Home သတင်း ဖွံ့ဖြိုး‌ရေးအတွက် ညှိနှိုင်းမှုပြုလုပ်ရန် ဂျပန်လွှတ်‌တော်အမတ်တစ်ဦးကို ‌ကေအဲန်ယူ‌ဆွေး‌နွေး

ဖွံ့ဖြိုး‌ရေးအတွက် ညှိနှိုင်းမှုပြုလုပ်ရန် ဂျပန်လွှတ်‌တော်အမတ်တစ်ဦးကို ‌ကေအဲန်ယူ‌ဆွေး‌နွေး

1422

‌မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်တွင် ဂျပန်နိုင်ငံမှ အကူအညီ‌ပေး‌ရေး လုပ်ငန်းစဉ်များလုပ်‌ဆောင်ရာတွင် မြန်မာအစိုးရအပြင် ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)နှင့် ညှိနှိုင်းပြီးမှသာ လုပ်ကိုင်ရန် ဂျပန်လွှတ်‌တော်အမတ်တစ်ဦးအား ‌ကေအဲန်ယူ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌အောင်ဝင်း‌ရွှေက ‌ပြောဆိုလိုက်သည်။

ဂျပန်အစိုးရ၏ ကရင်ပြည်နယ်အတွင်း အကူအညီ‌ပေး‌ရေးလုပ်ငန်းစဉ်များကို လာ‌ရောက်‌လေ့လာသည့် ဂျပန်နိုင်ငံ၊ ဒီမိုကရက် တစ်လွှတ်‌တော်အမတ် မစ္စတာ Michiro ISHIBASHI ဆိုသူနှင့် ‌ကေအဲန်ယူ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေ တို့ ဧပြီ ၃ဝရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၉)ရပ်ကွက်ရှိ ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးတွင် ‌တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“ကရင်ပြည်နယ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ အစိုးရ MPC တင် မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ KNU ‌ဒေသဆိုင်ရာ အဖွဲ့အ စည်း ရှိတယ်။ ဗဟို အဖွဲ့အစည်းရှိတယ်။ ဒါ‌ကြောင့် KNU ဧရိယာမှာ တကယ်လို့ အလုပ်လာလုပ်မယ်ဆိုရင် ဆက်သွယ်ပြီး ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်ဖို့ သူ့ကို ကျ‌နော်တို့ အကြံပြုတယ်။ အဲဒါမှ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိမယ်”ဟု ပဒို‌စော‌အောင် ဝင်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌တွေ့ဆုံမှုတွင် ဂျပန်ဒီမိုကရက်တစ်အမတ် မစ္စတာ Michiro ISHIBASHI က ကရင်ပြည်နယ်အတွင်း လက်ရှိ အကူအညီ‌ပေး ‌ရေး လုပ်‌ဆောင်‌နေသည့် ဂျပန်အစိုးရမဟုတ်‌သောအဖွဲ့ အစည်း(အဲန်ဂျီအို)များကို လာ‌ရောက်ကြည့်ရှုသည့်အပြင် ‌ရှေ့လုပ်ငန်း စဉ်များကို အ‌ကောင်အထည်‌ဖော်နိုင်ရန်အတွက် ‌ကေအဲန်ယူဘက်မှ အကြံဉာဏ်များကိုသိလို၍ ‌ကေအဲန်ယူနှင့် လာ‌ရောက်‌တွေ့ ဆုံခြင်းဖြစ်‌ကြောင်းလည်း ‌ပြောဆိုခဲ့သည်။

မစ္စတာ Michiro ISHIBASHI က “ကျ‌နော် အခုလိုလာတာက ကရင်ပြည်နယ်မှာရှိတဲ့ ဂျပန်အဲန်ဂျီအို‌တွေကို လာ‌လေ့လာတာ၊ ပြီး‌တော့ အကူညီလိုအပ်မယ့် ‌နေရာ‌တွေကို ဆက်လက်ကူညီနိုင်ဖို့ပါ။ ‌နောက်‌တော့ ကျ‌နော်တို့က ကရင်ပြည်နယ်အတွက် ကူညီ ဖို့ Project (စီမံကိန်း) ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွံ့ဖြိုး‌ရေးလုပ်ငန်းများအတွက် ကရင်ပြည်နယ်အတွင်း လာ‌ရောက်ကြ‌သော ဂျပန်အစိုးရ အပါအဝင် ဂျပန်အဲန်ဂျီအိုအဖွဲ့များသည် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ အ‌ဆောက်အဦးများအတွက် ‌ငွေ‌ကြေးအ‌ထောက်အပံ့နှင့် အခြားကူညီ‌ထောက်ပံ့မှုများကို လုပ် ‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။

အစိုးရနှင့် ‌ကေအဲန်ယူတို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်‌နေ့က ပြည်နယ်အဆင့် အပစ်ရပ် သ‌ဘောတူစာချုပ် ချုပ်ဆိုပြီး‌နောက်ပိုင်း ကရင်ပြည်နယ်အတွင်းသို ့ ဂျပန်နီပွန်‌ဖောင်‌ဒေးရှင်း အပါအဝင် NGO၊ INGO အများအပြား ဝင်‌ရောက်လာ ခဲ့ကြရာ အများစုသည် ‌ကေအဲန်ယူနှင့် ဆက်သွယ်မှုအားနည်း‌နေသည်ကို ‌တွေ့ရ‌ကြောင်း ယခုနှစ်၊ မတ်လကုန်ပိုင်းက ပြုလုပ် သည့် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်ကွန်ဂရက်တွင် ခရိုင်အဆင့် တာဝန်ရှိသူများက ‌ပြောဆို ‌ဆွေး‌နွေးခဲ့‌သေးသည်။