Home ကဗျာ ‌မြောင်းကျဉ်း‌လေး (ကဗျာ)

‌မြောင်းကျဉ်း‌လေး (ကဗျာ)

1942
ရွက်ရိပ်(လးယှူး)၊(ဝင်း‌ရော်‌မြေ)

• သဲကန္တာရထဲမှာ
ငတ်တစ်လှည့်ပြတ်တစ်လှည့်
ခရီးနှင်ရင်း လမ်း‌ပျောက်
မွဲ‌တေမှုနှင့် ရင်‌ကော့ရင်း
က‌လေး‌တွေ ငိုယိုသံနှင့် နားယဉ်ပါး၊၊

• နှင်လိုက်တဲ့ ဘဝခရီး
ဦးတည်ချက်‌တွေ ‌နောက်ပြန်‌ရောက်
ကျဉ်း‌မြောင်း ကတ်သတ်ပိတ်ဆို ့တဲ့
လမ်းကျဉ်း‌လေးမှာ လမ်း‌ပျောက်ရှာရင်း
ဒုက္ခ‌ရောက်‌နေသူ‌တွေအတွက်
အံဩဖို ့ရာ မဟုတ်‌တော့ပါ၊၊

• တဖိတ်ဖိတ်လင်းလက်
‌တောက်ပ‌နေတဲ့ ‌ရေ‌ပေါ်ဆီ‌တွေအတွက်
ဘုရားသခင် အလို‌တော်ဆိုပြီး
စကားဆိုလာကြတယ်၊၊

• တူညီတာ‌တွေစုစည်း
ဘိုးတူဘသား စီးပိုးအား‌ကောင်းတဲ့
တို ့ပတ်ဝန်းကျင် ‌မြောင်းကျဉ်း‌လေးထဲမှာ
မင်းငါ့ကိုမ‌စောင့်နဲ ့‌တော့သူငယ်ချင်း

ရွက်ရိပ်(လးယှူး)
(ဝင်း‌ရော်‌မြေ)