Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်အား တိုက်ခိုက်သည့်စာဖြန့်‌ဝေမှု ကို NLD တိုင်ကြား

‌ဒေါ်‌အောင်ဆန်းစုကြည်အား တိုက်ခိုက်သည့်စာဖြန့်‌ဝေမှု ကို NLD တိုင်ကြား

2291
‌ဖေ‌ဖော်ဝါရီလ ၂၉ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို တိုက်ခိုက် ‌ရေးသားထားသည့် စာများ ဖြန့်‌ဝေ‌နေမှုကို သက်ဆိုင်ရာအာဏာပိုင်များထံ အ‌ကြောင်းကြားထား‌ကြောင်း NLD က ‌ပြော သည်။

အစိုးရထုတ်သတင်းစာများတွင် ငါးမင်း‌ဆွေအမည်ဖြင့် အတိုက်အခံများအ‌ပေါ် ‌ဝေဖန်‌ရေး‌ဆောင်းပါးများ ‌ရေးသား ခဲ့သူ ဦးမင်း‌ဆွေက ၎င်းစာများကို ရန်ကုန်တိုင်း သုံးခွမြို့နယ်ရှိ လူထုထံဖြန့်‌ဝေ‌နေမှုနှင့် ပက်သက်၍ အ‌ကြောင်းကြားခြင်းဖြစ်‌ကြောင်း NLD‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‌ပြောသည်။

၎င်းက “သူ‌ဝေတဲ့စာ‌တွေမှာ စာ‌ပေဆိုင်ရာခွင့်ပြုချက်‌တွေ ဘာမှမပါဘူး။ ပုံနှိပ်ဥပ‌ဒေနဲ့ ငြိ‌နေပါတယ်။ အန်ကယ် တို့က ဘာလုပ်ပါလို့ မ‌ပြောပါဘူး။ လိုအပ်တဲ့ဟာကို ‌ဆောင်ရွက်‌ပေးပါလို့ သက်ဆိုင်ရာရဲစခန်းနဲ့ အုပ်ချုပ်‌ရေးမှူး ကို တင်ပြလိုက်ပါလို့‌ပြောလိုက်တယ်” ဟု‌ပြောသည်။

ထိုစာထဲတွင် မြန်မာနိုင်ငံအား နိုင်ငံတကာ စီးပွား‌ရေးပိတ်ဆို့မှုသည် ‌ဒေါ်‌အောင်ဆန်းစုကြည်‌ကြောင့်ဖြစ်ပြီး လူ အများ ဆင်းရဲဒုက္ခ‌ရောက်ကြရသည့်အတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် မှားယွင်း‌ကြောင်း ဝန်ခံရမည် ဟု ‌ရေးသားထား‌ကြောင်း ဦးဉာဏ်ဝင်းက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှုများပြုလုပ်‌နေသည့် NLD ပါတီကို လက် ကမ်း ကြိုဆို‌နေသူများ ရှိ‌နေသကဲ့သို့ ‌နှောက်ယှက်ဖျက်ဆီးမှု တချို့လည်း ‌ပေါ်‌ပေါက်‌နေသည်။

ယခုလပိုင်းအတွင်း ‌နေပြည်‌တော်ရှိ NLD ပါတီ၏ ဆိုင်းဘုတ် နှစ်ခုဖျက်ဆီးခံရပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်အား လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း အရည်အ‌သွေးနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ကန့်ကွက်မှုများလည်း ကြုံ‌တွေ့ခဲ့ ရသည်။

“ပုဂ္ဂိုလ်တဦးချင်း၊ တစ်‌ယောက်ချင်းက ဝင်‌ရောက်‌နှောက်ယှက်တာမျိုးပါ။ အဖွဲ့အစည်း‌တွေက တည့်တည့်ကြီး ဝင်‌ရောက်‌နှောက်ယှက် တာမျိုး‌တော့ မရှိ‌သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆက်‌ပြောသည်။

NLD ပါတီ၏ မဲဆွယ်‌ဟော‌ပြောမှုများပြုလုပ်ရာတွင် အသုံးပြုမည့် အားကစားကွင်းများကို ခွင့်ပြုမိန့်‌တောင်းခံရာ တွင်လည်း အတားအဆီးများဖြင့် ကြုံ‌တွေ့ခဲ့ရပြီး အချို့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

‌နောက်ပိုင်းတွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က နိုင်ငံ‌ရေးပါတီများ မဲဆွယ်‌ဟော‌ပြောမှု ပြုလုပ်ရာ တွင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်‌အောက်ရှိ ‌နေရာ‌ဒေသများကို အသုံးပြုခွင့် မ‌ပေး‌ကြောင်း ညွှန် ကြားစာထုတ်ပြန်ခဲ့သည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် လစ်လပ်သည့် မဲဆန္ဒနယ်‌မြေ ၄၈ ‌နေရာလုံးတွင် NLD ပါတီမှ ဝင်‌ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ‌ကော့မှူးမြို့နယ်က ဝင် ‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။