‌ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်‌နေ့တွင် လုပ်ကြံခံခဲ့ရ‌သော ဗိုလ်ချုပ်‌အောင်ဆန်း၊ ဒီးဒုုတ် ဦးဘချို၊ ဦးဘဝင်း၊ ဦးရာဇတ်၊ သခင်မြ၊ မန်းဘခိုင်၊ ရဲ‌ဘော် ကို‌ထွေး၊ ဦးအုန်း‌မောင်နှင့် မိုင်းပွန်‌စော်ဘွားကြီး စဝ်စံထွန်း တို့ကို အစွဲပြု၍ မြန်မာနိုင်ငံ အာဇာနည်‌နေ့ဟု သတ်မှတ်ကာ ယခုဆိုလျှင် (၆၉)နှစ်ပြည့်ပြီ ဖြစ်သည်။