Home ဆောင်းပါး ‌ဒေါက်ကြီး သုံးတိုင်

‌ဒေါက်ကြီး သုံးတိုင်

1984
မန်း‌တော‌လောင်း

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အ‌ခြေခံ‌ဒေါက်ကြီး သုံးတိုင် လိုအပ်တယ်လို့ နိုင်ငံ‌ရေး သိပ္ပံပညာရှင် ဖရန်ခစ်ဖူကူယားမား က ဆိုပါတယ်။ အဲဒီ‌ဒေါက်တိုင်ကြီး သုံးတိုင်က‌တော့ (၁)အား‌ကောင်းတဲ့ ဗဟိုအစိုးရအဖွဲ့ (၂)တရားဥပ‌ဒေစိုးမိုး‌ရေး (၃)ဒီမိုက‌ရေစီတို့ ဖြစ် ပါတယ်။

(၁) အား‌ကောင်းတဲ့ ဗဟိုအစိုးရအဖွဲ့
ကျ‌နော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်‌ရေးရရှိပြီး ပါလီမန်ဒီမိုက‌ရေစီ‌ခေတ်၊ မဆလတစ်ပါတီ အုပ်ချုပ်‌ရေး‌ခေတ်၊ ၈၈ အ‌ရေးအခင်းပြီး နဝတ၊ နအဖ‌ခေတ်‌တွေကို ပြန်လည်ကြည့်မယ်ဆိုရင် ချိနဲ့တဲ့ ဗဟိုအစိုးရအဖွဲ့အစည်းကို ‌ယေဘုယျအားဖြင့် ‌တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အား ‌ကောင်းတဲ့ ဗဟိုအစိုးရအဖွဲ့(STRONG CENTRAL GOVERNMENT) ဆိုတဲ့‌နေရာမှာ အား‌ကောင်းခြင်းဟာ အရည်အချင်း ပြည့်ဝမှု (EFFECIENCY) ဆိုတဲ့ သ‌ဘောတရား ပါဝင်‌နေပါတယ်။ ဒါ‌ကြောင့် ဒီ‌နေ့ အစိုးရသစ်အဖွဲ့မှာ အား‌ကောင်းပြီး အရည်အချင်း ပြည့်ဝမှုရှိ၊ မရှိကို ဆိုတာ ‌လေ့လာချိန်ထိုးဖို့ လိုပါတယ်။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို အ‌ခြေပြုပြီး ဗဟိုအစိုးရအဖွဲ့မှာ အရပ်ဘက်နှင့် စစ်ဘက်‌ရောစပ်ပြီး ပြည်‌ထောင်စု အစိုးရအ‌နေနဲ့ ဗဟိုအာဏာကို ချုပ်ကိုင်ပြီး နိုင်ငံ‌ရေးအခင်းအကျင်းတစ်ရပ်ကို ပုံ‌ဖော်လာခဲ့ပါတယ်။ အများသိတဲ့အတိုင်း ဖြစ်‌ပေါ်တိုးတက်‌ပြောင်းလဲလာသမျှကို နတ်လူသာဓု‌ခေါ်ကြတဲ့ သူရှိသလို မယုံတဝက် ယုံတဝက် မချင့်မရဲနဲ့ ‌လေ့လာ‌စောင့်ကြည့်‌နေတဲ့ သူများလည်း ရှိပါတယ်။ တစ်ချို့ကလည်း ‌မွေးကင်းစက‌လေးအရွယ် အစိုးရအဖွဲ့ (NEW BABY BURMA GOVERNMENT) လို့ အမည် ကင်ပွန်း တပ်ကြပြန်တယ်။ စစ်ဘက်နှင့် အရပ်ဘက် လွန်ဆွဲ‌နေတဲ့ အစိုးရအဖွဲ့အစည်းလို့ ထင်မြင်ကြတဲ့သူ‌တွေလည်း ရှိပါတယ်။ ဒါ‌ပေ မယ့် ထွက်‌ပေါ်လာတဲ့ နိုင်ငံ‌ရေး လွတ်လပ်မှု အခင်းအကျင်းကို ကြည့်ရင်‌တော့ အားရ‌ကျေနပ်စရာပါ။ မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ် ‌အောင်ဆန်းစုကြည်နဲ့ နှစ်ဦးနှစ်ဘက် သ‌ဘောတူညီမှုရရှိတဲ့ (COMPROMISE) အပြင် နှစ်ဦးနှစ်ဘက်ပူး‌ပေါင်း‌ဆောင်ရွက်မှု (COLABRA-TION) အဆင့်ကို ‌ရောက်ရှိလာတာကို ‌တွေ့ရ‌တော့ အားရ‌ကျေနပ် ဝမ်းသာစရာပါ။ နိုင်ငံ‌ရေးအကျဉ်းသားဘဝနဲ့ လွတ်‌မြောက်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကို‌ဌေးကြွယ်တို့ကလည်း နိုင်ငံ‌တော် သမ္မတကြီးကို ‌ကျေးဇူးတင်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဝန်းရံပံ့ပိုး မှာဖြစ်‌ကြောင်း မီဒီယာမှာ ‌ပြောသွားတာကိုလည်း ကြားရပါတယ်။ အများပြည်သူရဲ့ အကျိုးကို ‌ရှေ့တန်းတင်ပြီး ‌ဆောင်ရွက်တဲ့အစိုးရကို အများပြည်သူက ‌လေးစားမှုရှိမှာ အမှန်ပါပဲ။

