Home သတင်း အပြုသ‌ဘော‌ဆောင်သည့် Black List စာရင်း ပယ်ဖျက်ခြင်းမျိုးကို အတိုက်အခံများ ကြိုဆို

အပြုသ‌ဘော‌ဆောင်သည့် Black List စာရင်း ပယ်ဖျက်ခြင်းမျိုးကို အတိုက်အခံများ ကြိုဆို

2043
ဩဂုတ်လ ၃၁ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အစိုးရအ‌နေဖြင့် ပြည်ပနိုင်ငံများတွင် နိုင်ငံ‌ရေးလှုပ်ရှား‌နေသူများကို ယခင်က သတ်မှတ်ထားသည့် Black list နာမည်ပျက်စာရင်းများမှ ပယ်ဖျက်‌ပေးလိုက်ခြင်းသည် အတိုက်အခံအဖွဲ့အစည်းများ၏ လုပ်‌ဆောင်ချက်များကို အသိအမှတ်ပြုသည့် သ‌ဘော‌ဆောင်ပါက ကြိုဆို‌ကြောင်း ပယ်ဖျက်ခံရသည့် စာရင်းတွင် ပါဝင်သူ အတိုက်အခံများက ‌ပြောသည်။

နိုင်ငံ၏ ‌ကောင်းရာ‌ကောင်းကျိုးအတွက်၊ ဖွံ့ဖြိုး‌ရေးအတွက်၊ စနစ်တစ်ခု ‌ပြောင်းလဲဖို့အတွက် လုပ်‌ဆောင်‌နေသည့် အ‌နေအထား‌ပေါ်တွင် အမည်ပျက်စာရင်းထဲတွင် ထည့်သွင်းခံလိုက်ရသည်ကို မသိရှိလိုက်‌သော်လည်း ယခုကဲ့သို့ ပယ်ဖျက်‌ပေးလိုက်ခြင်းအ‌ပေါ် ကြိုဆို‌ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)- WLB က အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက ‌ပြောသည်။

၎င်းက “ကျမတို့‌တွေ နိုင်ငံ‌ရေးလုပ်‌နေတယ်ဆိုတာကလည်း ပြည်သူလူထု‌တွေအားလုံး အ‌ခြေခံလူအခွင့်အ‌ရေးနဲ့ အပြည့်အဝ ‌နေထိုင်နိုင် ဖို့အတွက် လုပ်‌ဆောင်‌နေခဲ့ကြတာပါ။ ‌ရှေ့ဆက်ပြီးလည်း လုပ်‌ဆောင်‌နေကြဦးမှာပါပဲ။ ဒါကို ဆက်လုပ်ဖို့အတွက် သူတို့က(အစိုးရ) အသိ အမှတ်ပြုပြီး‌တော့မှ Black list က‌နေ အခုလိုမျိုး ပယ်ဖျက်လိုက်တယ်လို့ ခံယူမယ်ဆိုလို့ရှိရင်‌တော့ ဒါဟာ မဆိုးဘူးလို့‌ပြောလို့ရပါတယ်” ဟု ‌ပြောသည်။

တဆက်တည်းမှာပင် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ)-AAPP က အတွင်း‌ရေးမှူး ဦးတိတ်နိုင်က လည်း ယခုလို နာမည်ပျက်စာရင်း ပယ်ဖျက်‌ပေးလိုက်ခြင်းမှာ မည်မျှအထိ အ‌နှောင်အဖွဲ့ကင်းမည်ကို မရှင်းလင်းလှ‌သော်လည်း ယခုလို ပယ်ဖျက်ခံလိုက်ရမှုအ‌ပေါ် ‌ကောင်း‌သောလက္ခဏာ‌ဆောင်‌ကြောင်း ယခုလို ‌ပြောသည်။

ဦးတိတ်နိုင်က “ကျ‌နော်အပြင် AAPP က အမှု‌ဆောင်‌ဟောင်း‌တွေပါ ပါတယ်ဆို‌တော့ ကျ‌နော်တို့ AAPP ရဲ့ လုပ်ငန်း‌ဆောင်တာ‌တွေကို တစုံတရာ အသိအမှတ်ပြုလိုက်တဲ့ သ‌ဘောမျိုး‌တော့ သက်‌ရောက်ပါတယ်။ ဒါ‌ပေမယ့် ဘယ်‌လောက်ထိ ‌နှောင်ကြိုးမဲ့‌နေမလဲ၊ ဘာဖြစ်လို့ လဲဆို‌တော့ အခု ပယ်ဖျက်လိုက်တဲ့ လူ‌တွေထဲမှာဆိုရင် မျက်ကွယ် ‌ထောင်ချထားတဲ့လူ‌တွေရှိတယ်။ အဲ့လိုလူမျိုး‌တွေကို ဘယ်လိုပုံစံနဲ့ ခွင့် ပြုသွားမလဲ၊ လက်ခံသွားမလဲဆိုတာကို‌တော့ ကျ‌နော်တို့ ထပ်သိချင်ပါ‌သေးတယ်”ဟု ‌ပြောသည်။

