Home သတင်း KNU ဖားအံခရိုင်မှ ၆၄နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ BGF တက်‌ရောက်ဆင်နွှဲ

KNU ဖားအံခရိုင်မှ ၆၄နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ BGF တက်‌ရောက်ဆင်နွှဲ

2329
ဇန်နဝါရီလ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဌာနချုပ်နယ်‌မြေ၌ ယ‌နေ့ကျင်း ပသည့် ၆၄နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားတွင် နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင် ၅ဝခန့် တက်‌ရောက်ဆင်နွှဲခဲ့ သည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA မှ နယ်ခြား‌စောင့်တပ်သို့ ‌ပြောင်းလဲခဲ့ ပြီးကတည်းက KNU နှစ်စဉ် ပြုလုပ်ကျင်းပသည့် ကရင့်‌တော်လှန်‌ရေး‌နေ့ကို နယ်ခြား‌စောင့်တပ်မှ ယခုလို ပထမဦးအကြိမ် တက် ‌ရောက်ခဲ့ခြင်း ဖြစ်သည်။

ကရင့်‌တော်လှန်‌ရေး အခမ်းအနားတက်‌ရောက်ခဲ့သူ BGF (၁၀၁၅)တပ်ရင်းမှ (ဗိုလ်မှူး)‌စော‌မောင်လဝါက “ကရင့်‌တော်လှန်‌ရေး ‌နေ့ကို အခုလို တက်‌ရောက်ဆင်နွှဲခွင့်ရတာ ပထမဦးဆုံး အကြိမ်ပါ။ ‌နောက် ကိုယ့်လူထု‌တွေကို အခုလို စုံစုံညီညီ‌တွေ့‌တော့ အရမ်းကို ဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ကရင်ပြည်သူလူထုများ တည်ငြိမ်‌အေးချမ်းစွာ ‌နေထိုင်နိုင်‌ရေးအတွက် တာဝန်ထမ်း‌ဆောင်သွားရန် KNU နှင့်အ တူ သ‌ဘောထား တစ်ထပ်တည်းရှိ‌ကြောင်းလည်း အဆိုပါ BGF ဗိုလ်မှူးက ဖြည့်စွက်‌ပြောဆိုသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက “ဒီနှစ်မှာ‌တော့ အရင်နှစ်‌တွေလို မဟုတ်ပဲ အစိုးရတပ်ဖွဲ့ ဝင်ဖြစ်သွားတဲ့ BGF လည်း ဒီ‌နေ့လိုပွဲမှာ တက်‌ရောက်တာ‌တွေ့ရ‌တော့ အရမ်းဝမ်းသာတယ်။ ‌နောက်နှစ်ကျရင်လည်း ဒီလိုပဲ စုစု စည်းစည်းနဲ့ ‌တွေ့ဆုံကြဖို့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် KNU ဥက္ကဌဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်နှင့် စစ်ဘက်ဆိုင်ရာ တာ ဝန်ရှိသူများ အပါအဝင် BGF တပ်ဖွဲ့ဝင်အချို့နှင့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၊ ကရင်မျိုးဆက်သစ်‌ကျောင်းသား၊ ‌ကျောင်းသူများ စသည့်လူထုပရိဿတ် ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက “ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ စည်းလုံးညီညွတ်မှု မရှိခဲ့ကြလို့ တခြားလူမျိုးစုရဲ့ ဖိနှိပ်ချုပ်ချယ်မှု‌အောက်မှာ ‌နေထိုင်လာခဲ့ရတယ်။ ကရင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်ရှိဖို့ ကရင်တမျိုးသား လုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်‌ဆောင်တဲ့‌နေရာမှာ KNU မှာပဲ တာဝန်ရှိတာမျိုး မဟုတ်ပဲနဲ့ တမျိုးသားလုံး ပါဝင်လုပ်‌ဆောင် သွား‌စေချင်ပါတယ်”ဟု ‌ပြောကြားသွားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ‌တော်အစိုးရနှင့် KNU တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီထားခဲ့ပြီး ဖြစ်‌သော်လည်း ခိုင်မာသည့် အပစ်အခတ်ရပ်စဲ‌ရေးအဆင့် ‌ရောက်ရှိ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိရန် အခြားတိုင်းရင်းသား မဟာမိတ်အင် အားစုများနှင့် ပူး‌ပေါင်းကာ နိုင်ငံ‌ရေးအဆင့်‌ရောက် ရှိသည်အထိ ဆက်လက် လုပ်‌ဆောင်သွားမည်ဟုလည်း ဥက္ကဌ ‌စောမူတူး‌စေး ဖိုးက ‌ပြောကြားခဲ့သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “ကရင်လူမျိုး‌တွေဟာ တိုက်ပွဲကိုလိုလားလို့ ‌တော်လှန်‌ရေး စခဲ့ကြတာ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှု‌တွေရှိဖို့ စတင်ခဲ့တာ။ ဒါ‌ကြောင့် ယ‌နေ့ထိ ကရင်အမျိုးသား‌ရေးအ တွက် အသက်၊ ‌သွေး၊ ‌ချွေး‌တွေနဲ့ ‌ပေးဆပ်ခဲ့သူ‌တွေကို ပြန်လည်သတိရပြီး နှစ်စဉ် ဂုဏ်ပြုခဲ့တဲ့‌နေ့ဖြစ်သလို ကျ‌နော်တို့လိုချင်တဲ့ ပန်းတိုင်ကို‌ရောက်‌အောင်သွားကြဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်‌ဆောင်သွားကြဖို့ လိုအပ်တယ်”ဟု ‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် အခမ်းအနား၌ နံနက် ၇နာရီမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားတွင် စစ်‌ရေးပြခြင်း၊ စစ်‌ရေး ပြစစ်သည်များကို KNU စစ်ဦးစီးချုပ်မှ လိုက်လံစစ်‌ဆေးခြင်း၊ ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်းနှင့် ဒုံးယိမ်းကခြင်း စသည့်အစီအစဉ်များ ပါဝင်သည်။

အလားတူ ယ‌နေ့ကျ‌ရောက်သည့် ၆၄နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ကို KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇) ဌာနချုပ်အ ပြင် ကျန်တပ်ရင်း၊ တပ်မဟာများ၌လည်း အသီးသီး ကျင်းပခဲ့ကြရာ ‌ကော့ကရိတ်မြို့နယ်၊ အူးက‌လေးခီး‌နေရာ၌ ပြုလုပ်သည့် ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသို့ KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် တက်‌ရောက်ခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ဗြိတိသျှကိုလိုနီလက်‌အောက်မှ လွတ်လပ်‌ရေးရရှိပြီး‌နောက် ကရင်အမျိုးသားများသည် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံသို့ နိုင်ငံ‌ရေးနည်းဖြင့် ‌တောင်းဆို၍ မရရှိခဲ့သဖြင့် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီ လ ၃၁ရက်‌နေ့တွင် လက်နက်ကိုင်‌တော်လှန်‌ရေးလမ်းစဉ်ကို စတင်လာခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။