Home သတင်း တိုင်းရင်းမီဒီယာများကို ‌ထောက်ပံ့ရန် သန်းရာချီလျာထား‌ကြောင်း အမြဲတမ်းအတွင်းဝန် ဦးတင့်‌ဆွေ‌ပြော

တိုင်းရင်းမီဒီယာများကို ‌ထောက်ပံ့ရန် သန်းရာချီလျာထား‌ကြောင်း အမြဲတမ်းအတွင်းဝန် ဦးတင့်‌ဆွေ‌ပြော

1880

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ထောက်ပံ့‌ပေးရန် လာမည့် အစိုးရဘတ်ဂျက်တွင် ကျပ်‌ငွေ သန်းရာချီလျာထား‌ကြောင်း ပြည်‌ထောင်စုဝန်ကြီးကိုယ်စား အမြဲတန်းအတွင်းဝန် ဦးတင့်‌ဆွေက ရခိုင်ပြည်နယ်၊ ‌မြောက်ဦးမြို့တွင် ‌ဖေ‌ဖော်ဝါရီ ၁၄ မှ ၁၆ ရက်ထိ ကျင်းပ‌နေသည့် စတုတ္ထအကြိမ် တိုင်းရင်း မီဒီယာ ညီလာခံ ပထမ‌နေ ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ သတင်းစာအ‌နေနဲ ့ကျ‌တော့၊ ပုံနှိပ်ရှိတယ်။ အွန်လိုင်းရှိတယ်။ အဲ့ဒါ‌တွေနဲ ့ပတ်သက်လာရင် တကယ်တမ်း‌တော့ ဘယ်လိုမှ အရပ်တည်နိုင်ဘူး။ Non-profit ဆို‌တော့ ရပ်တည်ရန် အရမ်းခက်ခဲတယ်။ အဲ့ဒီ‌တော့ ‌ရှေ့နှစ်ဘတ်ဂျက်မှာ သတင်းစာနဲ ့စာနယ်ဇင်းအတွက် သန်းရာချီလျာထားတာရှိတယ်။ ဒါက ကျ‌နော်‌ဆွေး‌နွေးခဲ့လို ့ လျာထားတာပါ။ သို ့‌သော်လည်းပဲ သူတို ့က ကျ‌နော်တို ့ကို မယုံကြည်တာရှိတယ်။ ဒီဟာ‌တော့ ဆက်‌ဆွေး‌နွေးမယ် ” ဟု‌ပြောသည်။

ထို ့အပြင် တိုင်းရင်းသား မီဒီယာများက ရိုက်ကူးထားသည့် ရုပ်သံအစီအစဉ်များကို အခ‌ကြေး‌ငွေဖြင့် ဝယ်ပြီး မြန်မာ့ အသံတိုင်းရင်းသားရုပ်သံလိုင်း(NRC)၌ ထုတ်လွှင့်ပြသ‌ပေးနိုင်လျှင် တိုင်းရင်းသားမီဒီယာများ ဘက်မှ ရပ်တည်ချက်တခုရှိလာနိုင်‌သော‌ကြောင့် လက်တ‌လောတွင် တိုင်းရင်းသား မီဒီယာများနှင့် ‌ဆွေး‌နွေးထားမှုရှိသည်ဟု အတွင်းဝန် ဦးတင့်‌ဆွေက ဖြည့်ဆွက်‌ပြောသည်။

ယခုကိစ္စအ‌ပေါ် တိုင်းရင်းသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် BNI မှ ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ ဦးခိုင်မြတ်‌ကျော်က “ ပြန်ကြား‌ရေးဝန်ကြီးဌာနက တိုင်းရင်းသားသတင်းမီဒီယာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အစိုးရက‌နေပြီး‌တော့ ကူညီ‌ပေးလိုတယ်။ ‌ငွေ‌ရေး‌ကြေး‌ရေးအပါအဝင် သင်တန်းတို ့၊ အ‌ထောက်အကူပြု ကရိယာတို ့အကူအညီ‌ပေးချင်တာကို ကမ်းလှမ်းထားတာရှိတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို ့က အဲ့ဒါကို ဘယ်‌လောက် ‌နှောင်ကြိုးလွတ်ပြီးအမှီအခို ကင်းသလဲဆိုတာ စဉ်းစား‌နေတယ်။ ကျ‌နော်တို ့က‌တော့ ဒီညီလာခံမှာ တိုင်းရင်းမီဒီယာအားလုံး လက်ခံသင့်မသင့်ဆုံးဖြတ်ရမယ်” ဟု‌ကေအိုင်စီသို ့‌ပြောသည်။

