Home သတင်း နှစ် ၃၀‌ကျော် ထုတ်‌ဝေမှုရပ်နား ထားသည့် တက္ကသိုလ်ကရင် မဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေမည်

နှစ် ၃၀‌ကျော် ထုတ်‌ဝေမှုရပ်နား ထားသည့် တက္ကသိုလ်ကရင် မဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေမည်

2267
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

နှစ်‌ပေါင်း ၃ဝ ‌ကျော်ကြာထုတ်‌ဝေမှုရပ်နားထားသည့် တက္ကသိုလ်ကရင်မဂ္ဂဇင်းကို ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တက္ကသိုလ်များ ရန်ကုန်မှ ဦး‌ဆောင်၍ ပြန်လည်ထုတ်‌ဝေရန် စီစဉ်‌နေ‌ကြောင်း ယင်း‌ကော်မတီ၏ တွဲဖက်ဘဏ္ဍာ‌ရေးမှုးတစ်ဦးဖြစ် သူ လက်ရှိ ရန်ကုန်တက္ကသိုလ်၊ ဇီဝ‌ဗေဒဌာန လက်‌ထောက် ကထိက ‌ဒေါက်တာနန့်သင်းသင်းကြွယ်က ‌ကေအိုင်စီသို့ ‌ပြောကြား သည်။

“အခုစာမှု‌တွေကို စု‌နေပါတယ်။ ဒီ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ပြန်ထုတ်‌ဝေနိုင်‌အောင် စီစဉ်‌နေပါတယ်။ ဒီမဂ္ဂဇင်း ‌နောက်ဆုံး ထုတ်ခဲ့တာက ၁၉၈၁-၈၂ ပညာသင်နှစ်တုံးကပါ။ ပြန်ထုတ်တဲ့ရည်ရွယ်ချက်က‌တော့ ‌နောင်‌တော်ကရင်‌ကျောင်းသားကြီး‌တွေရဲ့ အစဉ်အလာကို ထိန်းသိမ်းတာရယ်၊ ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ လှုပ်ရှားမှု‌တွေကို ‌ဖော်ပြဖို့ရယ်၊ ‌နောက်ပြီး ‌ကျောင်း သား‌တွေ စည်းစည်းလုံးလုံးနဲ ့လုပ်တတ်‌အောင် ရည်ရွယ်ပြီး ထုတ်‌ဝေသွားမှာ ဖြစ်ပါတယ်”ဟု ‌ဒေါက်တာ နန့်သင်းသင်းကြွယ်က ဆိုသည်။

ယခုကဲ့သို ့တက္ကသိုလ် ကရင်မဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေမည့် အစီအစဉ်မှာ ‌ကောင်းမွန်၍ ကြိုဆိုရမည်ဖြစ်‌ကြောင်း ‌စောထွန်း ‌အောင်ချိန်(အငြိမ်းစားပါ‌မောက္ခ)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်က ယခုလို မှတ်ချက်ပြု ‌ပြောဆိုသည်။

သူက “ကရင်တက္ကသိုလ်မဂ္ဂဇင်းက အစဉ်အလာကြီးတဲ့ မဂ္ဂဇင်းတစ်‌စောင်ဖြစ်တယ်။ ဟိုတုန်းက‌တော့ အဂင်္လိပ်စာ၊ မြန်မာစာ၊ ကရင်စာ‌တွေနဲ့ ကဏ္ဍစုံ ထုတ်နိုင်ခဲ့တယ်။ ‌နောက်ပိုင်း ‌ကျောင်းသား‌တွေ စုစည်းမှု နည်းသွားတာရယ်၊ ‌ကျောင်း ခဏခဏ ပိတ် ‌တော့ မထုတ်ဖြစ်‌တော့ဘူး။ အခုလို ပြန်ထုတ်မယ်ဆိုတာ ကြိုဆိုတယ်။ အစဉ်အလာတစ်ခုကို ထိန်းသိမ်းတာလည်းဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် မိမိတို့ ကရင်လူငယ်‌ကျောင်းသားများအ‌နေဖြင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ပြန်လည် ဦး‌ဆောင်ထုတ်‌ဝေ မည့် ကရင်တက္ကသိုလ်မဂ္ဂဇင်း ထုတ်‌ဝေ‌ရေးတွင် တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ရန်ကုန်ပညာ‌ရေး တက္ကသိုလ် စတုတ္ထနှစ်‌ကျောင်းသူ ‌နော်မြ‌ထွေးဖြူက ‌ပြောဆိုသည်။

ယင်းမဂ္ဂဇင်း ပြန်လည်ထုတ်‌ဝေ‌ရေးအတွက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တက္ကသိုလ်များရန်ကုန်တွင် ရန်ကုန်အ‌ရှေ့ ပိုင်းတက္ကသိုလ်၊ ရန်ကုန်အ‌နောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်စီးပွား‌ရေးတက္ကသိုလ်များ ပါဝင်ကြသည်။

လတ်တ‌လောတွင် ရန်ကုန်မြို့အနီးတဝိုက်ရှိ တက္ကသိုလ်‌ကျောင်းများမှ ‌ကျောင်းသားများထံ စာမူများ ‌တောင်းခံထား‌ကြောင်း၊ ကဏ္ဍ‌ပေါင်းစုံ ပါဝင်ရန် ကြိုးစားလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းနှင့် တနှစ်တကြိမ် နှစ်ပတ်လည်မဂ္ဂဇင်းအ‌နေဖြင့် နှစ်စဉ် ထုတ် ‌ဝေသွားနိုင်ရန်လည်း ရည်ရွယ်ထား‌ကြောင်း ‌ဒေါက်တာ နန့်သင်းသင်းကြွယ်က ‌ပြောကြားသည်။