Home သတင်း လာမည့်အပတ် အဂင်္ါ‌နေ့ ပဒိုမန်းငြိမ်း‌မောင်ကို စီရင်ချက်ချမည်

လာမည့်အပတ် အဂင်္ါ‌နေ့ ပဒိုမန်းငြိမ်း‌မောင်ကို စီရင်ချက်ချမည်

1941
မတ်လ ၈ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဒိုမန်းငြိမ်း‌မောင်အမှုကို လာမည့်အပတ် အဂင်္ါ‌နေ့တွင် စီရင်ချက်ချမည်ဟု ၎င်း၏ အမှုကို လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရှေ့‌နေ ဦးကြီးမြင့်က ယ‌နေ့ ‌ပြောသည်။

အင်းစိန်‌ထောင် အထူးတရားရုံးတွင် ယ‌နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၁နာရီအထိ ပဒိုမန်းငြိမ်း‌မောင်အား ရုံးထုတ်ရာတွင် နှစ်ဘက် ‌လျှောက်လဲချက်များ‌ပေးအပြီး ယခုလို သတ်မှတ်လိုက် ခြင်းဖြစ်သည်ဟု ‌ရှေ့‌နေ ဦးကြီးမြင့်က ‌ပြောသည်။

“ဒီ‌နေ့က‌တော့ဗျာ ကျ‌နော်တို့ဘက်က‌တော့ ဘာ‌ကြောင့် အပြစ်မ‌ပေးသင့်လဲ။ ဘာ‌ကြောင့် လွတ်‌ပေးသင့်လဲဆိုတာ ‌လျှောက်လဲတာ‌ပေါ့။ အစိုးရဘက်က‌တော့ ဘာ‌ကြောင့် အပြစ်‌ပေးသင့်လဲ ဆိုတဲ့ဘက်က ‌လျှောက်လဲတာ‌ပေါ့။ ဒီ‌နေ့ ‌လျှောက်လဲချက်‌ပေးပြီး‌တော့ လာမဲ့အဂင်္ါ‌နေ့ မနက် ၁၁နာရီ‌လောက်မှာ စီရင်ချက်ချဖြစ်မယ်ခင်ဗျ”ဟု ၎င်းက ‌ပြောသည်။

တရားရုံးတွင် အပြန်အလှန် ‌လျှောက်လဲချက်နှင့် ပတ်သက်ပြီး ‌ရှေ့‌နေဦးကြီးမြင့်က “အမှန်က‌တော့ ‌လျှောက်လဲချက်ဆိုတာ ရုံးချိန်းတစ် ချိန်း‌ပေးပြီး ‌သေ‌သေချာချာ လုပ်ထားရမှာ‌ပေါ့‌နော်။ အဲဒါ အခု မ‌ပေးဘူးဗျ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ရုံးထုတ်စစ်‌ဆေးရာတွင် ပဒိုမန်းငြိမ်း‌မောင်မှာ သာမန်စိတ် အ‌ခြေအ‌နေမျိုးမဟုတ်ဘဲ ဖိအား‌ပေးမှု တစုံတရာ ခံစားရဟန်ရှိ‌ကြောင်း လည်း ‌ရှေ့‌နေဦးကြီးမြင့်က ‌ပြောသည်။

“တဖက်က ဘယ်လို ဖိအား‌တွေ ‌ပေးလဲ မသိဘူးဗျာ၊ အရမ်းမြန်ချင်တယ် သူက။ အဲ‌တော့ မြန်တိုင်း‌ကောင်းတာမဟုတ်ဘူး။ ဒီအမှုက ‌သေ ဒဏ်ချနိုင်တယ်။ ဒါမှ မဟုတ်ရင် ‌သေဒဏ်၊ တသက်တကျွန်းချနိုင်တယ်။ ဒီထက်‌လျှော့လို့မရဘူး။ ကျ‌နော်တို့ကလည်း အပြစ်မ‌ပေး‌စေချင် တဲ့အ‌ကြောင်း ‌သေ‌သေချာချာ လုပ်ချင်တာ‌ပေါ့ဗျာ။ သူက ကြာတယ်ဗျာ၊ မလိုဘူး ‌ပြောတယ်။ သူက သာမန်စိတ်မဟုတ်ဘူးလို့ ကျ‌နော် ထင်‌နေတယ်ဗျာ”ဟု ဦးကြီးမြင့်က ‌ပြောသည်။

ယခင်အပတ် ကြာသပ‌တေး‌နေ့က ပဒိုမန်းငြိမ်း‌မောင်အား ရုံးထုတ်ရာတွင် တရားခံပြသက်‌သေအဖြစ် ‌တောင်က‌လေးဆရာ‌တော် အရှင် ပညာသာမိကို ဖိတ်‌ခေါ်ခဲ့‌သော်လည်း ဆရာ‌တော်ဘက်မှ အစည်းအ‌ဝေးနှင့် ကျန်းမာ‌ရေးအ‌ခြေအ‌နေ အ‌ကြောင်းပြချက်များဖြင့် တရားရုံး ကလည်း ဆက်မ‌ခေါ်‌ပေး‌တော့‌ကြောင်း ‌ရှေ့‌နေဦးကြီးမြင့်က ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် မဟာမိတ်အဖွဲ့တချို့နှင့် ‌တွေ့ဆုံရန်အတွက် ၂၀၁၁ခုနှစ်၊ ဇူလိုင်လက တရုတ်နိုင်ငံ ကူမင်‌လေဆိပ်တွင် နိုင်ငံကူး လက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုပြီး ရန်ကုန်‌လေဆိပ်သို့ ပြန်ပို့ခံခဲ့ရကာ မြန်မာအစိုးရ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။

ထို့‌နောက် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၆၈ နှင့် လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေ-ပုဒ်မ ၁၃/၁ တို့ဖြင့် ‌ထောင်ဒဏ် (၆)လစီကျခံခဲ့ပြီး‌နောက် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့် နိုင်ငံ‌တော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။

နိုင်ငံ‌တော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)သည် ‌သေဒဏ် (သို့) တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ပြီး မတရားအသင်း ပုဒ်မ ၁၇(၁)ကမူ ‌ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ကျခံရနိုင်သည်။

ပဒိုမန်းငြိမ်း‌မောင်သည် အဖမ်းခံရစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသား (၁၂)ဖွဲ့ပါဝင်သည့် ညီညွှတ်‌သော တိုင်းရင်းသား ဖက်ဒရယ်‌ကောင်စီ (UNFC)အဖွဲ့၏ ‌ကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ် သည်။