Home သတင်း ကရင်ရဟန်းပျိုများအသင်း(ဧရာဝတီတိုင်း‌ဒေသကြီး)ကို တိုးချဲ့ဖွဲ့စည်းသွားမည်

ကရင်ရဟန်းပျိုများအသင်း(ဧရာဝတီတိုင်း‌ဒေသကြီး)ကို တိုးချဲ့ဖွဲ့စည်းသွားမည်

2076

ဇူလိုင် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်ရဟန်းပျိုများအသင်း (ဧရာဝတီတိုင်း‌ဒေသကြီး)က ၎င်းတို့၏အသင်း ပိုမိုခိုင်မာမှု ရှိ‌စေ‌ရေးအတွက် လာမည့် ‌အောက်တို ဘာလ၌ တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အသင်းဥက္ကဌဖြစ်သူ နိုင်ငံ‌တော် ပရိယတ္တိသာသနာ့ တက္ကသိုလ် တက်‌ရောက်‌နေသည့် ဆရာ ‌တော် ဦးဝိစိတ္တက ဇူလိုင် ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“လာမယ့် ပွင့်လင်းရာသီမှာ အသင်းပိုမိုခိုင်မှာ‌အောင် ရဟန်းပျို‌တွေအပြင် ဧရာဝတီတိုင်းထဲက အထင်ကရ ဆရာ‌တော်ကြီး‌တွေ ပါဝင်လာ‌အောင် တိုးချဲ့ဖွဲ့မယ်။ ဘယ်နှစ်ပါးအထိ တိုးချဲ့ဖွဲ့မယ်‌တော့ ‌ပြောလို့မရ‌သေးပါဘူး။ အခု အချိန်နဲ့ ‌နေရာကို‌တော့ ပြန်စီစဉ် အုံးမယ်။ ဆရာ‌တော်ကြီး‌တွေ ပါလာရင် အမျိုးသား‌ရေးလုပ်တဲ့‌နေရာမှာ ပိုပြီး အား‌ကောင်းလာမယ်”ဟု ဦးဝိစိတ္တက ဖြည့်စွက် မိန့် ကြားသည်။

အဆိုပါအသင်းအ‌နေဖြင့် လာမည့်ပွင့်လင်းရာသီတွင် ဧရာတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်‌ကျေးရွာများ၌ ကရင်စာ‌ပေ သင် ကြားခြင်း၊ ကရင်လူမျိုးများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ ‌ဟော‌ပြောပွဲများ ပြုလုပ်သွားရန် အစီအစဉ်ရှိ‌ကြောင်း သိရသည်။

ကရင်ရဟန်းပျိုများအသင်း(ဧရာဝတီတိုင်း‌ဒေသကြီး)ကို တိုးချဲ့မည့်ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကရင်ရဟန်း‌တော်များ အသင်း ဥက္ကဌ ဖားအံမြို့၊ သု‌မေဓါရာမ ကြား‌တောရ‌ကျောင်းတိုက် ဆရာ‌တော် အရှင်စန္ဒာဝရက “အခုလို အသင်း ‌ပေါ်‌ပေါက်လာ တာ ကြိုဆိုတယ်။ သံဃာ‌တော်များအ‌နေနဲ့ သာသနာ‌တော်ပြန့်ပွား‌ရေးကို လုပ်‌ဆောင်‌နေသလို ဒကာ၊ ဒကာမ‌တွေရဲ့ အ‌ရေးကိစ္စ ကို တဖက်တလမ်းက‌နေ ကူညီ‌ဆောင်ရွက်ခွင့်ရတယ်။ ‌နောက်ပြီး အမျိုးသား‌ရေးလုပ်ငန်းစဉ်မှာ ပါဝင်ပူး‌ပေါင်းလုပ်‌ဆောင်သွား မှာပါ”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

စာ‌ပေယဉ်‌ကျေးမှုနှင့် အမျိုးသား‌ရေးကို ကဏ္ဍတစ်ခုအ‌နေဖြင့် ပါဝင်လုပ်‌ဆောင်ရန် ရည်ရွယ်၍ ကရင်ရဟန်းပျိုများအသင်း (ဧရာဝတီတိုင်း‌ဒေသကြီး)ကို အဖွဲ့ဝင် သံဃာ‌တော် ၁၂ပါးဖြင့် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌မေလ ၁ဝရက်‌နေ့က အိမ်မဲမြို့နယ်၊ ဝဲကြီး ကုန်း‌ကျေးရွာအုပ်စု၊ ရွာဦး‌ကျောင်းတိုက်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ရဟန်းပျိုများက စတင် ဖွဲ့စည်းခဲ့သည်။