Home သတင်း အဖမ်းခံရသည့် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပြန်လွှတ်လာ‌တော့မည်ဟု ဒီ‌ကေဘီ‌အေ ‌ပြောဆို

အဖမ်းခံရသည့် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပြန်လွှတ်လာ‌တော့မည်ဟု ဒီ‌ကေဘီ‌အေ ‌ပြောဆို

1342

ဇူလိုင် ၁၄ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မြန်မာအစိုးရက ဇူလိုင်လ ၁၂ရက်‌နေ့တွင် ဖမ်းဆီးထားခဲ့သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ‌ကော့က ရိတ်မြို့၊ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောသရဲနီနှင့် ၎င်း၏တပ်ဖွဲ့ဝင်တစ်ဦး ပြန်လွတ်‌မြောက်‌ရေး ညှိနှိုင်းမှုမှာ ‌ပြေလည်သွားပြီ ဖြစ်၍ ယ‌နေ့ည‌နေတွင် လွွှတ်‌မြောက်လာမည်ဟု ဒီ‌ကေဘီ‌အေ မြဝတီဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်ကြီး‌စောစိုးမြင့်က ‌ပြောသည်။

ဗိုလ်ကြီး‌စောစိုးမြင့်က “(လွှတ်‌ပေးဖို့)ကြားသိရတယ်‌ပေါ့‌နော်။ ဒီမနက် နယ်လုံဝန်ကြီးကို ကျ‌နော်ဖုန်းဆက်တယ်။ သူတို့ဘက်က ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ဝန်ကြီးဦး‌အောင်မင်းတို့၊ ဘာတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ အကုန်လုံး ‌ဆောင်ရွက်‌ပေးတယ်။ ဘာမှမဖြစ်ဘူးလို့လည်း သူတို့ ‌ပြော‌နေပါတယ်ခင်ဗျ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူး‌စောသရဲနီနှင့် ၎င်း၏အဖွဲ့ဝင်တစ်ဦးသည် ရန်ကုန်မြို့၌ ‌ဆေးကုသမှုခံယူ‌နေရသည့် ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်အတွက် ‌ဆေးကုသစရိတ်သွား‌ရောက်‌ပေးပို့ရန် ဇူလိုင်လ ၁၂ရက်‌နေ့က ‌ကော့ကရိတ်မှ ထွက်ခွာပြီး မွန်းလွဲပိုင်း တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး‌နောက် စစ်တပ်လက်ထဲသို့ လွှဲ‌ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

‌လော‌လောဆယ်တွင် ဗိုလ်မှူး‌စောသရဲနီနှင့် အဖွဲ့ဝင်တို့ကို အစိုးရစစ်တပ်က ထိန်းသိမ်းထားဆဲဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ထိုအ‌ခြေအ‌နေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ‌ကေအိုင်စီက ကရင်ပြည်နယ်၊ နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်ထံ ဆက်သွယ်‌သော်လည်း ၎င်းမှာ အစည်းအ‌ဝေးတက်‌ရောက်‌နေ‌ကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည် ‌ဖြေကြား ခဲ့သည်။

‌ကော့ကရိတ်-မြဝတီကို ဆက်သွယ်ထားသည့် အာရှလမ်းမ‌ပေါ်တွင် ဇူလိုင်လ ၂ရက်‌နေ့က အစိုးရနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှ စတင်ကာ အစိုးရဘက်က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်‌ဆောင်လာခြင်းဖြစ် သည်။

တစ်ဆက်တည်းတွင် ယ‌နေ့ ဇူလိုင်လ ၁၄ရက်‌နေ့ နံနက် ၁၁နာရီတွင်လည်း ‌ကော့ကရိတ်မြို့နယ်က ရွာသစ်ကုန်းရွာအထက် မြို့ ‌ဟောင်းရွာဘက်တွင် ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ်မ‌တော်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်‌ကြောင်း ‌ဒေသခံများ ၏ ‌ပြောပြချက်အရ သိရသည်။