Home သတင်း KICထံမှတဆင့် ‌ဒေါ်‌အောင်ဆန်း စုကြည်ထံသို့ (‌ပေးစာ)

KICထံမှတဆင့် ‌ဒေါ်‌အောင်ဆန်း စုကြည်ထံသို့ (‌ပေးစာ)

1899

သို့

‌ကေအိုင်စီ မှတဆင့် N.L.D ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်းဆန်းစုကြည်ထံသို့ အကြံပြုစာ။

Yangon Press International (Y.P.I) သတင်းဌါနာမှ ထုတ်ပြန်ချက်ကို၊ ၂၅/၂/၁၂ ‌နေ့စွဲဖြင့်၊ မိုးမခ သတင်းဌါနမှ ထပ်ဆင့်ထုပ်ပြန်‌သော သတင်းအရ … N.L.D ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း၊ ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ‌ဒေါ်အင်ဖန်ဂျာရာ နှင့် ‌တွေ့ဆုံစဉ် ‌မေးမြန်းခဲ့‌သော..

(၁) K.I.A ဘာ‌ကြောင့် ဖြစ်‌ပေါ်လာသလဲ။
(၂) ဒီ‌နေ့ထိ ငြိမ်းချမ်း‌ရေး ဘာလို့‌ဆွေး‌နွေးလို့ မရ‌သေးတာလဲ။
‌မေးခွန်းများကို ပြန်လည်‌ဖြေကြားခဲ့‌သော ‌ဒေါ်အင်ဖန်ဂျာရာ ၏‌ဖြေကြားချက်များအရ..
၁၉၄၇ ခုနှစ်၊ လွပ်လပ်‌ရေးရပြီးသည်နှင့် မ‌ရှေးမ‌နှောင်း‌ပေါ်လာ‌သော လူမျိုးစုတိုင်းရင်းသားများနှင့် ဖြစ်ပွားသည့် ပြည်တွင်းစစ်ဖြစ်ပွားရသည့် အ‌ကြောင်းရင်းမှန်ကို ‌သေချာစွာ သိနားလည်မည်ဟု ‌မျော်လင့်ပါသည်။

ရှမ်း၊ ကရင်၊ ရခိုင်၊ မွန်၊ ကရင်နီ စ‌သော လူမျိုးစုများထဲမှ လွတ်လပ်‌ရေးမရမှီက ရှိထားပြီး‌သော ‌ရှေး‌နောက်မှီ ပုဂ္ဂိုလ်များနှင့် ‌တွေဆုံ‌လေ့လာခြင်းဖြင့် ပြည်တွင်းစစ်၏ အ‌ကြောင်းရင်းမှန် အ‌ထောက်အထားများကို ပိုမိုရရှိ နိုင်ပါသည်။ မြန်မာ့တပ်မ‌တော်မှ ထွက်ခွာပြီး နိုင်ငံခြားသို့ ထွက်ခွာခိုလှုံ‌နေ‌သော ဗိုလ်မှူးစိုင်းသိန်းဝင်း ‌ပြော သကဲ့သို့ မြန်မာပြည်တွင်းမှ အဖြစ်ပျက်များကို သိရှိရန်မှာ ပြည်တွင်းသတင်းများကိုသာမက ပြည်ပမှ သတင်း များကိုလည်း ‌လေ့လာရန်လိုပါသည်။

တတ်နိုင်ခဲ့ပါလျှင်ပြည်တွင်းရှိ လူထုအဖွဲ့စည်း အမျိုးမျိုးမှ ‌ရှေး‌နောက်မှီ ပုဂ္ဂိုလ်များသာမကဘဲ ပြည်ပရှိ အတိုက်အခံ လူထုအဖွဲ့ စည်းအတွင်းမှ ‌ရှေး‌နောက်မှီ ပုဂ္ဂိုလ်များနှင့်လည်း ‌တွေ့ဆုံ‌လေ့လာခြင်းဖြင့် ပြည်တွင်း ငြိမ်းချမ်း‌ရေး အမြန်ဆုံးရရန် လုပ်‌ဆောင်မည်ဟု ‌မျော်လင့်ပါသည်။

တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့‌သော၊ မြန်မာ့နည်း မြန်မာ့ဟန်၊ ဆိုရှယ်လစ် (မ.ဆ.လ) လမ်းစဉ်သည်လည်း သက်တမ်းမရှည်ကြာသကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုး‌ရေးအတွက် အ‌ခြေခံကျ‌သော ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်ရာ မှာလည်း လူမျိုးစုတိုင်းရင်းသားများပူး‌ပေါင်းပါဝင်လုပ်‌ဆောင်မှု မရှိခဲ့လျှင် မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုက‌ရေ စီမှာလည်း ကြာရှည်တည်တန့်‌သော ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ပါ။

‌စောအယ်ယား (မယ်လဒုက္ခသည်စခန်း)
၂၈.၂.၂၀၁၂