Home သတင်း ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်‌ပေးရန် ‌ဒေသခံများ သ‌ဘောထား‌ပေး

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်‌ပေးရန် ‌ဒေသခံများ သ‌ဘောထား‌ပေး

2253

ဇွန် ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့နယ် ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန်‌ကျေးရွာအုပ်စုအကြား ‌တောင်က‌လေး‌တောင်၌ မိုင်း‌ဖောက်ခွဲပြီး ဆယ်စုနှစ်‌ကျော်ကြာ ထုတ်လုပ်‌နေသည့် ‌ကျောက်ထုတ်လုပ်ငန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု များရှိသဖြင့် ရပ်တန့်‌ပေး‌စေလို‌ကြောင်း ဇွန် ၂၈ရက်‌နေ့၌ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စု ‌ရွှေဝါထွန်းကွက်သစ် ဘဝအလင်းစာကြည့်တိုက်တွင် ပြုလုပ်သည့် ‌တွေ့ဆုံပွဲတစ်ခုတွင် ‌ဒေသခံများက သ‌ဘော‌ပေးခဲ့ကြသည်။

၎င်း‌ကျောက်ထုတ်လုပ်ငန်း၌ ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်အ‌နောက်ဘက်ခြမ်း တွင် ဦးလူခင် ဆိုသူတို့က လုပ်ကိုင်လျှက်ရှိပြီး လုပ်ငန်းကာလတ‌လျှောက် လယ်‌မြေထိခိုက်မှုအချို့အပါအဝင် ‌ဒေသခံများအကြား သ‌ဘောထားကွဲလွဲခြင်း၊ လူမှု‌ရေးပြဿနာများ အမျိုးမျိုးဖြစ်ပွားခြင်းတို့‌ကြောင့် ရပ်တန့်‌ပေး ရန် ကရင်ပြည်နယ်အစိုးရ လွှတ်‌တော်မှ ‌စောမြထွန်း၊ လူမှုအဖွဲ့အစည်းအချို့နှင့် ‌ဒေသခံများ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက သ‌ဘောထား‌ပေးခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်လွှတ်‌တော် တိုင်းရင်းသား လူမျိုးများအ‌ရေးဆိုင်ရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စောမြထွန်းက “သူတို့(‌ကျောက်ထုတ်လုပ်ငန်းရှင်)‌တွေကို ခွင့်ပြုထား‌ပေးတာက အ‌သေးစား‌ကျောက်လုပ်ဖို့ပဲ။ လုပ်တာက အကြီးစားဆို‌တော့ ရွာသူရွာသား‌တွေကို ထိခိုက်နစ်နာတာ ရှိတယ်။ ဒီ‌တွေ့ဆုံပွဲကို အတီး(ဦး)တို့ လာလုပ်တာကလည်း ရွာသူရွာသား‌တွေရဲ့ အသံကို သိချင်လို့ ဖြစ်ပါတယ်။ အခု သူတို့ဆီက ထွက်လာတဲ့ အသံကို လွှတ်‌တော်မှာ တင်ပြ‌ပေးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ၏ လွှတ်‌တော်တွင် ကတိကဝတ် အာမခံချက် ‌ကော်မတီတစ်ခုနှင့် အသနားခံစာနှင့်တိုင်ကြားစာများ ‌ကော်မတီ နှစ်ခုရှိပြီး ၎င်းအ‌နေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန် ‌ကျေးရွာအုပ်စုတို့၏ ကိုယ်စား အဆိုပါ ‌ကော်မတီများသို့ တင်ပြသွားမည်ဖြစ်သည်ဟု ‌စောမြထွန်းက ဆက်‌ပြောသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ ဖွံ့ဖြိုး‌ရေးနှင့် ရန်ပုံ‌ငွေ လိုလားသူများက လုပ်ငန်းရှင်နှင့်ပူး‌ပေါင်း သူများရှိ‌သော်လည်း ‌ကျောက်မိုင်း‌ဖောက်ခွဲမှုဒဏ်ကို အခံရဆုံးဖြစ်သည့် ‌တောင်ကုန်း‌ကျေးရွာ ‌ဒေသခံများက ကန့်ကွက်ခဲ့ကြသည်ဟုလည်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။
IMG_6052
ယင်း‌ကျောက်ထုတ်လုပ်ငန်းတွင် တစ်‌နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့် ‌နေ့စဉ်ရက်ဆက်လိုလို ‌ကျောက်မိုင်း‌ဖောက်ခွဲ လျှက်ရှိပြီး အ‌ရှေ့ဘက်ခြမ်း ‌ကျောက်မိုင်း‌ဖောက်ခွဲမှုမှာ ပိုမို ပြင်းထန်သည့်အတွက် ‌တောင်ကုန်းရွာအိမ်‌ခြေများ တုန်ခါသည်အထိ ဖြစ်ပွားခဲ့သလို ‌တောင်အ‌နောက်ဘက်ခြမ်းရှိ ဘုန်းကြီး‌ကျောင်းအထိ ‌ကျောက်ခဲတုံးကြီး လွှင့်စင်ထိမှန်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။

