Home သတင်း ‌ရွှေ့‌ပြောင်းအလုပ်သမား များ ‌ပေး‌ဆောင်ရမည့် ရန်ပုံ‌ငွေကို ထိုင်းအစိုးရမှ ရက်‌ရွှေ့ဆိုင်း

‌ရွှေ့‌ပြောင်းအလုပ်သမား များ ‌ပေး‌ဆောင်ရမည့် ရန်ပုံ‌ငွေကို ထိုင်းအစိုးရမှ ရက်‌ရွှေ့ဆိုင်း

1869
ဇွန်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

h102thai1-1ထိုင်းအစိုးရမှ အထူးအစည်းအ‌ဝေး တစ်ရပ် ‌ခေါ်ယူပြီး ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်း အလုပ်သမားများ ‌ပေး‌ဆောင်ရန် သတ်မှတ်ထား‌သော ‌နေရပ်သို့ပြန်လည်ပို့‌ဆောင်‌ရေး ရန်ပုံ‌ငွေသတ်မှတ်‌နေ့ရက်ကို ၂၀၁၄ခုနှစ်၊ မတ်လ ၁ရက်‌နေ့သို့ ‌ပြောင်း‌ရွှေ့ သတ်မှတ်လိုက် ‌ကြောင်း သိရသည်။

ယခု ဇွန်လ ၁ဝရက်၊ ကမ်ဖိုင်ဖစ်ခရိုင်၊ ကမ်ဖိုင်ဖစ်တက္ကသိုလ်ခန်းမတွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ် ဦး‌ဆောင်ပြီး ဝန်ကြီး ဌာန ‌ပေါင်းစုံပါဝင်‌သော ၎င်းဝန်ကြီးများ‌ကောင်စီ အစည်းအ‌ဝေးအပြီးတွင် ထိုင်းနိုင်ငံရှိ ယာယီ နိုင်ငံကူးလက်မှတ်နှင့် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်‌ဆောင်ထားသူ မြန်မာ အပါအဝင် လာအို၊ က‌မ္ဘောဒီးယားနိုင်ငံတို့မှ ‌ရွှေ့‌ပြောင်းအလုပ်သမားများ အတွက် ထိုသို့ ရက်‌ရွှေ့‌ပေးလိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအ‌ဝေး၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ‌ပြောဆိုချက်အရ ရန်ပုံ‌ငွေကို လတ်တ‌လော ‌ကောက်ခံခြင်းဖြင့် အလုပ် သမားများအတွက် အခက်အခဲရှိနိုင်ခြင်း၊ အလုပ်သမားပြတ်လပ်မှုပြဿနာ ကြုံ‌တွေ့ရနိုင်ခြင်း၊ ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ပတ်သက်သည့် မူဝါဒကို ထိခိုက်‌စေနိုင်ခြင်းတို့‌ကြောင့် ရက်‌ရွှေ့သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ၏ အ‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှား‌ရေး ‌ကော်မတီ (JACBA) တာဝန်ခံ ဦးမိုးကြိုးက “ထိုင်းအစိုးရအ‌နေနဲ့ အ‌ခြေအ‌နေ၊ အချိန်အခါ‌ပေါ် မှုတည်ပြီး ‌ပြောင်းလဲနိုင်စွမ်းရှိ တယ်။ အဲလိုမှ မလုပ်ရင် သူတို့အတွက် အများကြီး နစ်နာဆုံးရှုံးတယ်‌လေ။ ဒါ‌ကြောင့် ထိုင်းအစိုးရက အခုလို လုပ်လိုက်တဲ့ သ‌ဘောပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ရန်ပုံ‌ငွေ‌ကောက်ခံရာတွင် ထိုင်းနိုင်ငံအတွင်းရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားများဖြစ်‌သော မြန်မာ၊ လာအိုနှင့် က‌မ္ဘောဒီးယား အလုပ်သမားများကို ဘတ်‌ငွေ ၁,၀၀ဝ အထိ အစိုးရက ‌ကောက်ခံပြီး အလုပ်ရှင်များမှတဆင့် ‌ကောက်ခံ‌ပေးခြင်းလည်း ဖြစ်သည်။

‌ရွှေ့‌ပြောင်းအလုပ်သမားများ ‌ပေး‌ဆောင်ရမည့် ရန်ပုံ‌ငွေကို ယခင် ၂၀၁၃ခုနှစ်၊ မတ်လ ၁ရက်‌နေ့မှစ၍ ‌ခြောက်လအတွင်း ‌ပေး‌ဆောင်ရန် သတ်မှတ်ထားရာမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ‌ပေး‌ဆောင်ရမည့် ရန်ပုံ‌ငွေမှာ မတ်လ ၁ရက်‌နေ့မှစတင်ကာ ‌လေးလအတွင်း အပြီး‌ပေး‌ဆောင်ရမည်ဟု ထိုင်းအစိုးရက ‌ပြောင်းလဲသတ်မှတ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ‌ရွှေ့‌ပြောင်းအလုပ်သမား ၃သန်း‌ကျော်ရှိသည့်အနက် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်‌ရေး ရန်ပုံ‌ငွေ ‌ပေး‌ဆောင်ရခြင်း ကိစ္စနှင့် ပတ်သက်၍ ယာယီနိုင်ငံကူးလက်မှတ်နှင့် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်‌ဆောင်ထားသူ ၉သိန်းခန့်အတွက် သာ အကျုံးဝင်သည်ဟု ဦးမိုးကြိုးက ‌ပြောဆိုသည်။