Home လူထုအသံ ပေးစာကဏ္ဍ ဝစ်‌သောက်ကားနဲ့ ကျ‌နော်တို့ ပြည်သူ

ဝစ်‌သောက်ကားနဲ့ ကျ‌နော်တို့ ပြည်သူ

2887

(ကားသမား ကိုဟန်ထွန်းဦး)

ဘလက်ကား(without license car)က အရပ်သားကား‌တွေကိုပဲ အ‌ရေးယူလို့မရဘူး။ ဌာနဆိုင်ရာ ဝန်ထမ်း‌တွေ စီးတယ်ဆို လည်း အဲဒီဝန်ထမ်း‌တွေကို ထိ‌ရောက်စွာ အ‌ရေးယူ။ ပြည်နယ်၊ ပြည်မ မခွဲခြားပဲ တန်းတူညီတူ တိုးတက်‌စေချင်တယ်ဆိုရင် တစ် ချိန်က စစ်‌ဘေးဒဏ်‌တွေ ဖြစ်‌နေတဲ့ ကျ‌နော်တို့ပြည်နယ်‌ဒေသ ဖွံ့ဖြိုးဖို့အတွက် ‌လော‌လောဆယ် ဒီဘလက်ကား‌တွေနဲ့ပဲ ‌ဒေသ တွင်း သွားလာမှု အဆင်‌ပြေမယ်။ ‌ကျေးရွာတရွာနဲ့တရွာ ကျန်းမာ‌ရေးအတွက်ပဲသွားသွား၊ ဖွံ့ဖြိုး‌ရေးအတွက်ပဲသွားသွား ကားနဲ့ဆို အ‌ရောက်မြန်တယ်။ ရွာတစ်ရွာမှာ လိုင်စင်ကားတစ်စီးကို တစ်‌ယောက်ပဲ ပိုင်မယ်ဆိုရင် အဲဒီရွာလမ်းကို သူ မပြင်နိုင်ဘူး။ ဆယ် စီးရှိရင် သွားလာ‌နေတဲ့အတွက် ဝိုင်းပြင်ကြ‌တော့ ‌ကျေးရွာချင်းဆက် ကားလမ်း‌တွေက တစ်‌နေ့ထက်တစ်‌နေ့ အဆင့်မီလာတယ်။ ပြည်နယ်အတွင်း တိုးတက်လာတယ်။ ဒါမှ ပြည်နယ်ပြည်မ တ‌ပြေးညီ ဖွံ့ဖြိုးမယ်။

ကားလိုင်စင်ဆိုတာက ကျ‌နော်တို့ ကရင်ပြည်နယ်ကို‌ပေးလိုက်ရင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တစ်ခြားပြည်နယ်ကလည်း လို ချင်ကြမှာပဲ။ လိုင်စင်စကားကို‌ပြောရင်လည်း တနိုင်ငံလုံး ထိခိုက်နစ်နာမှု ရှိတဲ့အတွက်‌ကြောင့် ကျ‌နော်တို့က ‌ဒေသအတွင်း ပြည် နယ်ဖွံ့ဖြိုးမှုအတွက် သွားလာခွင့်လက်မှတ်ပဲ လိုချင်တယ်။ စည်းကမ်းချက်ထုတ်ပြီး အရပ်သားကားဆို ဘာအ‌ရောင်လဲ။ အဖွဲ့အ စည်းဆိုရင်လည်း ‌ကေအဲန်ယူပိုင်ကားအတွက် ဘာအ‌ရောင် သတ်မှတ်ထားမလဲ‌ပေါ့။ မည်သည့်အသင်းအဖွဲ့မဆို ‌ရွေးချယ်လိမ့် မယ်။ ယာဉ်တိုက်မှုတစ်ခုခု ဖြစ်သွားရင်လည်း ဒါကို တည်ဆဲဥပ‌ဒေအရ အ‌ရေးယူမယ်။
ခုက အဖွဲ့အစည်းကို မဖမ်းဘူး။ ပြည်သူကိုပဲ ဖမ်း‌နေမယ်ဆိုရင် ဒါ‌တွေက ‌ကျောသားရင်သားခွဲခြားသလို ဖြစ်ပြီး ပြည်သူ‌တွေကပဲ ဥပ‌ပေဒကို ဆန့်ကျင်‌နေသလိုလို ဖြစ်တာ‌ပေါ့‌နော်။ အခုဆိုရင်ကြည့် ဘလက်ကား‌တွေကို ဖမ်းတယ်။ ဒီ‌နေ့ပဲ ဌာနဆိုင်ရာကို ပြန် ‌ဝေလိုက်တယ်။ တစ်‌နေ့ကို ကားအစီး‌ပေါင်း ၁၀၀‌ကျော်ကူးတယ်။ ပြည်သူ့လက်ထဲ‌ရောက်‌နေတဲ့ ‌ဒေသတွင်း သွားလာ‌နေတဲ့ ကား‌တွေကိုပဲ ဖမ်းပြီး တရားမဝင် ဝင်‌ပေါက်ကြီးကို မပိတ်ရင် အဲဒါလည်း နိုင်ငံ‌တော်ကို ပုန်ကန်တာပဲ။

