(လကင်္ာဒီပ)
ရွှေတုံးငွေတုံး ကျွန်းသစ်တုံး
ထုံးကျောက် ခနောက်စိမ်း
ရာခပ်သိမ်းလည်း ကလော်လို့ကုန်ပြီ။
ဘာများကျန်သေးလို့တုန်း
ဘုန်းတောက်တဲ့ ဆရာတော်ရုပ်ကလပ်တွေ
ရွှေကြာပင်ခေါင်းဆောင်ကြီးတွေ
ပဒေသာပင်ကြီးတွေ တဖောင်ဖောင်
ခေါင်းထောင်လာတာမှန်သမျှ
ခြွေချနာမ်နှိမ်ထားတာတွေ
ကရင်တွေဇာတိမာန်
ခက်ထန်လာမှာစိုးသတဲ့လား။
ဘာများကျန်သေးလို့တုန်း
အုတ်အုတ်ကျက်ကျက် ရန်မီးပွားကြစေရေး
ဘာသာရေးထိုးခွဲပျက်ယွင်း
ဇာတ်တူချင်းစားတတ်အောင်လမ်းထွင်
ကရင်တွေ မညီညာမှသာ
ဒင်းတို့နေရာမြဲမယ် ဆိုကြသတဲ့။
ဘာများကျန်သေးလို့တုန်း
တစ်သက်လုံး ကျွန်သာသာဖြစ်စေချင်တဲ့
ပညာမဲ့လူတန်းစား
စာပေများမဲ့လူရမ်းကား
ဓလေ့များမဲ့သူဖုန်းစား
ကရင်များ တဖြုတ်ပြီးတဖြုတ်
ကျူငုတ်တောင်မကျန်စေချင်တဲ့စကား
မှတ်မှတ်သားသား အမွေထားခဲ့ကြတယ်။
ဘာများကျန်သေးလို့တုန်း
ပျက်သုဉ်းယွင်းပျောက်အောင် ကြံစည်
ရခိုင်ပြည်နယ်စပ်ကနေ
ဧရာ ပဲခူးရိုးမ မြေလတ်ပါမကျန်
အဖန်ဖန် နယ်ချဲ့သိမ်းပိုက်ယူငင်
သံလွင်နဲ့ တနသင်္ာ
ပြေးစရာမြေမကျန်အောင်ပြု
ခုထိ ကရင်တွေများ
သဘောထားကြီးနေကြတုန်း။
ခုလည်းကြည့်လေ
ပူးကပ်နူးနှပ်နေလိုက်ကြတာ
ယမကာကြိုက်ကြီးတွေ ခေတ်များလား အောက်မေ့ရတာ
သူ့ထက်ငါပဲအမျိုးကို
ပိုချစ်ပြသူတွေက ပိုနှစ်နေကြလေတော့
ကျောကော့ကာခံနေကြပေါ့ ညီအစ်ကိုတို့ရေ
ပေ ဖြစ်ရတာ မစားသာဘူးလို့ ခံယူကြတဲ့တစ်နေ့။
ကဗျာမဟုတ်တဲ့ကဗျာတပုဒ်
ညာတုတ်ပြီး ရွှီးလို့မရ
လှစ်ပြနေတဲ့သမိုင်းများ
စကားလုံးကုန်အောင်တောင်
ဘောင်ကျော်ထုတ်ပြဖို့ရန် ခက်ခဲလှဆဲ
သဲချောင်းက ဇွဲကောင်းခဲ့တဲ့ မျိုးဆက်ဇာတ်လမ်း
ခမ်းနားထည်ဝါမှု ဘယ်သူယူငင်လို့ပေးနိုင်ပါ့။
ဧပြီလ ၂၂ရက်၊ ၂၀၁၃ခုနှစ်။