Home သတင်း ဧရာဝတီတိုင်း ကရင်လူထုကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ‌ကေအဲန်ယူ ရှင်းလင်း

ဧရာဝတီတိုင်း ကရင်လူထုကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ‌ကေအဲန်ယူ ရှင်းလင်း

1852

‌မေ ၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်သို့ ‌ရောက်ရှိ‌နေကြသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့်အဖွဲ့က ကရင်ပြည်သူလူထုများနှင့် ‌တွေ့ဆုံ၍ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ချပြ‌ဆွေး‌နွေးခဲ့ သည်။

ပဒို‌နော်စီဖိုးရာစိန်နှင့်အတူ အဖွဲ့ဝင်အဖြစ် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောမြ‌မောင်၊ ပဒို‌စောလှ ထွန်း၊ ပဒို‌စောလစ္စတန်၊ ပဒို‌စောနဲထူးအပါအဝင် ၂၁ဦး လိုက်ပါသွားသည့် ယင်းခရီးစဉ်တွင် ပန်းတ‌နော်မြို့နယ်တွင် ကရင်ပြည် သူလူထုနှင့် ‌တွေ့ဆုံကာ လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပဒို‌နော်စီဖိုးရာစိန်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲ‌ရေးအတွက် ကျမတို့ ကြိုးစား‌နေပါတယ်။ သ‌ဘောတူညီမှု‌တွေ မရ‌သေးပါဘူး။ ကတိကဝတ်‌တွေ နိုင်ငံ‌ရေးအာမခံ ချက်ရရှိဖို့ ဆက်လက်‌ဆွေး‌နွေးရအုံးမယ်”ဟု ‌ပြောကြားသွားခဲ့သည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ပစ်ခတ်မှုများ မရှိ‌သော်လည်း မြန်မာနိုင်ငံ‌မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်‌နေ‌ကြောင်း၊ မြန် မာနိုင်ငံငြိမ်းချမ်း‌ရေးသည် ကရင်ပြည်နယ်တစ်ခုတည်းအတွက် မဟုတ်‌ကြောင်း၊ အစိုးရနှင့် ‌ဆွေး‌နွေးညှိနှိုုင်းမှုများပြုလုပ်ပြီး အပစ်ရပ်ကြရမည်ဖြစ်‌ကြောင်းနှင့် ခိုင်မာသည့် ငြိမ်းချမ်း‌ရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပူး‌ပေါင်းပါဝင်မှသာ လျှင် ငြိမ်းချမ်း‌ရေးပန်းတိုင်သို့ ‌ရောက်ရှိနိုင်မည်ဖြစ်‌ကြောင်း သူမက ဆက်‌ပြောသည်။

‌ညောင်တုန်း၊ ‌ကျောင်းကုန်း၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်များမှ ကရင်ပြည်သူလူထု ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည့် ၎င်း‌တွေ့ ဆုံပွဲတွင် ‌ကေအဲန်ယူက လက်ရှိ အစိုးရနှင့် ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းများကို အဓိကထားရှင်းပြကာ ‌မေးမြန်း ချက်များကို ပြန်လည်‌ဖြေကြားခြင်းများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ ပန်းတ‌နော် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးက “‌ကေအဲန် ယူအ‌နေနဲ့ ကျ‌နော်တို့ကို လာ‌တွေ့တာ ‌ကောင်းတယ်။ ဒီဘက်မှာရှိတဲ့ ပြည်သူ‌တွေရဲ့အသံကိုလည်း သူတို့‌တွေ ကြားသိသွားရလို့ ဖြစ်တယ်”ဟု ‌ပြောသည်။

ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သောအဖွဲ့သည် ပုသိမ်မြို့ ပိုးကရင်နှစ်ခြင်းအသင်း‌တော်ဖြစ်သည့် ကိုသာဖြူခမ်းမတွင် ယ‌နေ့ ‌မေလ ၂ရက်မှ ၃ရက်အထိ ပြုလုပ်‌သော ကရင်ငြိမ်းချမ်း‌ရေးနှင့် စည်းလုံး‌ရေး‌ကော်မတီ(KUPC) အစည်းအ‌ဝေးကို တက်‌ရောက်လျှက်ရှိ ပြီး ၎င်းပုသိမ်ခရီးစဉ်အပြီးတွင် ‌မြောင်းမြမြို့သို့လည်း သွား‌ရောက်ကာ ကရင်လူထုနှင့် ‌တွေ့ဆုံ၍ ထိုမှတဆင့် ရန်ကုန်ရှိ ကရင်လူ ထုနှင့် လူမှုအဖွဲ့အစည်းများကို ဆက်လက် ‌တွေ့ဆုံသွားမည်ဟု ‌ကေအဲန်ယူက ဆိုသည်။