Home သတင်း ‌ကော့ကရိတ်-မြဝတီလမ်းသစ်တွင် ‌ရေ‌ဘေးသင့်သူများအတွက် အလှူ‌ငွေ ‌ကောက်ခံ

‌ကော့ကရိတ်-မြဝတီလမ်းသစ်တွင် ‌ရေ‌ဘေးသင့်သူများအတွက် အလှူ‌ငွေ ‌ကောက်ခံ

1754

(‌ကော့ကရိတ်-မြဝတီ အာရှလမ်း‌ပေါ်တွင် ‌ရေ‌ဘေးအလှူ‌ငွေ ‌ကောက်ခံ‌နေကြသူများ)

ဩဂုတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ‌ရေ‌ဘေးသင့်ပြည်သူများကို အကူအညီ‌ပေးရန် မြဝတီမြို့ရှိ လူမှုကယ်ဆယ်‌ရေးအဖွဲ့၊ နယ်ခြား‌စောင့် တပ်နှင့် နယ်‌မြေခံ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)တို့ ပူး‌ပေါင်းကာ ‌ကော့ကရိတ်-မြဝတီအ‌ဝေး‌ပြေး လမ်းမသစ်တ‌နေရာတွင် ဩဂုတ်လ ၄ရက်‌နေ့မှစ၍ နံနက် ၆နာရီမှ ည‌နေ ၆နာရီအထိ အလှူ‌ငွေများ ‌ကောက်ခံလျှက်ရှိသည်။

အလှူ‌ငွေ‌ကောက်ခံမှု ဦး‌ဆောင်သူ မြဝတီမြို့ လူမှုကယ်ဆယ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်းက “ကျ‌နော်တို့နိုင်ငံမှာ ဖြစ်‌ပေါ်‌နေတဲ့ ‌ရေ ‌ဘေးတစ်နိုင်ငံလုံးမှာ ဖြစ်‌နေတယ်။ ‌ရေ‌ဘေးသင့် ပြည်သူများကို လှူဒါန်းဖို့ ‌ကောက်ခံတာဖြစ်တယ်။ ရလာတဲ့အလှူ‌ငွေ‌တွေကို တကယ့်ဒုက္ခဖြစ်တဲ့‌နေရာ‌ပေါ့။ ရခိုင်တို့‌အောက်ဘက်မှာ ‌တော်‌တော်ဖြစ်‌နေကြတာ‌ပေါ့။ ဒါက တဖက်တလမ်းက‌နေ အ‌ထောက် အကူဖြစ်တဲ့သ‌ဘောပါပဲ”ဟု ‌ပြောသည်။

၎င်းရရှိလာသည့် အလှူ‌ငွေများကို မြဝတီမြို့၊ လူမှုကယ်ဆယ်‌ရေးအဖွဲ့က လက်ခံရယူကာ ‌ငွေပမာဏကို ‌နေ့စဉ် ထုတ်ပြန်‌ကြေ ညာသွားမည်ဖြစ်သလို ‌ရေ‌ဘေးဒုက္ခသည်များ အကူအညီ မလိုအပ်‌တော့သည်အထိ အလှူ‌ငွေများ ‌ကောက်ခံသွားရန် စီစဉ်ထား သည်ဟု သူက ဆက်‌ပြောသည်။ ထို့အပြင် အလှူ‌ငွေများ ‌ကောက်ခံရာတွင် ခရီးသွားပြည်သူများက ‌စေတနာအ‌လျောက်သာ အလှူ‌ငွေများ ထည့်ဝင်နိုင်ပြီး အလှူ‌ငွေ ထည့်ဝင်ခဲ့ကြသူများ၏ ကား၊ ဆိုင်ကယ်နံပါတ်များကိုလည်း မြဝတီမြို့ လူမှုကယ်ဆယ် ‌ရေးအဖွဲ့က မှတ်တမ်းတင်ထားသည်။

(‌ကော့ကရိတ်-မြဝတီ အာရှလမ်း‌ပေါ်တွင် ‌ရေ‌ဘေးအလှူ‌ငွေ ‌ကောက်ခံ‌နေကြသူများ)

(‌ကော့ကရိတ်-မြဝတီ အာရှလမ်း‌ပေါ်တွင် ‌ရေ‌ဘေးအလှူ‌ငွေ ‌ကောက်ခံ‌နေကြသူများ)


ကားသမားတစ်ဦးဖြစ်သူ ကိုဝဏ္ဏ‌အောင်က “အခက်အခဲဖြစ်‌နေတဲ့ လူ‌တွေကို ‌စေတနာအရင်းခံနဲ့ ‌မောင်နှမအရင်းတိုင်း ‌ပေးကမ်း နဲ့သ‌ဘောပါပဲ။ လူကိုယ်တိုင် သွား‌ရောက်ပြီး‌တော့လည်း အကူအညီ‌ပေးချင်တယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် ကျ‌နော်တို့က ‌ဝေးတယ်ဆို ‌တော့ ‌ငွေ‌ကြေးနိုင်သ‌လောက်ပဲ ‌ထောက်ပံ့‌ပေးတာ‌ပေါ့״ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ကိုယ်‌ရေးအရာရှိ ဗိုလ်မှူးနိုင်‌မောင်‌ဇော်ကလည်း “ကျ‌နော်တို့ ရရှိ တဲ့ ‌ငွေ‌ကြေးကို တစ်ပြားတစ်ချပ်မှ လုံးဝ အထိခိုက်မခံဘဲနဲ့ ‌ရေ‌ဘေးသင့်ပြည်သူ‌တွေကို အ‌ရောက်ပို့မှာပါ။״ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လကတည်းကစ၍ မြန်မာနိုင်ငံတဝှမ်းလုံး မိုးသည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ပြည်နယ်နှင့် တိုင်းအချို့တွင် ‌ရေကြီး‌ရေလျှံမှုများ ဖြစ်ပွားမှု‌ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီးနှင့် မ‌ကွေးတိုင်း‌ဒေသကြီးတို့တွင် သဘာဝ‌ဘေးဒဏ် ကျ‌ရောက်‌သော‌ဒေသများအဖြစ် ဇူလိုင်လ ၃၁ရက်‌နေ့တွင် အစိုးရက ထုတ်ပြန်‌ကြေညာခဲ့သည်။

‌ရေကြီး‌ရေလျှံမှု‌ကြောင့် ဒုက္ခ‌ရောက်‌နေသည့် ‌ရေ‌ဘေးသင့်ပြည်သူများကို အကူအညီ‌ပေးရန် အနုပညာရှင်များ၊ နိုင်ငံ‌ရေးပါတီ များ၊ နိုင်ငံ‌ရေးလှုပ်ရှားသူများ၊ ပရဟိတအဖွဲ့များနှင့် အလွှာ‌ပေါင်းစုံပြည်သူများက အလှူ‌ငွေများ ‌ကောက်ခံလျှက်ရှိသလို ထိုင်း နိုင်ငံ‌ရောက် မြန်မာလူမှုအဖွဲ့အစည်းများကလည်း အလှူ‌ငွေများ လိုက်လံ‌ကောက်ခံလျှက်ရှိသည်။