ကရင်ပြည်နယ်ထဲက မြဝတီလမ်းမှာဆိုရင် တ‌နေ့ကို အစီး ၃‌ထောင်‌ကျော်ရှိတယ်။ အသွားအပြန် အနည်းဆုံး လိုင်စင်မဲ့ကားက တစ်‌ထောင်‌ကျော်ရှိတယ်။ လိုင်စင်ကားက အစီး ၄ဝပဲရှိ‌တော့ တစ်‌ထောင်‌ကျော်သွား‌နေတဲ့‌နေရာမှာ အစီး ၄ဝနဲ့ ‌ပေး‌ပြေးရင် ခရီး သည်‌တွေအတွက်လည်း ဒုက္ခ‌ရောက်တယ်။ ‌နောက်‌တော့ အနည်းဆုံး အစီး ၇၀၀‌လောက်က ကားသမား‌တွေ အလုပ်လက်မဲ့ ဖြစ်သွားပြီး မှီခို‌နေရတဲ့ မိသားစုဝင်‌တွေ ဒုက္ခ‌ရောက်သွားကြမယ်။ ဒီအချိန်ကျရင် ပိုက်ဆံရလွယ်တဲ့ အလုပ်ကိုပဲရှာရ‌တော့မယ်။ ဒါဆို ပြည်နယ်ထဲမှာ မူးယစ်‌ဆေးဝါး‌တွေ ဒီထက်မက ပိုလုပ်လာနိုင်တယ်။ ဒုစရိုက်လုပ်ငန်း‌တွေ ပိုပြီးများလာနိုင်တယ်။ ကျ‌နော် တို့ပြည်နယ်မှာက သူတို့အလုပ်အကိုင်လည်း မရှာ‌ပေးနိုင်ဘူး။ ကား‌ရောင်းစင်တာ‌တွေ နယ်မှာရှိလည်း ‌ငွေလုံး‌ငွေရင်း ‌ပေးရ တယ်။ သူများတိုင်းပြည်မှာဆိုရင် ပိုင်ဆိုင်တစ်ခုခုပြပြီး‌တော့ ကားကို အ‌ကြွေးစနစ်နဲ့ ‌ဈေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရ တယ်။
ဒါ‌ကြောင့် ကျ‌နော်တို့ ပြည်နယ်ဖွံ့ဖြိုး‌ရေးအတွက်က‌တော့ လိုင်စင်ကားချည်းပဲ သုံးစွဲခြင်းက‌တော့ လုံးဝ မဖြစ်နိုင်‌သေးပါဘူး။ ကျ‌နော်တို့ကို ပြည်နယ်အတွင်း ‌မောင်းနှင်ခွင့်လက်မှတ် ထုတ်‌ပေးလိုက်။ ဒီကား‌တွေ တခြားပြည်နယ်ကိုသွားရင် သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ဥပ‌ဒေနဲ့ အ‌ရေးယူ။ ကျ‌နော်တို့ လက်ခံတယ်။ လက်ရှိ ၂နှစ်တကြိမ် ကျ‌နော်တို့ကို သက်တမ်းတိုး‌ပေးခြင်းအား ဖြင့် ၄နှစ်ပြည့်သွားပြီး ‌နောက် အစိုးရသစ် ထပ်‌ပြောင်းမယ့်အချိန်ကျရင် ဒီဘလက်ကားကို နိုင်ငံ‌တော်ကို ပြန်အပ်ရုံ‌ပေါ့။ ကျ‌နော် တို့က အဲလိုမျိုးလိုချင်တာ။