Home သတင်း စစ်တပ်သိမ်းလယ်ဧက ၃၀ဝ ပြန်ရရှိရန်တင်ပြမှု ကို ‌မြေစာရင်းဦးစီးဌာန မ‌ဖြေရှင်း‌သေး

စစ်တပ်သိမ်းလယ်ဧက ၃၀ဝ ပြန်ရရှိရန်တင်ပြမှု ကို ‌မြေစာရင်းဦးစီးဌာန မ‌ဖြေရှင်း‌သေး

2102
ဇွန်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

Confiscated firmပဲခူးတိုင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ‌ကျေးရွာများတွင် စစ်တပ်မှ သိမ်းယူ ခဲ့‌သော လယ်‌မြေဧက ၃၀ဝကို ပြန်လည် ရရှိနိုင်ရန်အတွက် ‌မြေစာရင်းဦးစီးဌာနသို့ ဇွန် ၂ဝရက်‌နေ့တွင် မူလပိုင်ရှင် လယ်သမားများကိုယ်တိုင် သွား‌ရောက်တင် ပြ‌သော်လည်း ၎င်းတို့အား ‌တွေ့ဆုံခြင်းမရှိခဲ့ဟု သွား‌ရောက်တင်ပြခဲ့သည့် လယ်သမားများက ‌ပြောဆိုသည်။

“‌မြေစာရင်းဦးစီးက ‌မြေတိုင်းစာ‌ရေး ‌ဇော်မင်းဦးကို လာကြည့်ဖို့ ‌ပြောပါတယ်။ ‌မြေတိုင်းဦးစီးမှုး ဦးဝင်းလှိုင်ကိုလည်း စာနဲ့ တင်ပြ ထားပါတယ်။ ကျ‌နော်တို့‌တွေ ရုံးကိုလိုက်သွားကြ‌တော့လည်း ကျ‌နော်တို့ကို ထွက်မ‌တွေ့ကြပါဘူး။ ကျ‌နော်ဆိုရင် ရှိသမျှ ဘိုးဘွားပိုင် ၁၃ဧကစလုံး လုပ်စားစရာမရှိ‌တော့တာပါ။”ဟု လယ်‌မြေဆုံးရှုံးခဲ့သူ ‌ဒေသခံရွာသား ‌စောဒိုထူးက ‌ကေအိုင်စီသို့ ရှင်းပြသည်။

အဆိုပါ စစ်တပ်အသိမ်းခံရသည့် လယ်‌မြေဧက ၃၀ဝမှာ ‌တောင်ငူမြို့နှင့် ၇မိုင်ခန့်သာ ကွာ‌ဝေး‌သော ဇီးဖြူကုန်းရွာ၊ တ‌ပြေးရွာ၊ ပြင်ခန်းရွာများမှ လယ်သမားများပိုင်‌သော လယ်‌မြေများဖြစ်ပြီး ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်‌အောက်ခံ တပ်ရင်းများမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။

၎င်းလယ်‌မြေများကို ‌ဒေသခံရွာသားများ၏ အိမ်‌ထောင်စု ၆ဝက မှီခို‌နေကြရပြီး သိမ်းယူခဲ့သည့် စစ်တပ်မှ လယ်သမားများအား သီးစားချ‌ပေးခဲ့ရာ မူလပိုင်ရှင်များမှ သီးစားခ မ‌ပေးနိုင်၍ ဘိုးဘွားပိုင်လယ်‌မြေများ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းလယ်သမားများအတွက် ကူညီ‌ပေး‌နေ‌သော ‌ဒေသခံတစ်ဦးက “မူလလယ်သမား‌တွေက သီးစားခကို ‌လျှော့‌ပေးဖို့ ‌ပြောခဲ့ပါ တယ်။ မရခဲ့ကြပါဘူး။ ‌ပေးနိုင်တဲ့လူ‌တွေကိုပဲ လုပ်ခွင့်‌ပေးခဲ့တာပါ။ အရင်က မ‌ပြောရဲဘူး။ အခု ‌ပြောရဲလို့ ကိုယ့်လယ်ကို ပြန်လို ချင်လို့ သွား‌တောင်းဆိုကြတာပါ။ ထန်းတပင်က ‌မြေတိုင်းရုံးအထိ သွားတင်ပြကြတာ။ မရှင်း‌ပေးနိုင်ပါဘူး။”ဟု ဆိုသည်။

ထန်းတပင်မြို့နယ် ‌မြေစာရင်းဦးစီးဌာနက ထိုကိစ္စကို မ‌ဖြေရှင်း‌ပေးသည့်အပြင် လက်ရှိ စစ်တပ်သိမ်းလယ်‌မြေများတွင် သီးစား လုပ်‌နေသူများကလည်း နဂိုမူလ လယ်ပိုင်ရှင်များကို ကန့်ကွက်‌နေသည်ဟုလည်း သိရသည်။ လယ်သိမ်းခံခဲ့ရ‌သော ‌ကျေးရွာသုံး ရွာမှာ ကရင်လူမျိုးများ ‌နေထိုင်ကြပြီး စစ်တပ်မှ လယ်‌မြေသိမ်းယူပြီး‌နောက်ပိုင်းတွင် စားဝတ်‌နေ‌ရေးအတွက် ‌နေ့စားကျဘမ်းအ လုပ်များကိုသာ လုပ်ကိုင်‌နေကြရသည်။

လယ်‌မြေကိစ္စ တင်ပြမှုနှင့် ပတ်သက်၍ ထန်းတပင်မြို့နယ် ‌မြေစာရင်းရုံးသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ဝန်ထမ်းတစ်ဦး က “‌မြေစာရင်းဦးစီးမှူး အစည်းအ‌ဝေးတက်‌နေတယ်။ ဒီကိစ္စ ကျ‌နော်လည်း မသိဘူး။”ဟု ပြန်လည်‌ပြောဆိုသည်။

ယခုကဲ့သို့ ပြန်လည် တင်ပြ‌တောင်းဆို‌သော လယ်‌မြေများမှာ ၁၉၈၉ခုနှစ်မှစတင်၍ စစ်တပ်မှ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၈၈အ‌ရေး အခင်း မဖြစ်မီအထိ ‌မြေခွန်‌ပေး‌ဆောင်ထားရကာ လယ်‌မြေအချို့မှာ တပ်နှင့် ရင်းနှီးသူများသာ လုပ်ပိုင်ခွင့်ရထားသည်ဟုလည်း သိရသည်။