Home သတင်း PSDP ပါတီဝင် ၅၀‌ကျော် ‌နေပြည်‌တော်ရှိ လွှတ်‌တော်နှင့် အစိုးရရုံးများကို သွား‌ရောက်‌လေ့လာမည်

PSDP ပါတီဝင် ၅၀‌ကျော် ‌နေပြည်‌တော်ရှိ လွှတ်‌တော်နှင့် အစိုးရရုံးများကို သွား‌ရောက်‌လေ့လာမည်

1852

ဇူလိုင် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီကြီးတစ်ပါတီဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)ပါတီဝင် ၅၈ဦး သည် လာမည့် ဇူလိုင် ၂ဝရက်‌နေ့တွင် ‌နေပြည်‌တော်သို့ လွှတ်‌တော်နှင့် အစိုးရဌာနဆိုင်ရာရုံးများကို သွား‌ရောက်‌လေ့လာမည်ဟု ပါတီ၏ ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပါတီဝင်များ အ‌တွေ့အကြုံရရှိ‌အောင်ရယ်၊ နိုင်ငံ‌တော်မှာရှိတဲ့ အစိုးရဌာနများ၊ လွှတ်‌တော်များက ပြည်သူများ အတွက် လုပ်‌ဆောင်တဲ့အခါမှာ ဘယ်လိုလုပ်‌ဆောင်ကြသလဲ။ ပွင့်လင်းမြင်သာမှု ဘယ်‌လောက်အထိရှိသလဲဆိုတာ သိဖို့ သွား ‌လေ့လာမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေပြည်‌တော်သို့ သွား‌ရောက်မည့် PSDP ပါတီဝင်များတွင် ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ အဖွဲ့ဝင်များ ပါဝင်ပြီး ဇူလိုင် ၂ဝ ရက်‌နေ့ညတွင် ဖားအံမြို့မှ စတင်ထွက်ခွါ၍ ၂၁ရက်‌နေ့ညတွင် ပြန်လည်‌ရောက်ရှိလာကြမည်ဟု ပါတီဝင်များက ‌ပြောဆိုသည်။

ထိုခရီးစဉ်တွင် လိုက်ပါမည့် PSDP အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနဝါက “အဓိက ‌လေ့လာမယ့်အချက်‌တွေက‌တော့ လွှတ်‌တော်မှာ ဒီမိုက‌ရေစီကျကျ ဘယ်‌လောက်လုပ်‌ဆောင်‌နေပြီလဲ။ လွတ်လွတ်လပ်လပ် ‌ဆွေး‌နွေးနိုင်ပြီးလား။ ပြည်သူ‌တွေ တင်ထားတဲ့ အချက်‌တွေကို ဘယ်‌လောက်အထိ ‌ဆောင်ရွက်နိုင်သလဲ ဆိုတာကို ‌လေ့လာသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းခရီးစဉ်သည် PSDP အတွက် ‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ‌နေပြည်‌တော်သို့ ပထမဦးဆုံးအကြိမ် သွား‌ရောက်မည်ဖြစ်ပြီး အစိုး ရ၏ ဖိတ်ကြားမှုဖြင့် သွား‌ရောက်ရခြင်းဖြစ်‌ကြောင်း PSDP ‌ခေါင်း‌ဆောင်များ၏ ‌ပြောပြချက်အရ သိရသည်။

PSDP ကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဇွန်လ ၄ရက်‌နေ့၌ စတင်ဖွဲ့စည်းတည်‌တောင်ခဲ့ပြီး‌နောက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉‌နေရာ၌ အနိုင်ရရှိခဲ့ပြီး ကရင်နိုင်ငံ‌ရေး ပါတီများအနက် အဖွဲ့ဝင်ဦး‌ရေ အများဆုံး ပါတီတစ်ခု ဖြစ်သည်။