Home သတင်း ‌ကေအဲန်ယူနယ်‌မြေရှိ ‌ကော့ ကရိတ်-ကျိုက်ဒုံ ကတ္တရာ လမ်း‌ဖောက်လုပ်ရန် ပြင်ဆင်‌နေ

‌ကေအဲန်ယူနယ်‌မြေရှိ ‌ကော့ ကရိတ်-ကျိုက်ဒုံ ကတ္တရာ လမ်း‌ဖောက်လုပ်ရန် ပြင်ဆင်‌နေ

2518
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

road-1ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေရှိ ‌ကော့ကရိတ်မှ ကျိုက်ဒုံသို့ သွားလာ‌နေသည့် ‌မြေလမ်းကို ကတ္တရာလမ်းအဖြစ် ‌ဖောက်လုပ်ရန် စက်တင်ဘာလ အတွင်း အစိုးရက ပြင်ဆင်လျှက်ရှိသည်ဟု သိရသည်။

အဆိုပါလမ်း‌ဖောက်လုပ်‌ရေးလုပ်ငန်းကို ‌ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက်သ‌ဘောတူညီမှုရယူ၍ ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ခွင့်ပြုတယ်ဆိုတာ ဟုတ်တယ်။ ‌ကေအဲန်ယူနဲ့ အစိုးရသ‌ဘောတူညီမှုယူပြီး ဒီလမ်းကို ‌ဖောက်လုပ်တာဖြစ် တယ်။ ‌ဒေသခံ‌တွေအကျိုးအတွက် သူတို့‌တွေ သွား‌ရေးလာ‌ရေး၊ စီးပွား‌ရေးနဲ့ ကျန်းမာ‌ရေးအတွက် အဓိက ရည် ရွယ်ပြီး‌တော့ လုပ်တာဖြစ်တယ်။ ဒီအပစ်အခတ်ရပ်စဲ‌ရေး လုပ်ပြီး‌နောက်ပိုင်းမှာ ‌ဒေသခံလူထုဘက်ကလည်း ‌တောင်းဆိုလာတယ်‌လေ”ဟု ပဒို‌စော‌မောထူးက ‌ပြောသည်။

လမ်းအရှည် ၄၃မိုင်ရှိသည့် ထိုကတ္တရာကားလမ်းကို ‌ကော့ကရိတ်မှ လန်းဖားရွာအထိ ပြည်သူ့‌ဆောက်လုပ်‌ရေး လုပ်ငန်းအထူးစီမံကိန်းကြီး အဖွဲ့ခွဲ(၁)မှလည်း‌ကောင်း၊ လန်းဖားရွာမှ ကျိုက်ဒုံမြို့နယ်ခွဲအထိ မြကန်သာကုမ္ပဏီ ကလည်း‌ကောင်း နှစ်ပိုင်းခွဲကာ တာဝန်ယူ ‌ဖောက်လုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မြကန်သာကုမ္ပဏီ မန်‌နေဂျာ ဦးမြင့်‌ဝေက “ဒီလမ်းကို ကုမ္ပဏီအ‌နေနဲ့ လန်းဖားက‌နေ ကျိုက်ဒုံအထိ ၂၃မိုင် တာဝန်ယူထားတယ်။ ရွာအပြင်ဘက်မှာ လမ်းအကျယ်အားဖြင့်က ‌ပေ ၅၀-၆ဝကြား ယူထားတယ်။ အခု‌တော့ တိုင်းတာတာ တစ်ခုပဲ လုပ်လို့ရ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုကတ္တရာလမ်း‌ကြောတစ်‌လျှောက်တွင် ‌ကျေးရွာ‌ပေါင်း ၁၄ရွာခန့် ပါဝင်ပြီး လမ်း‌ဖောက်လုပ်မှုမတိုင်ခင် ‌ကေအဲန်ယူ မြို့နယ်အဆင့် တာဝန်ရှိသူများက ‌ဒေသခံလူထု၏ သ‌ဘောထားများကို ‌ကောက်ခံရယူခဲ့သည်ဟု သိရသည်။

