Home သတင်း KUPC တတိယအကြိမ်အစည်းအ‌ဝေးကို ပုသိမ်တွင် ကျင်းပပြီးစီး

KUPC တတိယအကြိမ်အစည်းအ‌ဝေးကို ပုသိမ်တွင် ကျင်းပပြီးစီး

1709

‌မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့၊ ‌စောထွန်းလင်း

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) ‌ကော်မတီဝင်များ၏ တတိယအကြိမ် အစည်းအ‌ဝေးကို ‌မေ ၂ ရက်မှ ၃ရက်‌နေ့အထိ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့‌ပေါ်ရှိ စ‌ကောကရင် နှစ်ခြင်းသာသနာရုံး ခမ်းမ‌ဆောင်၌ ကျင်းပပြုလုပ် ပြီးစီးသွားပြီ ဖြစ်သည်။

အစည်းအ‌ဝေးသို့ KUPC ‌ကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့်အဖွဲ့၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများနှင့် ဖိတ်ကြားခံရသူများ စုစု‌ပေါင်း ၇ဝ ဦး‌ကျော်တတ်‌ရောက်ကာ ‌ဒေသအလိုက် လူထု‌တွေ့ ဆုံပွဲများ ကျင်းပခဲ့မှုအ‌ခြေအ‌နေများ၊ ‌ရှေ့ဆက် လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ‌ဒေသအလိုက် ကရင်လူထု၏ လိုလား ‌တောင်းဆိုချက်များကို ပြန်လည် တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

“အခု ကရင်လူမျိုး‌တွေအတွက် ကရင်‌ခေါင်‌ဆောင်‌တွေစုစည်းပြီး‌တော့ အတူတကွ ကရင်အမျိုးသားများ သာယာလှပဖို့ လုပ်ငန်း စဉ်‌တွေ ချမှတ်တာ၊ ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း‌နေရဖို့၊ ပြည့်စုံတဲ့ လူမျိုးတမျိုး ဖွဲ့စည်းပုံရရှိဖို့ ကရင်‌ခေါင်း ‌ဆောင်‌တွေ ပြင်ဆင်‌နေတာ၊ ဒီအခွင့်အ‌ရေးဟာ ‌ကောင်းတဲ့ အခွင့်အ‌ရေးတခုလည်းဖြစ်တယ်။ ကရင်တမျိုးသားလုံးအတွက် လုပ် ‌ဆောင်‌ပေးသင့်တဲ့အရာလည်း ဖြစ်တယ်”ဟု အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ပဒို‌နောစီဖိုးရာစိန်က ‌ပြောကြားသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် နယ်ပယ်စုံကရင်‌ခေါင်‌ဆောင်များစုစည်းပြီး ကရင်အမျိုးသားများ၏ ဘဝသာယာလှပ‌ရေးအတွက် အတူတကွ လက်တွဲလုပ်‌ဆောင်‌နေသည်ကို ‌တွေ့ရသည့်အတွက် အားရ‌ကျေ နပ်မိ‌ကြောင်း ပဒို‌နော်စီဖိုးရာစိန်က ဆက်လက်‌ပြောကြားခဲ့သည်။

KUPC ‌ကော်မတီဝင်တဦးဖြစ်သူ နန့်ခင်‌အေးဦးကလည်း ယခုအစည်းအ‌ဝေးတွင် ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးတင်ပြခဲ့သည့်အတွက် အားရ‌ကျေနပ်‌ကြောင်း၊ KNU ဒုဥက္ကဌကိုယ်တိုင်တက်‌ရောက် ‌ဆွေး‌နွေး သည့်အတွက် လိုချင်သည့်အ‌ဖြေ ‌ကောင်းမွန်သည်ကို ‌တွေ့ရ‌ကြောင်း၊ ‌ဆွေး‌နွေးချက်များကို လမည့် ကရင် အမျိုးသားညီလာခံတွင် တင်ပြရန် ရှိ‌ကြောင်းနှင့် ၂၀၁၅ ခုနှစ် မတိုင်မီကျင်းပရန်ရှိသည့် ကရင်အမျိုးသား ညီလာခံကို အချိန်‌ရွှေ့ဆိုင်းနိုင်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
IMG_0332
နန့်ခင်‌အေးဦးက “‌ရှေ့လုပ်ရမယ့် လုပ်ငန်း‌တွေ အများကြီး ရှိ‌သေးတယ်။ တရားဝင်‌ပြောထားတဲ့ ကရင်လူမျိုး သုံးသန်း‌ကျော်ရှိတဲ့ အထဲမှာ ကျမတို့ ‌ကော်မတီဝင် ၅ဝ ‌ကျော်နဲ့ လုပ်‌ဆောင်‌နေတာဟာ ‌အောက်‌ခြေထိ ‌ရောက်ဖို့ ခဲယဉ်းပါတယ်။ ဒါ‌ကြောင့် ကျမတို့ အဖွဲ့ငယ်‌တွေဖွဲ့ပြီး ဥပမာ-ပညာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနဲ့ ကျမ်းမာ‌ရေး စတဲ့ အဖွဲ့‌တွေထားပြီး ရလာတဲ့အ‌ဖြေကို ကရင်အမျိုးသားညီလာခံမှာ ‌ဆွေး‌နွေးဆုံးဖြတ်ဖို့ ရည်ရွယ်ထားတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ပြည်‌ထောင်စုလွှတ်‌တော်အတွင်း ပါတီအသီးသီးကိုယ်စားပြု ‌ရောက်ရှိ‌နေသည့် ကရင်လူမျိုးလွှတ် ‌တော်ကိုယ်စားလှယ်များ နှင့် KUPC ‌ကော်မတီဝင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ရန် စီစဉ်သွားရန်ရှိသည်ဟုလည်း ဖားအံမြို့နယ် ပြည်သူ ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက ‌ပြောသည်။

KUPC ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ် ၂၈ ရက်မှ ၂၉ အထိ ကရင်ပြည်နယ် ဖားအံမြို့၊ ဇွဲကပင် ခမ်းမ၌ကျင်းပသည့် ပထမအကြိမ် ကရင့်‌ရေးရာအစည်းအ‌ဝေးပွဲတွင် ‌ကော်မတီဝင် ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ‌ကော်မတီဝင် ၅၂ ဦးထိ တိုးချဲ့ဖွဲ့စည်းထားသည်။

ယင်း‌ကော်မတီသည် အစိုးရနှင့် တိုင်းရာင်းသာလက်ကိုင်အဖွဲ့အစည်းများအကြား လတ်တ‌လော ပြုလုပ် ‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်၊ တနသင်္ာရီတိုင်း ‌ဒေသကြီး၊ ဧရာဝတီတိုင်း ‌ဒေသကြီး၊ မွန်ပြည်နယ်၊ မြန်မာနိုင်ငံအထက်ပို်င်းနှင့် KNU ထိန်းချုပ်နယ်‌မြေ တို့တွင် လူထု‌တွေ့ဆုံပွဲများကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။