Home သတင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် လူထု‌တွေ့ဆုံပွဲ ခရီးစဉ်စတင်

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် လူထု‌တွေ့ဆုံပွဲ ခရီးစဉ်စတင်

1607

ဧပြီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

မြန်မာပြည်တွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် ကရင်လူထုများနှင့် ‌တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဧပြီလ ၃ဝရက်‌နေ့၌ ထိုင်း-မြန်မာ နယ်စပ်မှ ရန်ကုန်သို့ ခရီးစဉ် စတင်လိုက်‌ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်မှာ ဧပြီ ၃ဝရက်မှ ‌မေလ ၁၂ရက်‌နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ပဒို‌နော်စီဖိုးရာစိန်နှင့်အတူ အဖွဲ့ဝင်အဖြစ် ‌ကေအဲန် ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောမြ‌မောင်၊ ပဒို‌စောလှထွန်း၊ ပဒို‌စောလစ္စတန်၊ ပဒို‌စောနဲထူး၊ ဗိုလ်မှူးကြီး ‌စော‌နေစိုး အပါအဝင် ၂၁ဦး လိုက်ပါသွား‌ကြောင်း ယင်းခရီးစဉ်အတွက် ထုတ်ပြန်သည့်မှတ်တမ်းတွင် ‌ဖော်ပြထားသည်။

ခရီးစဉ်နှင့်ပတ်သက်၍ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “အဓိကက ဒီခရီးစဉ်မှာ ကျမတို့ ‌ကေအဲန်ယူအ‌နေနဲ့ KUPC (ကရင်စည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ) အစည်းအ‌ဝေးလုပ်မယ်။ ‌နောက်ပြီး လူထု‌တွေ့ဆုံပွဲလုပ်မယ်။”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ပဒို‌နော်စီဖိုးရာစိန်တို့အဖွဲ့သည် ယ‌နေ့မွန်းလွဲ ၁နာရီခွဲ၌ ဖားအံမြို့သို့‌ရောက်ရှိစဉ် ဖားအံမြို့နယ်ရှိ ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိထံ သွား‌ရောက်ဖူး‌တွေ့ကာ နာရီဝက်ခန့် ‌ပြောဆိုခဲ့ကြသည်ဟု ခရီးစဉ်လိုက်ပါသွားသူ ‌ကေအိုင်စီသတင်း ‌ထောက် နန်း‌ချောင်‌ဖော့က ‌ပြောသည်။

ယင်း‌နောက် ပဒို‌နော်စီဖိုးရာစိန်နှင့်အဖွဲ့သည် ရန်ကုန်သို့ ခရီးဆက်လက် ထွက်ခွာခဲ့ပြီး ယခု ခရီးစဉ်အတွင်း ကရင်ပြည်နယ်၊ အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း‌ဒေသရှိ နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များနှင့် လူထု‌တွေ့ဆုံပွဲများ ပြုလုပ်သွားမည်ဟု ‌ကေအဲန် ယူဘက်က ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်သည် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းကလည်း ပဲခူးတိုင်း၊ ‌ရွှေကျင်မြို့နယ်သို့ သွား‌ရောက် ခဲ့ပြီး ကရင်အမျိုးသား‌နေ့တွင် လူထု‌ဟော‌ပြောပွဲ ပြုလုပ်ခဲ့‌သေးသည်။