Home သတင်း NCCT နှင့် UPWC ‌ဆွေး‌နွေးပွဲသို ့တက်‌ရောက် ခွင့်မရ‌သော်လည်း ငြိမ်းချမ်း‌ရေးအတွက် ဆက်လုပ်မည်ဟု လူငယ်များ‌ပြောဆို

NCCT နှင့် UPWC ‌ဆွေး‌နွေးပွဲသို ့တက်‌ရောက် ခွင့်မရ‌သော်လည်း ငြိမ်းချမ်း‌ရေးအတွက် ဆက်လုပ်မည်ဟု လူငယ်များ‌ပြောဆို

1662

မတ်လ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT)နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ (UPWC) တို ့မတ်လ ၁၇ ရက်‌နေ ့တွင်စမည့် ၇ ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်‌လေ့လာခွင့်မရ‌သော်လည်း ငြိမ်းချမ်း‌ရေး အတွက် ကျရာအခန်းကဏ္ဍမှ ဆက်လုပ်မည်ဟု လူငယ်များက ‌ကေအိုင်စီသို ့ မတ်လ ၁၆ ရက်တွင် ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လိုင်ဇာငြိမ်းချမ်း‌ရေးလမ်း‌လျှေက်အဖွဲ့မှ ကို‌အောင်မင်းနိုင်က “ ကျ‌နော်တို ့အခု တနိုင်ငံလုံးအပစ်ရပ် စာချုပ်‌ဆွေး‌နွေးပွဲကို တက်‌ရောက်‌လေ့လာဖို ့အတွက် ဆိုင်ရာအဖွဲ့‌တွေကို ချိတ်ဆက် ခဲ့‌ပေမဲ့ လတ်တ‌လောအ‌ခြေအ‌နေအရ တက်‌ရောက်ခွင့်မရခဲ့ဘူး၊ တက်‌ရောက်ခွင့်ရမယ်ဆိုရင်‌တော့ ဘာ‌တွေ နာလည်းမှုမရဖြစ်‌နေတာလဲ ဘာ‌တွေခက်ခဲ‌နေလည်း ဆိုတာ ‌လေ့လာနိုင်မှာ‌ပေါ့၊ အခုမရ ‌ပေမဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေကို ကျ‌နော်တို ့ဆက်လုပ်သွားမယ် ” ဟု‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်‌နေ ့တွင် ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ (MPC)၌ UPWC မှ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့် လူငယ် အဖွဲ့အစည်း ၄၂ ဖွဲ့တို့ ‌တွေ့ဆုံစဉ် လူငယ်များက အပစ်ရပ် ‌ဆွေး‌နွေးပွဲတွင် ကိုယ်စားလှယ် ၂ ဦးတက်‌ရောက်‌လေ့လာခွင့်ပြုရန် ‌တောင်းဆိုခဲ့ သည့်အ‌ပေါ် ဝန်ကြီးက ညှိနှိုင်း စီစဉ်‌ပေးမည်ဟု ပြန်လည်‌ပြောဆို ထား‌ကြောင်း ယင်း‌တွေ့ဆုံပွဲ တက်‌ရောက် ခဲ့သည့် လူငယ်များက‌ပြောသည်။

ထို ့‌ကြောင့် ‌ဖေ‌ဖော်ဝါရီ လအတွင်း လူငယ်အဖွဲ့အစည်းများစု‌ပေါင်းကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်လူငယ်များ ပူး‌ပေါင်း ပါဝင်‌ရေး (Youth Participation for Peace Process ) ယာယီ‌ကော်မတီကို ဖွဲ့စည်းကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ် တွင် ထဲထဲဝင်ဝင် နာလည်း စိတ်ဝင်စားသူ၊ အစိုးရမှ ကမကထပြုဖွဲ့စည်း‌ပေးသည့် အဖွဲ့အစည်းမဟုတ်သူများ မှ အများမဲဆန္ဒဖြင့် ရန်ကုန်လိုင်ဇာ ငြိမ်းချမ်း‌ရေးလမ်း‌လျှောက်အဖွဲ့မှ ကိုရန်နိုင်ထွန်း နှင့် မြန်မာပြည် လူငယ် များဆုံချက် အဖွဲ့ တည်‌ထောင်သူ ကိုစည်သူ‌မောင်တို ့ အပစ်ရပ်‌ဆွေး‌နွေးပွဲ တက်‌ရောက်ရန် ‌ရွေးချယ်ခဲ့သည် ဟု ‌ကော်မတီက ‌ပြောသည်။

ထို် ့အပြင် ‌ကော်မတီက မတ်လ ၁၅ ရက်‌နေ ့တွင် NCCT နှင့် UPWC ထံ ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခွင့်‌ပေးရန် ‌တောင်းဆိုခဲ့ ‌သော်လည်း လက်ရှိ‌ဆွေး‌နွေးပွဲသို ့တက်‌ရောက်ရန် အမျိုးသမီး၊ လယ်သမားစသည့် လူမှုအဖွဲ့ အစည်း အများအပြား‌တောင်းဆိုထားသည့် အတွက် လူမှုအဖွဲ့အစည်းများကို လက်ရှိတွင် တက်‌ရောက်ခွင့် မပြုနိုင်‌သေး‌ကြောင်း မတ်လ ၁၆ ရက်‌နေ ့ည‌နေပိုင်းတွင် ယာယီ‌ကော်မတီထံ အ‌ကြောင်းပြန်လာသည်ဟု ယင်း‌ကော်မတီ ပြန်ကြား‌ရေး တာဝန်ခံလည်းဖြစ်သူ ကို‌အောင်မင်းနိုင်က ဆက်‌ပြောသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ရန် အ‌ရွေးခံရသူ ကိုစည်သူ‌မောင်က “ သူတို ့မှာလည်း အကျပ်အတည်းရှိတယ်၊ ဝင် ‌ရောက်‌လေ့လာခွင့်ရခြင်းမရခြင်းထက် အပြင်မှာလည်း လုပ်စရာ‌တွေ အများကြီးကျန်‌သေးတယ်၊ ငြိမ်းချမ်း ‌ရေးကို အ‌ထောက်အပံ့ဖြစ်‌စေမဲ့ လူငယ်‌တွေလုပ်နိုင်တဲ့ အခန်းကဏ္ဍက‌နေ တတ်စွမ်းသ‌လောက် ဆက်လုပ် မယ် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ‌တော့ ပုံစံတစ်မျိုးနဲ့ ပါဝင်နိုင်‌အောင် တစ်နိုင်ငံလုံးလူငယ်အဖွဲ့ အစည်း‌တွေနဲ ့ ချိတ်ဆက်ပြီး ကြိုတင်ပြင်ဆင်မှု‌တွေ အများကြီးဆက်လုပ်မယ် ” ဟု‌ပြောသည်။

NCCT နှင့် UPWC တို ့တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်‌ရေးအတွက် ၇ ကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး ‌နွေးပွဲကို မတ်လ ၁၇ ရက်မှ ၂၁ ရက်‌နေ ့ထိ ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင် ‌ရေးဗဟိုဌာန၌ ပြုလုပ်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။