‌ကျောက်မိုင်း‌ဖောက်ခွဲမှု‌ကြောင့် သတိလစ်ခဲ့ဖူးသူ ‌တောင်ကုန်း‌ကျေးရွာမှ ‌နော်မိသန်း‌အေးက “မိုင်း‌ဖောက်လို့ ဒီ‌လောက်ကျယ်တဲ့ ‌ပေါက်ကွဲသံက လူကြီး‌တောင် အတိတ်တလန့်ဖြစ်ရင် က‌လေးဆို ခံနိုင်ပါ့မလား‌ပေါ့။ ‌နောက် ထု‌ထောင်းတဲ့ အသံ‌တွေက တ‌နေကုန်ပဲ။ သူတို့ကို သွား‌ပြော‌တော့ အသံ‌လျှော့‌ပေးမယ် ‌ပြောပြီး မ‌လျှော့ပါဘူး။ ကျမက‌တော့ ဒါကို မခံနိုင်‌တော့ဘူး။ ဆက်လည်း မရှိ‌စေချင်‌တော့ပါဘူး”ဟု ‌တွေ့ဆုံပွဲတွင် တင်ပြခဲ့သည်။

ထို့အပြင် ‌ဒေသခံများ၏ သ‌ဘောထားတင်ပြချက်များကို သက်ဆိုင်ရာ အစိုးရဌာနများသို့ အဖြစ်မှန် တင်ပြ‌ပေးနိုင်ရန် ၇ဦးပါဝင်သည့် ညှိနှိုင်း‌ရေးအဖွဲ့တစ်ခုကို ‌တွေ့ဆုံပွဲတွင် ဖွဲ့စည်းခဲ့ပြီး ညှိနှိုင်း‌ရေးမှူးအဖြစ် ‌နော်အဲ့‌ဖောဝါးကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

“လုပ်ငန်းရှင်‌တွေက ဒီ‌ကျောက်လုပ်ငန်းကို လာလုပ်တဲ့အခါ ဘယ်လိုခွင့်ပြုချက်‌တွေ ‌ပေးထားလဲ။ လုပ်ခွင့် ဘယ်အထိလဲ၊ အဲဒါ‌တွေကို ရှင်းရှင်းလင်းလင်း သိရှိရဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းကို အခု ကျမတို့ ညှိနှိုင်း‌ရေးအဖွဲ့က‌နေ ‌မေးမြန်းအ‌ဖြေရှာသွားမယ်ဖြစ်ပြီး‌တော့ ‌ဒေသခံ‌တွေရဲ့ တင်ပြချက်‌တွေကို ဆက်လက် ‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ယင်းအဖွဲ့၏ ညှိနှိုင်း‌ရေးမှူး ‌နော်အဲ့‌ဖောဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၀ဝ ခုနှစ်ဝန်းကျင်မှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ‌တောင်မှာ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဖားအံ-သထုံကားလမ်းမကြီး အ‌နောက်ဘက် ‌တောင်ကုန်း ‌ကျေးရွာအနီးတွင် တည်ရှိသည်။ ‌ကော့ရင်းအထက်‌ကျေးရွာအုပ်စု ‌ရွှေဝါထွန်းကွက်သစ် ဘဝအလင်းစာကြည့် တိုက်တွင် ပြုလုပ်သည့် ‌တွေ့ဆုံပွဲတစ်ခုတွင် ‌ဒေသခံအပါဝင် လူဦး‌ရေ ၆ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်။