Home သတင်း ‌ကေ‌အေစီ လူထု‌တွေ့ဆုံမှုမှ ကရင်မျိုးနွယ်စု ၇စုရှိဟု ကနဦး ရလဒ်‌ပေါ်ထွက်

‌ကေ‌အေစီ လူထု‌တွေ့ဆုံမှုမှ ကရင်မျိုးနွယ်စု ၇စုရှိဟု ကနဦး ရလဒ်‌ပေါ်ထွက်

2022

ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်မျိုးနွယ်စု အမည်မှန် တရားဝင် ‌ခေါ်ဆိုသုံးစွဲနိုင်‌ရေးအတွက် ရည်ရွယ်ပြီး ကရင်လူမျိုးအများစု ‌နေထိုင်သည့်‌ဒေသများ၌ ကရင့်‌ရေးရာ‌ကော်မတီက ဦး‌ဆောင်ကာ လူထု‌တွေ့ဆုံပွဲများပြုလုပ်ခဲ့ရာတွင် ကရင်မျိုးနွယ် စုကြီး ၇စုရှိသည်ဟု ကနဦးရလဒ် ‌ပေါ်ထွက်လာ‌ကြောင်း ‌ကော်မတီအတွင်း‌ရေးမှူး ‌စော‌ကျော်စွာက ဩဂုတ်လ ၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုမျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး ပထမအဆင့်က ၇စု ရလဒ်ထွက်တယ်လို ့‌ပြောလို့ရတယ်။ အစိုးရ သန်း‌ခေါင်စာရင်း ‌ကောက်တုန်းက မျိုးနွယ်စုသတ်မှတ်‌ပေမဲ့ အခု မပါ‌တော့တာက ကရင်ဆိုတာ မ‌တွေ့‌တော့ဘူး။ မွန်ကရင်စာဖြူ မ‌တွေ့ရဘူး။ က‌လေရှီးက မိုပွာနဲ့ အတူတူပဲလို့ ပြန်‌ပြောတယ်။ ‌နောက်တခါ သ‌လေပွာနဲ့ မိုနီပွာက ပကူးနဲ့အတူတူပဲလို့ ‌ပြောတယ်။ အစိုးရ သန်း‌ခေါင်စာရင်းမှာမပါတဲ့ ဂယ်ဘားက‌တော့ ကရင်ထဲ ပြန်ဝင်လာတယ်”ဟု ‌စော‌ကျော်စွာက ‌ပြောသည်။

အဆိုပါမျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်‌ရေး လူထု‌တွေ့ဆုံပွဲများမှ ကနဦး ထွက်‌ပေါ်လာသည့် ကရင်မျိုးနွယ်စု ၇စုမှာ စ‌ကော၊ ပိုး၊ ဘွဲ၊ မိုပွာ၊ ကရင်ဖြူ၊ ပကူးနှင့် ‌ဂေဘား တို့ဖြစ်သည်ဟု ကရင့်‌ရေးရာ‌ကော်မတီက ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။ လက်ရှိအချိန် တွင် ကရင့်‌ရေးရာ‌ကော်မတီအ‌နေဖြင့် ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး လူထု‌တွေ့ဆုံပွဲများကို ပထမအဆင့် မြို့နယ်၊ ခရိုင်အလိုက် ပြုလုပ်မည်ဖြစ်ကာ ဒုတိယအဆင့်အ‌နေဖြင့် ပြည်နယ်နှင့် တိုင်း‌တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ပြီး တတိယအဆင့်ဖြင့် တနိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

ကရင်လူမျိုးများသည် ‌နေထိုင်ရာ‌ဒေသ၊ ရိုးရာယုံကြည်မှု၊ ဘာသာတရားအရ ကွဲပြားမှုကို အ‌ခြေခံပြီး မျိုးနွယ်စု ကွဲပြားခဲ့‌သော် လည်း အနှစ်ချုပ်ပါက မျိုးနွယ်စု အများအပြားမရှိဟု ကရင့်‌ကြေးမုံမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မန်း‌နောင်မင်း(ထီမန်း) က ‌ကေ အိုင်စီသို့ ယခုလို ‌ပြောသည်။
1
“ဥပမာ လူတစ်‌ယောက်ထဲကို တစ်‌ယောက်တစ်မျိုးစီ လိုက်‌ခေါ်လို့ နာမည်‌တွေ ကွဲကုန်တာမျိုး‌ပေါ့။ ပ‌လေပွာတို့၊ ပ‌လေချီးတို့ ဆို တာ မျိုးနွယ်ခွဲမဟုတ်ဘဲနဲ့ ရွာကို အမှီပြုပြီး‌တော့ ‌ပေါ်လာတာမျိုး။ လယ်ဂယ်တို့၊ တ‌လေခုံးတို့ ဆိုတာလည်းပဲ စ‌ကောမျိုးနွယ်ပဲ။ သူ့ရဲ့ရိုးရာ၊ ဘာသာတရား ယုံကြည်မှု‌ကြောင့် ဝတ်စားဆင်ယင်ပုံ‌လေး ကိုင်လှုပ်လိုက်တာ ကွဲကုန်တာ‌တွေ‌ပေါ့။ အဲဒီလိုနဲ့ မျိုးနွယ် စု‌တွေ အများကြီးကွဲကုန်တာ။ ချုပ်လိုက်ရင် ဘာမှမရှိဘူး”ဟု မန်း‌နောင်မင်း(ထီမန်း)က ‌ပြောသည်။

လက်ရှိတွင် ကရင့်‌ရေးရာ‌ကော်မတီအ‌နေဖြင့် ပထမအဆင့် မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး လူထု‌တွေဆုံပွဲများကို ကရင်ပြည် နယ်တွင် ၁ဝကြိမ်၊ ပဲခူးနှင့် တနသာင်္ရီတိုင်း‌ဒေသကြီးများတွင် ၅ကြိမ်စီ၊ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၃ကြိမ်၊ မွန်ပြည်နယ်တွင် ၄ကြိမ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတွင် ၂ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သကဲ့သို့ ၅ကြိမ်ခန့် ထပ်မံ ပြုလုပ်ရန်ရှိသည်ဟုလည်း ‌ကော်မတီက ဆိုသည်။

အစိုးရက ပြီးခဲ့သည့် ၂၀၁၄ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ကရင်မျိုးနွယ်စု ၁၁စု သတ်မှတ်‌ကောက်ယူခဲ့ခြင်းအ‌ပေါ် မှား ယွင်းသည်ဟု ‌ဝေဖန်မှုများရှိ‌နေသလို လက်ရှိအချိန်ထိ တိုင်းရင်းသားမျိုးနွယ်စုများ၏ သန်း‌ခေါင်စာရင်းရလဒ်ကို အစိုးရအ‌နေဖြင့် ထုတ်ပြန်နိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။