Home သတင်း ဘားအံမြို့မှ သံဃာအပါး ၅၀ဝ ဆန္ဒပြမှု မဖြစ်‌မြောက်ခဲ့

ဘားအံမြို့မှ သံဃာအပါး ၅၀ဝ ဆန္ဒပြမှု မဖြစ်‌မြောက်ခဲ့

2027

စက်တင်ဘာ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံဃာ‌တော်အပါး ၅၀ဝခန့်သည် မြို့မ‌ဘောလုံးကွင်းအတွင်း ကုန်တိုက်နှင့် ဟိုတယ်‌ဆောက်လုပ်‌နေ မှုအ‌ပေါ် ကန့်ကွက်ဆန္ဒပြရန် အမှတ်(၃)ရပ်ကွက်ရှိ မဲ‌ဘောင်ဘုန်းကြီး‌ကျောင်းတိုက်တွင် ယ‌နေ့ မွန်းလွဲပိုင်းက စုစည်းခဲ့‌သော်လည်း မဖြစ်‌မြောက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါဆန္ဒပြသံဃာ‌တော်များ စု‌ဝေး‌နေစဉ် မွန်းလွဲ ၂နာရီအချိန်၌ ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်၊ ဖားအံခရိုင် အုပ်ချုပ်‌ရေးမှူးနှင့် သာသနာ‌ရေးမှူးများ ‌ရောက်ရှိလာကာ သံဃာ‌တော်များနှင့် ညှိနှိုင်းကာ နှစ်ဖက် နားလည်မှုရယူခဲ့သည့်အ တွက် သံဃာ‌တော်များမှာ မိမိ‌ကျောင်းတိုက်များသို့ ပြန်ကြွသွားခဲ့ကြ‌ကြောင်း ဘားအံမြို့၊ သု‌မေဓါရာမကြား‌တောရ‌ကျောင်းတိုက် ဆရာ‌တော် အရှင်စန္ဒာဝရက ‌ပြောသည်။

“စီတန်းလှည့်လည် ‌မေတ္တာသုတ်ရွတ်ဖတ်ဖို့ စီစဉ်‌နေတာပါ။ အာဏာပိုင်‌တွေက လာ‌ရောက်ညှိနှိုင်း‌တော့ သူတို့ဆန္ဒအတိုင်း သ‌ဘောတူလိုက်ပြီး စီတန်းလှည့်လည်ဖို့ မလုပ်ဖြစ်‌တော့ဘူး။”ဟု ဆရာ‌တော် အရှင်စန္ဒာဝရက ‌ပြောသည်။

၎င်းညှိနှိုင်းမှုအရ မြို့မကွင်းတွင် သတ်မှတ်ထား‌သော အချိန်ကာလအတွင်း ‌ဆောက်လုပ်‌နေသည့် အ‌ဆောက်အဦးများကို ရပ် ဆိုင်းထားနိုင်‌ရေးအတွက် လာမည့်‌ရှေ့အပတ်တွင် မြို့ခံပြည်သူ၊ သံဃာ‌တော်နှင့် အစိုးရအာဏာပိုင်တို့ သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး ‌နွေးသွားရန် အာဏာပိုင်နှင့် သံဃာ‌တော်များအကြား သ‌ဘောတူခဲ့ကြသည်။

DSC08236
ဟိုတယ်များ ‌ဆောက်လုပ်ခြင်းသည် ‌ဒေသဖွံ့ဖြိုးမှုအတွက်ဟု ယူဆလျှင် အခြား‌သော‌နေရာများ၌ ‌ဆောက်လုပ်နိုင်ပြီး ယခုလို ပြည်သူလူထုနှင့် သံဃာ‌တော်များ ကန့်ကွက်‌နေသည့်ကြားက သမိုင်းဝင် မြို့မကွင်းအတွင်း အတင်းအဓမ္မ အ‌ဆောက်အဦး ‌ဆောက်လုပ်မှုမှာ မဖြစ်သင့်‌ကြောင်း ဘားအံမြို့ခံလူငယ် ကို‌အောင်မျိုးသက်က ဆိုသည်။

၎င်းက “‌နောက်အပတ် ‌တွေ့ဆုံ‌ဆွေး‌နွေးကြရင် ‌အောင်မြင်သွား‌စေချင်ပါတယ်။ လူထုဆန္ဒက‌တော့ ဒီကွင်းကို အရင်မူလအတိုင်း ပဲ ပြန်ထား‌စေချင်ပါတယ်။ အာဏာပိုင်‌တွေ ဒီလိုခွင့်ပြုထားတာ မဖြစ်သင့်ဘူး။”ဟု ‌ပြောသည်။

‌မြေအကျယ်(၂.၅၅၆) ဧကရှိ‌သော ၎င်း‌ဘောလုံးကွင်းသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင်တည်ရှိပြီး အ‌ဆောက်အဦး တည်‌ဆောက်ရန် ဘားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်းဝန်ကြီးဌာနမှ ဇွန်လ ၂၈ရက်‌နေ့တွင် မြ‌ဌေးကြွယ်လင်း ကုမ္ပဏီလီမိတက်ကို ခွင့်ပြုခဲ့ပြီး ဇူလိုင်လ ၁ရက်‌နေ့တွင် တည်‌ဆောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်‌နေ့ကလည်း မြို့မ‌ဘောလုံးကွင်းအတွင်း ကုန်တိုက်နှင့် ဟိုတယ်‌ဆောက်လုပ်‌နေမှုကို ရပ်တန့် ပြီး မူလအတိုင်း ပြန်လည်ထားရှိရန် မြို့ခံလူထုနှင့် သံဃာ‌တော်များက ‌တောင်းဆိုခဲ့‌သေးသည်။ အဆိုပါကွင်းမှာ ဗိုလ်ချုပ်‌အောင် ဆန်းကိုယ်တိုင် လာ‌ရောက်၍ နိုင်ငံ‌ရေး‌ဟော‌ပြောခဲ့ဖူးသလို ယဉ်‌ကျေးမှုအရ သမိုင်းဝင်ကွင်းဖြစ်ပြီး ၂၀၀ဝခုနှစ်မှစ၍ သက်ဆိုင် ရာ အစိုးရအာဏာပိုင်များက လက်ဆင့်ကမ်းကာ ‌ရောင်းချလာခဲ့သည်။