သမ္မတရဲ့ အကြံ‌ပေးပုဂ္ဂိုလ်‌တွေရဲ့ အရည်အချင်းကို ကြည့်ခြင်းအားဖြင့်လည်း အားရ‌ကျေနပ်‌လောက်ပါတယ်။ အခုမှ အ‌ခြေတည် အစပျိုး တဲ့ အစိုးရသစ်အ‌နေနဲ့ ဂငယ်‌ကွေ့ ‌ကွေ့ပြီး နိုင်ငံ‌ရေး အ‌ပြောင်းအလဲတစ်ရပ်ကို ‌ဖေါ်‌ဆောင်ရာမှာ အခက်အခဲ‌တွေ့မယ်ဆိုတာလည်း ယုံမှား သံသယရှိစရာ မလိုပါဘူး။ ဒီမိုက‌ရေစီမဲ့ဘဝမှာ ဒီမိုက‌ရေစီရှိရာကို ‌ဆောင်ကြဉ်း‌ဖော်‌ဆောင်လာတဲ့ ဒီမိုကရက်တိုက်‌ဇေးရှင်းဖြစ်ခန်းဟာ တဖြည်းဖြည်းချင်းနဲ့ ဒီမိုက‌ရေစီလားရာကို ‌ရောက်ရှိလာမှာပါ။ တကယ့် စိတ်ထား‌စေတနာ မှန်ကန်တယ်ဆိုရင်‌ပေါ့‌လေ။

(၂) တရားဥပ‌ဒေ စိုးမိုး‌ရေး
ဇန်နဝါရီလ ၂၉ရက် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ထားဝယ်နဲ့ ‌မောင်းလုံမြို့နယ် ‌နေ့ချင်းပြန် စည်းရုံး‌ရေးခရီးမှာ ‌ဟော‌ပြောတဲ့မိန့်ခွန်းမှာ “ကျမတို့ ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်တာ အ‌ခြေခံသုံးချက် ရှိပါတယ်။ အဲဒါ‌တွေက‌တော့ (၁)တရားဥပ‌ဒေစိုးမိုး‌ရေး (၂)ပြည်တွင်းငြိမ်းချမ်း ‌ရေး လုပ်‌ဆောင်ရန် (၃)အ‌ခြေခံဥပ‌ဒေထဲက ပြည်သူ‌တွေကို အကျိုးမပြုတဲ့ အပိုင်း‌တွေကို ပြင်ဆင်ရန်တို့ ဖြစ်‌ကြောင်း”ကို ‌ဟော‌ပြောတာ ကိုကြည့်ရင် နိုင်ငံ‌တော်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဒုတိယ‌ဒေါက်တိုင်ဖြစ်တဲ့ တရားဥပ‌ဒေစိုးမိုး‌ရေးကို အ‌လေးထား ‌ပြောကြားသွားတာကို ‌တွေ့ရပါတယ်။ တရားဥပ‌ဒေစိုးမိုး‌ရေး ဘယ်‌လောက်အ‌ရေးကြီးသလဲဆိုတာ အများအသိပါ။ ဒီမိုက‌ရေစီအ‌မှောင်‌ခေတ်က ‌ဒေါ်‌အောင်ဆန်း စုကြည်ရဲ့ မတရားတဲ့ဥပ‌ဒေမှန်သမျှ ဆန့်ကျင်ကြဆိုတဲ့ ‌ကြွေး‌ကြော်သံနဲ့ ‌ဒေါ‌အောင်ဆန်းစုကြည်ကို အစိုးရမီဒီယာ‌တွေက ထိုးနှက်တိုက် ခိုက် ‌ဝေဖန်ခဲ့ကြပါတယ်။ ဒီစကားနဲ့ အ‌ကြောင်းပြုပြီး‌တော့ နိုင်ငံ‌တော်လုံခြုံ‌ရေး ထိပါး‌နှောက်ယှက်တယ်ဆိုပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌နေအိမ်အကျယ်ချုပ်နှင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။

