Home သတင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်တည်ထားကိုးကွယ် မည့်စွယ်‌တော်‌စေတီကုန်း ‌တောမီး‌လောင်(‌ပေးစာ)

ကရင်ပြည်နယ်ဝန်ကြီးချုပ်တည်ထားကိုးကွယ် မည့်စွယ်‌တော်‌စေတီကုန်း ‌တောမီး‌လောင်(‌ပေးစာ)

1857

မြဝတီမြို့အ‌နောက်ဖက် ‌ရွှေဟသင်္ာဘုရား ကုန်း‌ရှေ့ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း တည်ထားကိုးကွယ်မည့် စွယ်‌တော်ဘုရားကုန်းအား (၂၉-၂-၂၀၁၂)ရက်‌နေ့ ည‌နေ (၃း၄၀)နာရီခန့်‌လောက်ကစ၍ ‌တောမီး‌လောင်ကျွမ်းရာ ဓမ္မာရုံအတွင်းပါ မီး‌လောင်ကျွမ်းခဲ့သည်။

အဆိုပါ စွယ်‌တော်ဘုရားကုန်း‌ပေါ်တွင် လွန်ခဲ့‌သော ရက်သတ္တပတ်‌လောက် စွယ်‌တော်တည်‌နေ‌သော ပန်းရံလုပ်သားများ အချင်းချင်းရန်ဖြစ်ကြရာ ‌သွေးထွတ်သံယိုမှုများ ဖြစ်ခဲ့သည်။ ယခုလည်း ဘုရား၏ ဓမ္မာရုံ မီး‌လောင်ခဲ့သည်။ နမိတ်မ‌ကောင်းဟု သတ်မှတ်နိုင်သည်။

အညာ‌ဒေသမှ ‌ရောက်ရှိလာ‌သော ဆရာ‌တော်တပါး၏ မိန့်ကြားချက်က‌တော့ ယခုတည်ထားကိုးကွယ်မည့် စွယ်‌တော်ဘုရားသည် မြဝတီမြို့၏ ဘုမ္မိအရပ်ဖြစ်‌နေ‌ကြောင်း၊ ဘုရားတည်ထားသည့် လူသည် ငါးပါးသီလမလုံခြုံ‌ကြောင်း၊ ယကြာ‌ချေရန်ရည်ရွယ်တည်ထားတာ‌ကြောင့်ဖြစ်‌ကြောင်း၊ အဂင်္ါသားမှ အဂင်္ါဘုရားကို ဘုမ္မိအရပ်တွင် တည်ထားသည့်အတွက် ရာထူးအလုပ်ကို ထိခိုက်နိုင်‌ကြောင်း မိန့်ကြားခဲ့သည်။

မြို့‌နေလူထု၏ ‌ပြောဆို‌နေမှုများမှာလည်း ယခင်ခရိုင်အုပ်ချုပ်‌ရေးမှူး ‌ဇော်လွင်ဦး လည်း ဘုရားကိုအ‌ကြောင်းပြ စီးပွားရှာခဲ့မှု‌ကြောင့် တစ်နှစ်ခန့်သာ‌နေရာပြီး ‌ပြောင်း‌ပြေးရခဲ့သည်။ မြဝတီမြို့တွင် တည်ထားကိုးကွယ်ရန် ‌ပေးသည့် တိုင်းမှူး ဗိုလ်ချုပ်ထွန်း‌နေလင်း ဆိုသူပင်လျှင် ရာထူးမှ ပြုတ်သွားခဲ့ရသည်။ မည်သည့်အစီအရင်နှင့် မည်သူက‌ပေးသည်ဆိုသည့် သမိုင်းမသိရတဲ့အတွက် ရာထူး‌တွေ ထိခိုက်‌နေသည်ဟု ပြည်သူများက ‌ပြောပါသည်။

စွယ်‌တော်ဘုရားတည်ရန် ရံပုံ‌ငွေအား မြဝတီမြို့ ကုန်သည်များ၊ စတိုးဆိုင်များ၊ ‌ဈေးဆိုင်များ၊ ‌သောင်းရင်းမြစ်ကမ်းပါးတစ်‌လျှောက် စက်သုံးဆီဆိုင်များ၊ တည်းခိုခန်းများ၊ ‌ရွှေမြန်မာ‌မော်‌တော်ယာဉ်အသင်းများမှ အလှူ‌ငွေ မထည့်မ‌နေရ ထည့်ဝင်လှူဒါန်းခဲ့ရသည်။ ယခုလည်း သဃင်္န်းညီ‌နောင် ဂိတ်တွင် ‌မော်‌တော်ယာဉ်လိုင်း‌ပေါင်းစုံအဖွဲ့အား အမိန့်‌ပေးခံရ၍ ရံပုံ‌ငွေအား ရှာ‌ဖွေ‌ပေး‌နေလျှက်ရှိသည်။

ဖိုးသံ‌ချောင်း