Home သတင်း ‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးအခွင့်အ‌ရေး ကရင်ပြည်နယ်အစိုးရနှင့် BMWEC သွား‌ရောက်‌ဆွေး‌နွေး

‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးအခွင့်အ‌ရေး ကရင်ပြည်နယ်အစိုးရနှင့် BMWEC သွား‌ရောက်‌ဆွေး‌နွေး

1546

ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားက‌လေးများ၏ ပညာ‌ရေးရပိုင်ခွင့် အခွင့်အ‌ရေးရရှိ‌ရေးအတွက် ရည်ရွယ်၍ ထိုင်း-မြန်မာ အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများပညာ‌ရေး‌ကော်မတီ (BMWEC)သည် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဇန်နဝါရီ ၂ဝရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၊ ပြည်နယ်အစိုးရရုံးတွင် သွား‌ရောက်‌တွေ့ဆုံခဲ့ကြသည်။

ထိုသွား‌ရောက်‌တွေ့ဆုံမှုတွင် ဦး‌ဆောင်ခဲ့သူ BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက “ကျမတို့ ကရင်ပြည်နယ် အစိုးရနဲ့ လာ‌ရောက်‌တွေ့ဆုံတာက ကရင်ပြည်နယ်အစိုးရဌာန က‌နေတဆင့် နိုင်ငံ‌တော်အစိုးရက‌နေ ပြီး‌တော့ ကျမတို့ရဲ့‌ရွှေ့‌ပြောင်းက‌လေး‌တွေကို တက္ကသိုလ် တက်နိုင်မယ့် အခွင့်အ‌ရေးနဲ့ ဒီက‌လေး‌တွေရဲ့ ရပိုင်ခွင့် အခွင့်အ‌ရေး‌တွေကို လာ‌ရောက်ပြီး‌တော့ ‌ဆွေး‌နွေးတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့ ၂၀၁၂ခုနှစ် အပစ်အခတ်ရပ်စဲ‌ရေး ‌နောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ၌ နိုင်ငံတကာမှ ကူညီ‌ပေး‌နေသည့် အဖွဲ့များ ‌လျော့နည်းသွား‌ကြောင်း ပြည်နယ်အစိုးရကို တင်ပြပြီး လာမည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း ‌ကျောင်းသူ ‌ကျောင်းသားများကို သင်ကြား‌နေသည့် ဆရာဆရာမများကို လစာ‌ထောက်ပံ့‌ပေးရန် ‌တောင်းဆိုထားသည် ဟုလည်း ‌နော်‌ဖော‌ရေက ဆက်‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံရာတွင် BMWEC ဘက်မှ ဥက္ကဌ ‌နော်‌ဖော‌ရေ၊ အတွင်း‌ရေးမှူး ‌နော်ဆာအယ် အပါအဝင် ‌စော‌ဂေ‌နေမူး၊ ‌စောဖိုး‌စေး‌စေး၊ ကို‌ဇော်သူရနှင့် ကရင်ပြည်နယ်အစိုးရဘက်မှ ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာဝန်ကြီး ဦး‌အောင်လွင်၊ ပြည်နယ်ပညာ‌ရေးမှူး ဦး‌အောင်‌မောင်တို့ ပါဝင်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ပညာ‌ရေးမှူး ဦး‌အောင်‌မောင်က “မ‌နေ့က‌တော့ ဗလာစာအုပ် ဒါဇင် ၅၀ဝနဲ့ ‌ငွေ‌ကြေး ‌ထောက်ပံ့မှုရှိခဲ့တယ်။ ဝန်ကြီးချုပ် ဦး‌ဇော်မင်းက‌တော့ ‌ကျောင်းဆရာ ဆရာမ‌တွေကို လာမယ့် နှစ်မှာ ကူညီဖို့ ‌ပြောထားတယ်။ ၁ဝတန်း‌ဖြေမယ့် က‌လေး‌တွေလည်း ဝန်ကြီးချုပ်က ကူညီ‌ပေးသွားမယ်။ ကျန်တာလည်း ဝန်ကြီးချုပ်က လိုအပ်ချက်‌တွေကို ဝိုင်းဝန်းဖြည့်ဆည်း‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ မှ ၂၀၁၄ခုနှစ်အထိ ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ ‌ဖြေဆို‌အောင်မြင်ပြီး တက္ကသိုလ်သို့ တက်‌ရောက်နိုင်ခဲ့သည့် ပထမနှစ်နှင့် ဒုတိယနှစ် ‌ကျောင်းသူ ‌ကျောင်းသားများကို ရန်ကုန်အ‌ခြေစိုက် ဆရာ‌တော်‌ဒေါက်တာအရှင် ‌ဆေကိန္ဒမှ ‌ထောက်ပံ့ထား‌ကြောင်း BMWEC က ဆိုသည်။

ထိုင်း-မြန်မာအ‌ခြေစိုက် ‌ရွှေ့‌ပြောင်း‌ကျောင်းများ ‌ရှေ့ဆက်ဖွင့်နိုင်ရန် ယခု ဇန်နဝါရီလ ၁၈၊ ၁၉ရက်‌နေ့က ရန်ကုန်မြို့တွင် အလှူရှင်များဖြစ်သည့် ဆရာ‌တော်‌ဒေါက်တာ အရှင် ‌ဆေကိန္ဒ၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် ပညာ‌ရေးကွန်ယက်၊ မြန်မာအမျိုးသမီး အလုပ်အကိုင်အခွင့်အ‌ရေး တိုးတက်‌ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွား‌ရေးစွမ်း‌ဆောင်ရှင်များအသင်းတို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟုလည်း BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက ဖြည့်စွက်‌ပြောဆိုသည်။

ထိုင်း-မြန်မာအ‌ခြေစိုက် BMWEC ကို ၂၀၀၁ ခုနှစ်က စတင်တည်‌ထောင်ကာ ယမန်နှစ်အထိ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ် (၄)မြို့နယ်တွင် ‌ကျောင်း‌ပေါင်း ၇ဝ ‌ကျော်ပြီး စုစု‌ပေါင်း‌ကျောင်းသားဦး‌ရေ ၁၅,၀၀ဝ ‌ကျော် ပညာသင်ကြားခဲ့သည်။ ယခုနှစ်အတွက် နယ်စပ်ရှိ ‌ရွှေ့‌ပြောင်း‌ကျောင်းများကို အကူအညီ‌ပေး‌နေ သည့် အဖွဲ့များ ‌လျော့နည်းသွား‌သော‌ကြောင့် ‌ကျောင်း ၁၀‌ကျောင်း ပိတ်ခဲ့ရကာ လက်ရှိ ‌ကျောင်းသားဦး‌ရေ ၁၃,၀၀ဝ သာ ရှိ‌တော့သည်ဟု မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ဆောင်ရွက်သူများက ‌ပြောသည်။