Home ကဗျာ ဖ‌ယောင်းတိုင်‌လေး (ကဗျာ)

ဖ‌ယောင်းတိုင်‌လေး (ကဗျာ)

1865
အညတြစစ်သည် (ဝင်း‌ရော်‌မြေ)

• ဖ‌ယောင်းတိုင်‌လေး
မင်းသာဖြူစင်ရိုးသား ‌ဖြောင့်မတ်တည်ကြည်
မှန်ကန်စွာဖြင့်
အများအတွက် အလင်းရ‌အောင်
ထွန်းလင်း‌တောက်ပ‌စေခဲ့တယ်၊၊

• ဖ‌ယောင်းတိုင်‌လေး
‌လေစိမ်း‌လေရိုင်း မုန်တိုင်းကြမ်း‌စေ
မမှု‌သေချာ များသူငှာတွက်
‌မှောင်မိုက်‌သောလမ်း
အလင်းတန်းဖြာ‌အောင်
ရွက်‌ဆောင်‌ပေး‌နေပါ‌သော်လည်း
မင်းမှာမျက်ရည်စ‌တွေနဲ ့၊၊

• ဖ‌ယောင်းတိုင်‌လေး
အ‌မှောင်ဖယ်ရှင်း
အလင်းဖြာထွက်
ရက်ဆက်ရှိဖို ့
မားမားရပ်တည်
မ‌ကောင်းမှုတွန်းလှန်
အထွန်းခံသည့် ဖ‌ယောင်းတိုင်၊၊
အညတြစစ်သည်
(ဝင်း‌ရော်‌မြေ)