တိုင်းရင်းသားမီဒီယာများဘက်ကလည်း လာမည့်အစိုးရထံမှ အကူအညီရယူခြင်းနှင့်ပတ်သက်ပြီး မူဝါဒ တစ်ခုချမှတ်ထားရန် လိုအပ်လာပြီးဖြစ်သလို အစိုးရထံအကူအညီရယူလျှင် တိုင်းရင်းသားများ၏ပုံရိပ်နှင့် ရပ်တည်ချက်များ‌ပျောက်ကွယ် သွားနိုင်‌သော‌ကြောင့် အကူအညီမယူခင် တိုင်းရင်းသား မီဒီယာအဖွဲ့များမှ ‌သေချာ‌ဆွေး‌နွေးပြီးမှ ဆုံးဖြတ်မည်ဟု ဦးခိုင်မြတ်‌ကျော်က ဆက်‌ပြောသည်။

တိုင်းရင်းသားမီဒီယာအများစုသည် ကိုယ်ပိုင်ရပ်တည်မှုကို လိုလားကြ‌သော်လည်း လက်တ‌လောတွင် နိုင်ငံပိုင်မီဒီယာများမှ ‌ကြော်ငြာခ ‌ဈေးနှုန်းကို ချိုသာစွာ ရယူသည့် အ‌ပေါ် တိုင်းရင်းသားမီဒီယာများ အ‌နေဖြင့် ‌ကြော်ငြာ‌ဈေးကွက်ကိုရှာပြီး ရပ်တည်ရန် အခက်အခဲရှိ‌ကြောင်း ယင်းညီလာခံသို ့တက်‌ရောက်‌နေ သည့် တိုင်းရင်းသတင်းဌာနများမှ တာဝန်ရှိသူများက ညီလာခံသို ့တင်ပြချက်များအရ သိရသည်။

တိုင်းရင်းသားမီဒီယာများမှ တဆင့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ဆီသို ့‌ဆောင်ပုဒ်ဖြင့် ကျင်းပ‌သော ယင်းညီလာခံတွင် တိုင်းရင်းသားမီဒီယာများအ‌ခြေအ‌နေနှင့် စိန်‌ခေါ်မှုများ၊ တိုင်းရင်းသူအမျိုးသမီး သတင်း‌ထောက်များ ကဏ္ဍ၊ အစိုးရသစ်နှင့် လွတ်လပ်စွာ‌ပြောဆိုခွင့် (News Government and Freedom of Expresssion)၊ အသွင်ကူး‌ပြောင်းခြင်းနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ဗဟိုချုပ်ကိုင်မှု‌ဖြေ‌လျော့‌ရေး၊ တိုင်းရင်းမီဒီယာ များဖွံ့ဖြိုး‌ရေး စသည့် ကိစ္စများကို ‌ဆွေး‌နွေးသွားရန် ရှိ‌ကြောင်းသိရသည်။

၎င်းညီလာခံသို ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြား‌ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ စာနယ်ဇင်း‌ကောင်စီ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ တိုင်းရင်းသတင်းဌာနများ၊ ‌ဒေသတွင်း အ‌ခြေစိုက် နိုင်ငံ‌ရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် စုစု‌ပေါင်း ၃၀ဝ ဦးခန့်တက်‌ရောက်‌နေပြီး ယခင်နှစ် တတိယအကြိမ် တိုင်းရင်းသားသတင်းမီဒီယာ ညီလာခံကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပ ခဲ့‌ကြောင်း သိရသည်။