ယခုထုတ်ပြန်လိုက်သည့် Black list ပယ်ဖျက်စာရင်းထဲတွင် နာမည်ထပ်‌နေမှုများ၊ အလုပ်အကိုင်‌ဟောင်းများ၊ ‌သေသွားသူများ၏ အမည် များပါ‌နေသဖြင့် အစိုးရ၏ မှတ်တမ်းများအရ မရှင်းမလင်းဖြစ်‌နေ‌ကြောင်းလည်း ထိုင်းအ‌ခြေစိုက် နိုင်ငံ‌ရေး လှုပ်ရှား‌ဆောင်ရွက်သူများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

ထိုပယ်ဖျက်ခံရသည့် အမည်မည်းစာရင်းပါ ကရင်အမျိုးသမီးအစည်းအရုံးမှ အလုပ်အမှု‌ဆောင်‌ဟောင်းတစ်ဦးက “ဒီ(Black List) စာရင်း ဟာ Update မလုပ်ထားတဲ့ စာရင်း‌ဟောင်းဖြစ်‌နေသလို လူတစ်ဦးတည်းနဲ့ အမည်‌ပြောင်းပြန်ဖြစ်ပြီး နှစ်ဦး ဖြစ်‌နေတာ‌တွေရှိ‌တော့ ဒါ မှတ် တမ်းမှတ်ရာ စနစ်တကျမလုပ်ဖူးဆိုတာ ‌ပေါ်လွင်‌နေပါတယ်။ အစိုးရတစ်ရပ်အ‌နေနဲ့ ဒီမိုက‌ရေစီစနစ်ကို ‌လျှောက်လှမ်းချင်တယ်ဆိုရင် ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ အ‌တွေးအ‌ခေါ်မျိုး မရှိသင့်သလို အစိုးရ‌ဟောင်းရဲ့ မသင့်‌လျော်တဲ့မှတ်တမ်း‌တွေကို အစိုးရသစ်က အကုန်ပယ်ဖျက်ပစ် သင့်ပါတယ်”ဟု ဆိုသည်။

ယခုလို ပြည်ပတွင် အတိုက်အခံလုပ်‌နေသူများကို နာမည်ပျက်စာရင်းများမှ သမ္မတဦးသိန်းစိန်အစိုးရအ‌နေဖြင့် ပယ်ဖျက်‌ပေးနိုင်သလို အကျဉ်း‌ထောင်များတွင် ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများကိုလည်း အမြန်ဆုံး လွှတ်‌ပေးရန် လို‌နေ‌သေး‌ကြောင်းလည်း AAPP မှ ဦးတိတ်နိုင်က ထပ်မံ ‌ပြောဆိုလိုက်သည်။

အမည်မည်းစာရင်းမှ ပယ်ဖျက်ခံရသူများကို မိမိတို့‌ရောက်ရှိ‌နေသည့် နိုင်ငံများ၏ သံရုံးများတွင် လက်မှတ်ထိုး‌ပေးရသည့် အ‌ခြေအ‌နေမျိုး အစိုးရဘက်မှ လုပ်‌ဆောင်လာမည်ဆိုပါက ‌ကောင်းသည့် အလားအလာ မရှိနိုင်‌ကြောင်းနှင့် ၎င်းတို့အတွက် အစိုးရမှ မည်သို့ဆက်လက် ‌ဆောင်ရွက်သွားမည်ကို သီးသန့်ထုတ်ပြန်ထားခြင်း မရှိ‌သေးသဖြင့် ‌စောင့်ကြည့်ရန်လို‌သေး‌ကြောင်း အတိုက်အခံများက ‌ပြောဆိုသည်။

ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် သမ္မတရုံးမှ ဩဂုတ်လ ၃ဝရက်‌နေ့က ထုတ်ပြန်လိုက်‌သော Black List ပယ်ဖျက်ခံရသူများ စာရင်းတွင် နိုင်ငံခြားသား ၉၃၅ဦးနှင့် မြန်မာနိုင်ငံသား ၁၁၄၇ဦးတို့ ပါဝင်သည်။