Home သတင်း ‌ပြောင်း‌ရွေ့‌နေထိုင်သူများ မဲစာရင်း‌ပေးသွင်းနိုင်‌သေး

‌ပြောင်း‌ရွေ့‌နေထိုင်သူများ မဲစာရင်း‌ပေးသွင်းနိုင်‌သေး

1552
မတ်လ ၂၉ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဧရာဝတီတိုင်းတွင် မဲဆန္ဒရှင်စာရင်းကို ယခုလ ၂၄ရက်‌နေ့က ‌နောက်ဆုံးအကြိမ် ထုုတ်ပြန်လိုက်‌သော်လည်း အိမ်‌ထောင်စုစာရင်းဖြင့် ‌ပြောင်း‌ရွှေ့လာသူများအတွက်မူ မတ်လ ၃၁ရက်‌နေ့အထိ မဲစာရင်းသွင်းနိုုင်‌ကြောင်း တိုင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ပြောသည်။

“သာမန်အားဖြင့် ဘယ်သူမှ ‌နောက်ထပ်တိုးလို့ မရ‌တော့ဘူး။ အိမ်‌ထောင်စုစာအုပ်နဲ့ ‌ပြောင်းလာရင်‌တော့ လက်ခံနိုင်ပါတယ်”ဟု ဧရာဝတီ တိုင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦးမျိုးထွန်းက ‌ကေအိုင်စီ သတင်းဌာနကို ‌ပြောသည်။

အခြား‌ဒေသတစ်ခုမှ ‌ပြောင်း‌ရွှေ့လာသူများအ‌နေဖြင့် မဲ‌ပေးလိုပါက အိမ်‌ထောင်စုပုံစံ ၁ဝကို ယူ‌ဆောင်လာကာ လက်ရှိ ‌နေထိုင်‌နေသည့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးကို အ‌ကြောင်းကြားကာ ပုံစံ-၁ဝ အသစ်ထပ်မံ ထုုတ်ယူရမည်ဖြစ်ပြီး၊ ထိုပုံစံ-၁ဝ အသစ်ဖြင့် ‌ရွေး‌ကောက်ပွဲ ‌ကော်မ ရှင်ထံ မဲစာရင်း‌ပေးသွင်းနိုင်‌ကြောင်း သိရသည်။

“တစ်ချို့ဝန်ထမ်း‌တွေကျ‌တော့ တာဝန်‌တွေနဲ့‌ပြောင်းလာတာ။ အဲ့ဒါဆိုရင်သူတို့ရဲ့ မဲ‌ပေးခွင့် မဆုံးရှုံးဖို့အတွက် လက်ခံပါတယ်”ဟု ၎င်းက ‌ပြောသည်။

သို့‌သော် ဦးမျိုးထွန်းက ဧရာဝတီတိုင်းအတွင်း ‌နေထိုင်ကာ အိမ်‌ထောင်စုစာရင်းရှိလျှက် မဲဆန္ဒရှင်စာရင်းတွင် ကျန်ခဲ့သူများကို လက်မခံ ‌တော့‌ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများအ‌နေဖြင့် မဲ‌ပေးခွင့်ရမည် မဟုတ်‌ကြောင်း ‌ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုုရာတွင် အားနည်းချက်များရှိ‌ကြောင်းနှင့် ပြည်သူများ၏ ပူး‌ပေါင်း‌ဆောင်ရွက်မှုလည်း လိုအပ်‌ကြောင်း ‌ပြောကြား သည်။

“မဲစာရင်း‌ကောက်တယ်ဆိုတာက ‌ကျေးရွာအဆင့်က ‌ကောက်တာ။ ‌ကျေးရွာအဆင့်ဆို‌တော့လည်း သိတဲ့အတိုင်း စာတတ်တဲ့သူ သိပ်မရှိ ဘူး၊ စနစ်တကျ ‌လေ့ကျင့်သင်ကြားထားတာ မဟုတ်ဘူး။ ဒီလို‌ကောက်ဖို့သင်တန်း‌တော့ ‌ပေးတယ်။ နားလည်တာလည်းရှိတယ်။ မလည် တာလည်း ရှိတယ်။ ပြည်သူလူထု‌တွေရဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုက‌တော့ အများကြီးလိုတယ်။ ‌ရွေး‌ကောက်ပွဲမဲစာရင်း ‌ကောက်တဲ့အခါ အိမ်မှာ မရှိဘူး။ ပြီး‌တော့မှ သူတို့ကို မကျန်ခဲ့ပါနဲ့ အဲ့ဒီလို‌ပြောတာလည်း ရှိတယ်”ဟု ၎င်းက ‌ပြောသည်။

ဧရာဝတီတိုင်းတွင် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ် ၅ခု၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် ၁ခု၊ ပြည်နယ်နှင့် တိုင်းလွှတ်‌တော် မဲဆန္ဒနယ် ၁ခု စုစု‌ပေါင်း မဲဆန္ဒနယ် ၇ခုတွင် မဲဆန္ဒရှင်‌ပေါင်း ၁.၃သန်း‌ကျော်ရှိ‌ကြောင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။