၎င်းလမ်း‌ကြောရှိ သာယာကုန်းရွာသား ‌စောချစ်မြင့်‌အောင်က “ဒီလမ်း‌ဖောက်လုပ်တာဟာ ‌ဒေသခံ‌တွေအတွက် ပညာ‌ရေးပိုင်းကြည့်မယ်ဆို မြို့ကို ‌ကျောင်းသွားတက်တဲ့ က‌လေး‌တွေအတွက် သွား‌ရေးလာ‌ရေး‌ကောင်းမယ်။ အရင်က အ‌ရေး‌ပေါ် နာမကျန်းမှုဖြစ်လာရင် ထမ်းရပြုရနဲ့ ‌ရေတစ်တန်ကုန်းတစ်တန်နဲ့ဆို‌တော့ ‌တော်‌တော်‌လေး ကို ခက်ခက်ခဲခဲ သွားလာရတယ်။ ခြံထွက်သီးနှံ‌တွေမြို့ တက်‌ရောင်းတဲ့အခါမှာလည်း သယ်ရပြုရတာ မလွယ် ‌တော့ အခုလို ကားလမ်း‌ဖောက်‌ပေးမယ်ဆိုရင် ကုန်ကျစရိတ်လည်း သက်သာလာမယ်”ဟု ‌ပြောသည်။
road4img
သို့‌သော် လမ်း‌မြေကို လာ‌ရောက်တိုင်းတာသည့်အချိန်တွင် ခြံ‌မြေများ ထိခိုက်နစ်နာမှု ပါဝင်နိုင်သည့်အတွက် ရွာသားအချို့မှာ စိုးရိမ်မှုများ ရှိ‌နေ‌ကြောင်း အဆိုပါ သာယာကုန်းရွာသားက ယခုလို ဆက်လက်‌ပြောဆိုသည်။

“လမ်း‌ဖောက်တာ ‌ဒေသခံ‌တွေထဲက သ‌ဘောတူတာရှိသလို သ‌ဘောမတူတာလည်းရှိတယ်။ သ‌ဘောမတူရတဲ့ အ‌ကြောင်းက‌တော့ တချို့ကရွာထဲမှာ လမ်းမချဲ့‌စေချင်ဘူး။ လမ်းချဲ့ရင် ခြံ‌တွေအိမ်‌တွေထိတာ ရှိတယ်‌လေ။ ရွာအပြင်မှာလည်း လယ်‌တွေယာ‌တွေထိတာရှိ‌တော့ သူတို့သ‌ဘောမတူကြဘူး။ ပြီး‌တော့ ဒီထိတဲ့ လယ်‌တွေ၊ ခြံ‌တွေနဲ့ အိမ်‌တွေအတွက် ‌လျော်‌ကြေး‌ပေးမ‌ပေးက သိပ်မ‌သေချာဘူး”ဟု သူက ‌ပြောသည်။

အဆိုပါလမ်းစီမံကိန်းကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ‌ဒေသခံများအတွက် ထိခိုက်နစ် နာမှုရှိပါက ကုမ္ပဏီမှ ‌လျော်‌ကြေးအားဖြင့် ‌ပေး‌ဆောင်သွားရန် မရှိ‌ကြောင်း မြကန်သာကုမ္ပဏီမန်‌နေ ဂျာ၏ ‌ပြောပြချက်အရ သိရသည်။

‌ကေအဲန်ယူနှင့် အစိုးရအဖွဲ့ အပစ်မရပ်ခင်အချိန်က ‌ကော့ကရိတ်-ကျိုက်ဒုံလမ်း‌ဟောင်းမှာ သွားလာ‌ရေး မလွယ် ကူခဲ့‌သော်လည်း ယခု ကတ္တရာလမ်းသစ် ‌ဖောက်လုပ်ပြီးပါက သွားလာ‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ‌နေ့စဉ် လွယ်ကူ‌ချော‌မွေ့လာနိုင်သလို ကျိုက်ဒုံမှ နယ်စပ်ရှိ ပိုင်ခလန်‌ကျေးရွာအထိကိုလည်း နယ်စပ်‌ဒေသဖွံ့ဖြိုးတိုးတက် ‌ရေးလုပ်ငန်း (နတလ)မှ တာဝန်ယူကာ ဆက်လက်‌ဖောက်လုပ်သွားရန်ရှိ‌ကြောင်း သိရသည်။