Home သတင်း နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ ပိုလန်နိုင်ငံသို့ ခရီးထွက်ခွာမည်

နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ ပိုလန်နိုင်ငံသို့ ခရီးထွက်ခွာမည်

1706
ဩဂုတ်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ပိုလန်နိုင်ငံခြား‌ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)၊ ကြံ့ခိုင်‌ရေးပါတီ၊ တစညပါတီနှင့် ညီ‌နောင်တိုင်း ရင်းသားပါတီများ(NBF)မှ ကိုယ်စားလှယ်များ ပိုလန်နိုင်ငံသို့ သွား‌ရောက်ရန် ယ‌နေ့ည‌နေပိုင်းတွင် ရန်ကုန်‌လေဆိပ်မှ စတင် ထွက်ခွာကြ မည်ဖြစ်သည်။

ခရီးစဉ်တွင် NLD ပါတီမှ ကိုယ်စားလှယ် အ‌ယောက် ၂ဝခန့် ပါဝင်မည်ဖြစ်ပြီး ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးပါတီ(တစည)မှ ကိုယ်စားလှယ်အချို့နှင့် ညီ‌နောင်တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်တဦးစီ ပါဝင်ကြသည်။

“NLD ပါတီက ဦး‌ရေအများဆုံးပါတယ်။ တခြားပါတီ‌တွေလည်း ပါတယ်။ ဒါ‌ပေမယ့် ဦး‌ရေ ဘယ်‌လောက်ပါမလဲ‌တော့ မ‌ပြောတတ်ဘူး။ ညီ‌နောင်ပါတီ‌တွေကျ‌တော့ တဦးစီ ပါပါတယ်။ စုစု‌ပေါင်းဆို အ‌ယောက် ၃၀‌လောက် ပါမယ်ထင်တယ်”ဟု ခရီးစဉ်တွင် ပါဝင်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌နော်ယုဇနဝါက ‌ပြောသည်။

ယခုခရီးစဉ်သည် တစ်ပတ်ကြာသွားမည့် ခရီးစဉ်ဖြစ်ပြီး ပိုလန်နိုင်ငံအ‌နေဖြင့် ၎င်းတို့နိုင်ငံ၏ ဒီမိုက‌ရေစီ နိုင်ငံ‌ရေးအကူးအ‌ပြောင်းကို မည် သို့မည်ပုံ ‌အောင်‌အောင်မြင်မြင် လုပ်‌ဆောင်ခဲ့သည်ကို Workshop ‌ပေးသည့်သ‌ဘောမျိုးဖြင့် ဖိတ်‌ခေါ်ခြင်းဖြစ်‌ကြောင်းလည်း သူမက ‌ပြော သည်။

ပိုလန်နိုင်ငံမှ ရရှိလာသည့် နိုင်ငံ‌ရေးအ‌တွေ့အကြုံကို မိမိနိုင်ငံအတွင်း ပြန်လည် အ‌ကောင်အထည်‌ဖော်နိုင်မည်ဆိုပါက ဒီမိုက‌ရေစီ အကူး အ‌ပြောင်း ‌အောင်မြင်နိုင်မည်ကိုလည်း ‌မျှော်လင့်‌ကြောင်း ပါတီကိုယ်စားလှယ်များက ‌ပြောဆို‌နေကြသည်။

‌နော်ယုဇနဝါက “ဒီခရီးစဉ်က‌နေ ပိုလန်နိုင်ငံက အ‌တွေ့အကြုံ‌တွေ ရရှိမယ် ထင်ပါတယ်။ ဒါ‌ပေမယ့် ပိုလန်နိုင်ငံက ရလာမဲ့ အ‌တွေ့အကြုံကို တိုင်းရင်းသားပါတီအ‌နေနဲ့‌ရော ပါတီကြီး‌တွေဖြစ်တဲ့ NLD၊ ကြံ့ခိုင်‌ရေးပါတီတို့က အ‌ကောင်အထည်‌ဖော်မယ်ဆိုရင်‌တော့ ဒီမိုက‌ရေစီ အကူး အ‌ပြောင်း ‌အောင်မြင်မှာ‌ပေါ့‌နော်”ဟု ဆိုသည်။

ညီ‌နောင်တိုင်းရင်းသားပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ပါဝင်သည်။

ညီ‌နောင်ပါတီများတွင် တိုင်းရင်းသားပါတီ ၆ခုပါဝင်ပြီး တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (INDP)၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုက‌ရေစီပါတီ (DNDP)၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (INDP) နှင့် အရှိုချင်းအမျိုးသားများပါတီ (ACNP)တို့ လည်း အဖွဲ့ဝင်များအဖြစ် ပါဝင်နိုင်ရန် ကမ်းလှမ်းထား‌ကြောင်း သိရသည်။