Home သတင်း မြန်မာကြားဖြတ်‌ရွေး‌ကောက်ပွဲမတိုင်မီ ထိုင်းဘက်မှနယ်စပ်လုံခြုံ‌ရေးတိုးမြှင့်

မြန်မာကြားဖြတ်‌ရွေး‌ကောက်ပွဲမတိုင်မီ ထိုင်းဘက်မှနယ်စပ်လုံခြုံ‌ရေးတိုးမြှင့်

1888
မတ်လ ၃၀၊ ‌ရွှေသိုက်‌တော(‌ကေအိုင်စီ)

လာမည့် ဧပြီလ ၁ရက်‌နေ့တွင် စတင်မည့် မြန်မာနိုင်ငံကြားဖြတ်‌ရွေး‌ကောက်ပွဲ အတွက် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ထိုင်းဘက်မှ နယ်စပ်လုံခြုံ‌ရေးတိုးမြင့်ထားမှုကို ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံ‌ရေးဌာန ညွန်ကြား‌ရေးမှူး ဗိုလ်ချုပ် ဝီလဆတ်‌လောင်ဝုန် ယ‌နေ့လာ‌ရောက်စစ်‌ဆေးခဲ့သည်။

ယ‌နေ့မဲ‌ဆောက်သို့ ‌ရောက်ရှိလာသည့် ဗိုလ်ချုပ် ဝီလဆတ်‌လောင်ဝုန်က “မြန်မာနိုင်ငံကြားဖြတ် ‌ရွေး‌ကောက်ပွဲနီးချိန်မှာ ထိုင်းဘက်က နယ်စပ်‌ဒေသ လုံခြုံ‌ရေးတိုးမြင့်ထားတဲ့အ‌ခြေအ‌နေ‌တွေကို လာ‌ရောက်စစ်‌ဆေးတာဖြစ်တယ်၊ မြန်မာဘက်မှာ အ‌ပြောင်းအလဲ ဖြစ်‌ပေါ်လာရင် နိုင်ငံ‌ရေး၊ စီပွား‌ရေး‌တွေနဲ့ လူထု‌တွေလည်း စားဝတ်‌နေ‌ရေး‌တွေလည်း ‌ပြေလည်လာမှာဖြစ်တယ်”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

ယ‌နေ့ခရီးစဉ်တွင် နယ်စပ်လုံခြုံ‌ရေးအပြင် မြန်မာဒုက္ခသည်များနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၏ အ‌ခြေအ‌နေများကိုလည်း လာ‌ရောက်စစ်‌ဆေးခဲ့သည်ဟုလည်း ‌ပြောသည်။

၎င်းက”မြန်မာလူမျိုးစု လက်နက်က်ိုင်အဖွဲ့‌တွေနဲ့ မြန်မာအစိုးရကြားမှာ လက်ရှိ ပြုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ လုပ်ငန်းစဉ်‌တွေဟာ အင်မတန်‌ကောင်းမွန်တဲ့ လုပ်ရပ်‌တွေဖြစ်တဲ့အတွက် မကြာခင် နယ်စပ်တစ်‌လျှောက်မှာရှိတဲ့ လူမျိုးစု ‌ဒေသ‌တွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်”ဟုလည်း ဗိုလ်ချုပ် ဝီလဆတ်‌လောင်ဝုန်က ‌ပြောကြားသည်။

ညွန်ကြား‌ရေးမှူးက မြန်မာဒုက္ခသည်များ ဌာ‌နေပြန်မည့် အ‌ရေးနှင့် ပက်သက်၍ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများအပါအဝင် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း‌ဆွေး‌နွေးပြီးမှသာလျင် လုပ်ငန်းစဉ်များ စတင်နိုင်မည်ဟုလည်း သတင်း‌ထောက်များကို ‌ပြောသည်။

ထိုင်းနိုင်ငံပြည်တွင်း လုံခြုံ‌ရေးဌာန ညွှန်ကြား‌ရေးမှူးနှင့်အဖွဲ့သည် ယ‌နေ့ မွန်းတည့်ချိန်က ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ကမ်းနားရှိ ချစ်ကြည်‌ရေးတံတားသို့ လာ‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာသွားသည်။

မြန်မာ‌ရွေး‌ကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်၊ မယ်လမ၊ ထာ့‌ဆောင်ရမ်း၊ ဖို့ဖ၊ အုန်းဖန်စသည့် မြို့နယ်များ၏နယ်စပ်တစ်‌လောက်တွင် ထိုင်းဘက်မှ လုံခြုံ‌ရေးတိုးမြင့်ထားသည်။