Home သတင်း ဖလုံ-စ‌ဝေါ်ပါတီ ဗဟိုအလုပ်အမှု‌ဆောင်သစ် ပြန်လည်ဖွဲ့စည်းမှုတွင် လူငယ်များပါဝင်ဖြည့်ဆည်းသွားမည်

ဖလုံ-စ‌ဝေါ်ပါတီ ဗဟိုအလုပ်အမှု‌ဆောင်သစ် ပြန်လည်ဖွဲ့စည်းမှုတွင် လူငယ်များပါဝင်ဖြည့်ဆည်းသွားမည်

2025

ဇူလိုင် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီ (P.S.D.P)၏ ဗဟိုအ လုပ်အမှု‌ဆောင်များကို ဇူလိုင်လ ၂ရက်‌နေ့က အသစ်ပြန်လည်ဖွဲ့စည်းခဲ့‌သော်လည်း ကျန်ရှိ‌နေ‌သေးသည့် လစ်လပ်‌နေရာများ၌ မျိုးဆက်သစ်လူငယ်များ ပိုမိုပါဝင်လာရန် လုပ်‌ဆောင်သွားမည်ဟု ယင်းပါတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးဖြစ်လာသူ ‌စောကြည် လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လစ်လပ်‌နေတဲ့‌နေရာ‌တွေမှာ အစားထိုးမယ့်လူငယ်‌တွေ မရရှိ‌သေးဘူး။ ပါတီမှာ‌တော့ လူငယ်နဲ့ လူကြီးရယ်လို့‌တော့ မခွဲခြားပါ ဘူး။ လူငယ်‌တွေ ပါဝင်မှု‌တော့ နည်း‌နေပါ‌သေးတယ်။ ဒီထက် ပိုမို ပါဝင်လာနိုင်‌အောင်‌တော့ ကျ‌နော်တို့ လုပ်‌ဆောင်သွားမယ်” ဟု သူက ‌ပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှု‌ဆောင်များထဲတွင် ဥက္ကဋ္ဌ ‌စောခင်‌မောင်မြင့်၊ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်း၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌နော်ယုဇနဝါ၊ အမျိုးသမီး ဥက္ကဌ နန်း‌စေအွာ၊ ဘဏ္ဍာ‌ရေး မှူး ‌စောဝင်း‌ကျော်ဦးနှင့် ပြန်ကြား‌ရေးမှူး ‌စောခင်ဝင်း‌အောင် စသည်တို့ ပါဝင်ကြပြီး တွဲဘက်အတွင်း‌ရေးမှူး(၂)နှင့် လူငယ်ဥက္ကဌ ‌နေရာများမှာ လစ်လပ်လျှက်ရှိသည်။

ဗဟိုအလုပ်အမှု‌ဆောင် ဖွဲ့စည်းပြီး‌နောက် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် အလုပ်အမှု‌ဆောင်များကိုလည်း တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ထိုသို့ ဖွဲ့စည်းရာတွင် လူငယ်များ ပိုမိုပါဝင်‌စေလို‌ကြောင်း ပါတီအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောကြည်လင်းက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပါတီများထဲတွင် ဖလုံ-စ‌ဝေါ်ပါတီသည် အင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်ပြီး လက်ရှိ ပါတီဝင် စုစု‌ပေါင်း ၃‌သောင်းနီးပါး ရှိ သည်ဟု သိရသည်။ ၎င်းပါတီသည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာ ၇ရက် ‌ရွေး‌ကောက်ပွဲတွင် ၅ဝရာခိုင်နှုန်း‌ကျော် အနိုင်ရရှိခဲ့ ‌သော်လည်း ၂၀၁၅၊ နိုဝင်ဘာ ၈ရက် ‌ရွေး‌ကောက်ပွဲတွင်မူ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ မဲဆန္ဒနယ်အပြည့် ဝင်‌ရောက် ယှဉ်ပြိုင်ရာ၌ တစ်‌နေရာမျှ မဲအနိုင်မရရှိခဲ့‌ပေ။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)ကို ၂၀၁ဝခုနှစ်၊ ဇွန်လ ၄ရက်‌နေ့တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ပါတီ၏ မူဝါဒအရ ဗဟိုအ လုပ်အမှု‌ဆောင်ကို ၅နှစ်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းရန် သတ်မှတ်ထား‌ကြောင်း သိရသည်။