Home သတင်း KNU ပြည်ထဲ‌ရေးနှင့် သာသ နာ‌ရေးဌာန ‌ရှေ့လုပ်ငန်းစဉ် ၁၅ချက် ချမှတ်

KNU ပြည်ထဲ‌ရေးနှင့် သာသ နာ‌ရေးဌာန ‌ရှေ့လုပ်ငန်းစဉ် ၁၅ချက် ချမှတ်

1929

စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနက စက်တင်ဘာလ ၂၅ရက်‌နေ့တွင် အစည်းအ ‌ဝေးတစ်ရပ် ကျင်းပခဲ့ပြီး ‌ရှေ့ဆက်လုပ်‌ဆောင် မည့် လုပ်ငန်းစဉ်များအတွက် အချက် ၁၅ချက်ကို ချမှတ်ခဲ့‌ကြောင်း သိရသည်။

ယင်းအစည်းအ‌ဝေးကို KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်‌မြေရှိ ‌လေးဝါးစခန်းတွင် စက်တင်ဘာလ ၂၃မှ ၂၅ရက်‌နေ့အထိ ကျင်းပခဲ့ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force-KNPF) ပြန်လည်ဖွဲ့စည်းခြင်းနှင့် မူးယစ်‌ဆေးဝါး တိုက် ဖျက်‌ရေး အပါအဝင် အချက် ၁၅ချက်ကို ဆုံးဖြတ်ချက်ချနိုင်ခဲ့‌ကြောင်း KNU ပြည်ထဲ‌ရေးဌာနတာဝန်ခံ ပဒို‌စောအားတိုးက ‌ပြော သည်။

“အစည်းအ‌ဝေးမှာ KNPF ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းဖို့၊ အ‌ရေးကြီးတဲ့ မူးယစ်‌ဆေးဝါး ပြဿနာနဲ့ တရားဥပ‌ဒေစိုးမိုး‌ရေးအ ပြင်ကို တခြား‌ရှေ့ဆက်လုပ်‌ဆောင်ရမယ့် လုပ်ငန်း‌တွေအတွက်လည်း လုပ်‌ဆောင်ဖို့ စတာ‌တွေ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်”ဟု ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သုံးရက်တာပြုလုပ်‌သော ၎င်းအစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့သည့် ‌ရှေ့လုပ်ငန်းစဉ်များထဲတွင် တရားဥပ‌ဒေစိုးမိုး‌ရေး၊ KNPF တပ်ဖွဲ့ ဝင်များ၏ အရည်အ‌သွေးမြှင့်တင်‌ရေး၊ တနှစ်တစ်ကြိမ် အစည်းအ‌ဝေး ‌ခေါ်ယူနိုင်‌ရေး စသည့် အဓိကကျ‌သော အချက်များလည်း ပါဝင်‌ကြောင်း သိရသည်။

0925 KNU3
ယခုပြုလုပ်သည့် အစည်း‌ဝေးတွင် KNU ခရိုင်နှင့် တပ်မဟာ(၇)ခုမှ ကိုယ်စားလှယ်များ အပါအဝင် KNU ပြည်ထဲ‌ရေးဌာနမှ တာဝန်ခံ ပဒို‌စောအားတိုး၊ KNPF ရဲချုပ်ဗိုလ်မှူးကြီး‌စောလယ်‌ဝေါ့၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO) စစ်ဦးစီး ချုပ် ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ဗဟိုတရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူ စသည့် သက်ဆိုင်ရာ တာဝန်ရှိပုဂိ္ဂုလ် ၆၀‌ကျော် တက်‌ရောက် ခဲ့ကြသည်။

KNU ခရိုင်နှင့် တပ်မဟာ(၇)ခုအတွင်း၌ ရာဘ‌ဆေးပြား (‌ခေါ်) စိတ်ကြွ‌ဆေးများ၊ ‌ဆေး‌ခြောက်များကို သုံးစွဲမှု၊ ‌ရောင်းဝယ်‌ဖောက် ကားမှုများ သိသာစွာ ကျယ်ပြန့်လာပြီး ‌ကေအဲန်ယူ ဖားအံခရိုင်နှင့် ဒူးပလာယာခရိုင်များတွင် အဆိုးရွားဆုံးဖြစ်ပွား‌နေ‌ကြောင်း KNU ဗဟိုတရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူက ‌ပြောဆိုသည်။

ပြည်ထဲ‌ရေးဌာနတာဝန်ခံ ပဒို‌စောအားတိုးကလည်း “ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးတိုက်ဖျက်‌ရေးအတွက် KNPF က လုပ် ‌ဆောင်သွားမှာပါ။ ဒါ‌ပေမယ့် လုံးဝကို ပ‌ပျောက်ဖို့ဆိုရင်‌တော့ အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထု‌တွေ အားလုံးက ပူး‌ပေါင်းပါ ဝင်ဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ကို ၁၉၉၁ခုနှစ်၊ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက်ပိုင်း ယခုအ စည်းအ‌ဝေးကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပလာနိုင်ခြင်းဖြစ်သည်။