Home သတင်း နိုင်ငံ‌ရေးအာမခံချက်ရရန် ‌ဆွေး‌နွေးရဦးမည်ဟု ‌ကေအဲန်ယူ ဒုဥက္ကဌ ‌ပြောဆို

နိုင်ငံ‌ရေးအာမခံချက်ရရန် ‌ဆွေး‌နွေးရဦးမည်ဟု ‌ကေအဲန်ယူ ဒုဥက္ကဌ ‌ပြောဆို

1765

‌မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့၊ ‌စောထွန်းလင်း

လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် ကြိုးပမ်း‌နေသည့် အဆင့်၌သာရှိပြီး နိုင်ငံ‌ရေး အာမခံချက်ရရန် ဆက်လက်‌ဆွေး‌နွေးရဦးမည်ဟု ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌မေ ၂ရက်‌နေ့တွင် ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်တွင် ကရင်လူထုအား ‌ပြောဆိုလိုက်သည်။

လူထု‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲများပြုလုပ်ရန် ‌မေလ ၁ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီးသို့ ‌ရောက်ရှိ‌နေသည့် ပဒို‌နော်စီဖိုးရာစိန်က ပန်းတ‌နော်မြို့နယ်ရှိ၊ ကရင်စာ‌ပေယဉ်‌ကျေးမှုပြခန်း၌ ပြုလုပ်သည့် ကရင်လူထု ‌တွေ့ဆုံပွဲတွင် အမှာစကား‌ပြောကြားရာ၌ ထိုသို့ ထည့်သွင်း‌ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

“တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးအတွက် ကြိုးစား‌နေပါတယ်။ ဒီအတွက် ‌ဆွေး‌နွေးညှိနှိုုင်း‌နေတုန်းပဲ ရှိပါ‌သေးတယ်။ သ‌ဘော တူညီမှု‌တွေ မရ‌သေးပါဘူး။ ကတိကဝတ်‌တွေ နိုင်ငံ‌ရေးအာမခံရရှိဖို့ ဆက်လက် ‌ဆွေး‌နွေးရအုံးမယ်ဆိုတာ ကရင်‌ခေါင်း‌ဆောင် ‌တွေကို ‌ပြောပြချင်ပါတယ်”ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

နံနက် ၁ဝ နာရီတွင် စတင်ခဲ့သည့် အဆိုပါ ‌တွေ့ဆုံပွဲကို ဧရာတီတိုင်း‌ဒေသကြီးရှိ ပန်းတ‌နော်မြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ‌ကျောင်း ကုန်းမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့မှ စာ‌ပေ၊ ယဉ်‌ကျေးမှု အမျိုးသား‌ရေး စသည့် နယ်ပယ်အသီးသီးမှ ဦး‌ဆောင်‌နေသူများ အပါအ ဝင် လူထု ၁၂ဝဦး‌ကျော် တက်‌ရောက်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်း‌ရေး၊ စာ‌ပေယဉ်‌ကျေးမှု အမျိုးသား‌ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်၍ ‌မေးမြန်း‌ဆွေး‌နွေးမှုများကို ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်များက ပြန်လည်ရှင်းလင်း‌ပြောဆိုမှုများ ပြုလုပ်ကာ ၁၂ နာရီ ဝန်းကျင်၌ အခမ်းအနားပြီးဆုံးခဲ့သည်။

ထို့အပြင် ပဒို‌နော်စီဖိုးရာစိန်က မြန်မာတနိုင်ငံလုံးငြိမ်းချမ်း‌ရေးရရန် အစိုးရနှင့် ‌ကေအဲန်ယူ နှစ်ဖွဲ့တည်းသာ ‌တွေ့ဆုံခြင်းဖြင့် ရမည်မဟုတ်ဘဲ တခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်မှု၊ အတူတကွ ‌ဆွေး‌နွေးမှုကလည်း အင်မတန်မှ အ‌ရေးကြီးသလို ပြည်သူလူထု၏ ပူး‌ပေါင်း‌ဆောင်ရွက်မှုကလည်း အ‌ရေးကြီး‌ကြောင်း ၎င်း‌တွေ့ဆုံပွဲတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်ကြီးများ ဧရာတီတိုင်း‌ဒေသကြီးရှိ ကရင်လူထုနှင့် လာ‌ရောက်‌တွေ့ဆုံသည့်အတွက် ဝမ်းသာ ‌ကြောင်း၊ မိမိတို့အ‌နေဖြင့် အမျိုးသား‌ရေးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး‌ဆောင်ရွက်‌နေပြီး ငြိမ်းချမ်း‌ရေးရပြီး ‌နောက်ပိုင်း လူထု နှင့် ပိုမိုလက်တွဲမည့် အ‌ခြေအ‌နေကို ‌မျှော်လင့်လျှက်ရှိ‌ကြောင်း အခမ်းအနားသို့ တက်‌ရောက်သည့် ‌ကျောင်းကုန်းမြို့နယ်၊ အစု ကြီးရွာသား မန်းမြင့်စိန်က ‌ပြောသည်။

လူထု‌တွေ ့ဆုံ‌ဆွေး‌နွေးပွဲများ ပြုလုပ်ရန် ဧရာတီတိုင်း‌ဒေသကြီးသို့ ‌ရောက်ရှိ‌နေသည့် ‌ကေအဲန်ယူ ဒုတိယ ဥက္ကဌနှင့် အဖွဲ့သည် လက်ရှိတွင် ပုသိမ်မြို့သို့ ‌ရောက်ရှိ‌နေပြီး ယ‌နေ့ ‌မေလ ၂ရက်‌နေ့တွင် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ နှီး‌နှောဖလှယ်ပွဲ ပြုလုပ်ရန်ရှိသည်ဟု သိရသည်။

၎င်း‌ဒေသအပြီးတွင် ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် လည်း လူထု‌တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ်ရန်ရှိ‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။