Home သတင်း မဲ‌ပေးမှုစနစ် လူထုထံပညာ‌ပေးရန် ကရင်အရပ်ဖက်လူမှုအဖွဲ့များ အလုပ်ရုံ‌ဆွေး‌နွေးမှုပြုလုပ်

မဲ‌ပေးမှုစနစ် လူထုထံပညာ‌ပေးရန် ကရင်အရပ်ဖက်လူမှုအဖွဲ့များ အလုပ်ရုံ‌ဆွေး‌နွေးမှုပြုလုပ်

1311

ဇူလိုင် ၁၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ လူထုအား လာမည့် ‌ရွေး‌ကောက်ပွဲအတွက် ပြန်လည်အသိပညာ‌ပေးနိုင်‌ရေး ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်း များအ‌နေဖြင့် သိရှိနားလည်နိုင်ရန် ‌ရွေး‌ကောက်ပွဲဆိုင်ရာ မဲ‌ပေးမှုစနစ် ပညာ‌ပေး‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဖားအံမြို့၌ ဇူလိုင်လ ၉ရက်‌နေ့နှင့် ၁ဝရက်‌နေ့များတွင် ငြိမ်းလူမှုအဖွဲ့က ပြုလုပ်ခဲ့သည်။

‌ရွေး‌ကောက်ပွဲ အကြိုမဲစာရင်းအရ ကရင်ပြည်နယ်ရှိ ‌ဒေသခံလူထုများမှာ လာမည့်‌ရွေး‌ကောက်ပွဲကို စိတ်ဝင်စားမှု အလွန်အား နည်းသည့်အ‌ပေါ် စိတ်ပါဝင်စားလာ‌စေရန်အတွက် ‌ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းကို ဦးစွာ ‌ရွေး‌ကောက်ပွဲ အသိပညာ‌ပေးမှု ပြုလုပ်‌ပေးရခြင်းဖြစ်သည်ဟု ဦး‌ဆောင်ပါဝင်သူ ငြိမ်းလူမှုအဖွဲ့မှ ‌စောစိန်‌ထွေးက ‌ပြောသည်။

“ကျ‌နော်တို့ ကရင်ပြည်နယ်မှာ‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး လူထု‌တွေ စိတ်ဝင်စားမှုရရှိ‌အောင် ကရင်ပြည်နယ်ကို လွှမ်းခြုံ နိုင်မယ့် လှှုံ့‌ဆော်‌ပေးတဲ့အဖွဲ့‌တွေ နည်းတဲ့အတွက်‌ကြောင့် တတ်နိုင်သ‌လောက်‌တော့ ‌ဒေသလူမှုအဖွဲ့‌တွေကို အရင်သင်တန်း‌ပေး တယ်။ ပြီးမှ သူတို့‌တွေကတစ်ဆင့် လူထု‌တွေကို အသိပညာ‌ပေး ပြန်လုပ်‌ပေးမှာဖြစ်တယ်”ဟု ၎င်းက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်ပြီး မြို့‌ပေါ်‌နေပြည်သူများပင်လျှင် စိတ်ဝင်စားမှု အနည်းငယ်သာရှိပြီး ကျန်သည့် စစ်ဖြစ်ပွားရာ‌ဒေသနှင့် ‌ကျေးလက်‌နေပြည်သူများမှာ စိတ်ဝင်စားသူ အလွန်အားနည်း‌နေ‌သေး‌ကြောင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် ‌ဒေသလူမှုအဖွဲ့များက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ‌စောထူးထူးအဲ့က “အရင် ၂၀၁၀‌ရွေး‌ကောက်ပွဲနှစ်တုန်းကဆို လူထု‌တွေက မဲ‌ပေးရမယ်။ သူတို့က ဘာ‌ပေးရမလဲ။ ဘယ်သူ့ကို‌ပေးရမလဲ။ သူတို့ ဘယ်ပါတီကိုကြိုက်လဲ‌တောင် မသိကြဘူး။ တစ်ချို့ဆို သူတို့အုပ်ချုပ်‌ရေးမှူးပဲ သူတို့ကိုယ်စား ထည့်‌ပေးလိုက်တယ်။ ဒီတစ်ကြိမ်‌ရွေး‌ကောက်ပွဲမှာ အဲလိုမဖြစ်‌အောင် ကျ‌နော်တို့ဘက်က သူတို့ကူညီချင်လို့ ဒီလိုသင်တန်းတက်တာ။ ပြီးရင်လည်း ရတဲ့ဗဟုသုတနဲ့ သူတို့ကို တစ်ဆင့် ပြန်ချပြ‌ပေးမှာပါ”ဟု ဆိုသည်။

ယင်းသို့ မဲ‌ပေးရာတွင် ‌ကျေးလက်‌နေလူထုများ စိတ်ဝင်စားမှုရရှိလာ‌အောင် လူထုအသိပညာ‌ပေး လှုပ်ရှားမှုများ လုပ်‌ဆောင်နိုင် လျှင် UNDP အဖွဲ့ကလည်း တတ်နိုင်သ‌လောက် ‌ထောက်ပံ့‌ပေးသွားမည်ဟု UNDP အဖွဲ့၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဧရိ ယာညှိနှှိုင်း‌ရေးမှုး ‌ဒေါ်နီနီလွင်က ထုတ်‌ဖော်‌ပြောဆိုသည်။

ထိုအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် သံ‌တောင်မြို့နယ်များမှ ‌ဒေသခံလူမှုအဖွဲ့များ တက်‌ရောက်ခဲ့ကြ‌သော်လည်း ဖာပွန်မြို့နယ်မှာ လမ်းခရီးအခက်အခဲနှင့် မြဝတီမြို့နယ်မှာလည်း စစ်‌ရေး မတည်ငြိမ်သည့်အတွက် တက်‌ရောက်နိုင်ခြင်း မရှိ‌ကြောင်း သိရသည်။