Home သတင်း မြစ်ကြီးနားတွင် ‌ဆွေး‌နွေးရန် KIO ကမ်းလှမ်းချက် အစိုးရလက်ခံ

မြစ်ကြီးနားတွင် ‌ဆွေး‌နွေးရန် KIO ကမ်းလှမ်းချက် အစိုးရလက်ခံ

1812

ဧပြီလ ၃ဝ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၏ ကမ်းလှမ်း ချက်ကို ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ(UPWC)က လာမည့် ‌မေလ ၁၉-၂ဝရက် မတိုင်မီ ‌တွေ့ဆုံဖိုု့ သ‌ဘောတူလိုက် ‌ကြောင်း မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ(MPC)က ‌ပြောသည်။

MPC အကြီးတန်းအကြံ‌ပေး ဦးလှ‌မောင်‌ရွှေက “မ‌နေ့က ‌နေ့လည်‌လောက်မှာ စာ‌ရောက်ပြီး‌တော့ သူတို့ဘက်ကို လက်ခံရရှိ ‌ကြောင်း အ‌ကြောင်းကြားထားပြီးပါပြီ။ ‌တွေ့ဆုံ‌ဆွေး‌နွေးမယ့်ရက်ကို‌တော့ ညှိနှိုင်း‌နေပါတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရက်အ တိအကျကို ထုတ်ပြန်နိုင်မှာပါ”ဟု ‌ပြောသည်။

KIO ‌ပေးပို့‌သော စာတွင် ‌မေလ ၁ဝ ရက်‌နေ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ရန် ကမ်းလှမ်းထားပြီး ဧပြီလဆန်း ပိုင်းက ဖြစ်ပွားခဲ့‌သော တိုက်ပွဲများနှင့်ပတ်သက်ပြီး ထပ်မံ မဖြစ်ပွား‌စေ‌ရေး ‌ဆွေး‌နွေးရန်နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲအတွက် လိုအပ်သည့် အချက်များကိုလည်း ‌ဆွေး‌နွေးလို‌ကြောင်း ပါရှိသည်ဟု ဦးလှ‌မောင်‌ရွှေက ဆက်‌ပြောသည်။

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)နှင့် အစိုးရတပ်တို့ဖြစ်ပွား‌သော တိုက်ပွဲများနှင့်ပတ်သက်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ရန် KIO က ဧပြီ ၂၉ရက် ‌နေ့စွဲဖြင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ ဒုဥက္ကဌ ဦး‌အောင်မင်းထံသို့ စာ တစ်‌စောင် ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် KIO ဘက်က မြစ်ကြီးနား‌ဆွေး‌နွေးပွဲကို ‌လေ့လာသူများအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဗီ‌ဂျေနမ်ဘီးယား၊ တရုတ်သံတမန် ဝမ်ရင်ဖန်း၊ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်‌ကောင်စီ(UNFC) ‌ခေါင်း‌ဆောင်များ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT)တို့ကို ‌လေ့လာသူအဖြစ် ဖိတ်ကြားသွား မည်ဟု သိရသည်။

‌လေ့လာသူများ ပါဝင်‌ရေး ‌ကေအိုင်အိုကမ်းလှမ်းချက်ကို ဦးလှ‌မောင်‌ရွှေက “KIO ဘက်က ‌ဆွေး‌နွေးပွဲ နှစ်ကြိမ်စလုံး ဒီလိုပဲ ဖိတ်ကြားထားတာဖြစ်တဲ့အတွက် သီးခြား‌ပေါ်လစီဆိုပြီး သိပ်စဉ်းစားစရာ မလိုပါဘူး။ နဂိုအတိုင်းပဲ ဖြစ်မှာပါ”ဟု ဖြည့်စွက်‌ပြော ဆိုသည်။

ကချင်ပြည်နယ်အတွင်း ဧပြီလ ၄ရက်‌နေ့တွင် အစိုးရတပ်မှ အရာရှိတစ်ဦးကို KIA ဘက်မှ ‌ချောင်း‌မြောင်း ပစ်ခတ်သည်ဟုဆို ကာ ဧပြီလ ၁ဝရက်‌နေ့တွင် နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အစိုးရဘက်မှ ၁၁ဦးနှင့် KIA ဘက် မှ ၂ဝဦး ကျဆုံး‌ကြောင်း အစိုးရသတင်းများက ထုတ်ပြန်ထားသည်။

KIO အဖွဲ့သည် UPWC နှင့် ပြီးခဲ့သည့် ၂၀၁၃ ခုုနှစ် ‌အောက်တိုဘာလ ၈ရက်‌နေ့က ‌နောက်ဆုုံးအကြိမ် ‌တွေ့ဆုံခဲ့ပြီး ဦး‌အောင် မင်း လက်ထက် KIO နှင့် ‌ရွှေလီ၊ လဂျားယန်၊ ချင်းမိုင်၊ ချင်းရိုင်တို့တွင် အလွတ်သ‌ဘောအဖြစ် ၇ကြိမ်နှင့် တရားဝင် ၂ကြိမ် ‌တွေ့ ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။