တရားဥပ‌ဒေစိုးမိုးမှုမရှိရင် နိုင်ငံသား‌တွေအတွက် လုံခြုံမှုမရှိသလို ငြိမ်းချမ်းမှုလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံ‌ရေးသမား‌တွေကို တရား ဥပ‌ဒေမဲ့ ဖမ်းဆီး ‌ထောင်ချ ညှင်းပမ်းနှိပ်စက်တဲ့ အတိတ်က သမိုင်းဖြစ်ရပ်‌တွေဟာ ခါးသီးရင်နင့်ဖွယ်ပါ။

တရားဥပ‌ဒေအထက်မှာ မည်သူမျှမရှိ‌စေရ ဆိုတဲ့စကားဟာ နား‌ထောင်‌ကောင်း‌ပေမယ့် လက်‌တွေ့ွ အ‌ကောင်အထည်‌ဖေါ်တဲ့‌နေရာမှာ ‌နှေး ‌ကွေးကြန့်ကြာပြီး အခက်အခဲ‌တွေ ရှိ‌နေပါလိမ့်မယ်။ မြန်မာနိုင်ငံ‌ရေး အသွင်ကူး‌ပြောင်း အ‌ခြေအ‌နေမှာ တရားဥပ‌ဒေစိုးမိုး‌ရေးကို လုပ် ‌ဆောင်ရမှာ ခက်ခဲပါလိမ့်မယ်။

ဗဟိုအာဏာပိုင်အစိုးရက ချုပ်ကိုင်ပြီး တရားစီရင်ရတဲ့ တရားသူကြီးအတွက်လည်း ‌နောင်‌ရေးလည်း စိတ်မ‌အေးရပါဘူး။ လိပ်ပြာမသန့်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းရင်း ‌နောက်‌ကြောင်းမ‌အေးရတဲ့ သူ‌တွေ ဖြစ်ကြရပါတယ်။ တရားဥပ‌ဒေမဲ့ တရားစီရင်ခံရတဲ့ ပြည်သူအ‌နေနဲ့လည်း ဘယ်‌လောက်နစ်နာလိုက်မလဲ။ အ‌ခြေပျက်၊ အ‌နေပျက်၊ ဘဝပျက်နဲ့ လူ့ဘဝကြီးဟာ လုံးပါးပါးခဲ့ကြရတယ်။ ‌ငွေများတရားနိုင် ဆိုတဲ့စကား က ကြားလို့ကို မ‌ကောင်းပါဘူး။ လွှတ်‌တော်မှာ အ‌ခြေခံဥပ‌ဒေကို ‌ရေးဆွဲပြင်ဆင်တာ သိရလို့ ဝမ်းသာပါတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည် သာ ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ မဲအနိုင်ရလို့ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးအ‌နေနဲ့ အ‌ခြေခံဥပ‌ဒေ‌တွေထဲက ပြည်သူ‌တွေကို အကျိုးမ ပြုတဲ့ အပိုင်း‌တွေကို လွှတ်‌တော်ထဲမှာ တင်ပြ‌ဆွေး‌နွေး ပြင်ဆင်မှာကို သိရလို့ ကြိုဆိုပါတယ်။

အ‌ခြေခံဥပ‌ဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အထက်ပါ အသက်တမျှ တန်ဖိုးရှိတဲ့ အ‌ခြေခံဥပ‌ဒေဟာ တရားမျှတမှု ရှိရမယ်။ အခွင့်ထူးခံလူနည်းစု အတွက် မဖြစ်‌စေရဘူး။ အများပြည်သူအားလုံးအတွက် ‌ရေးဆွဲပြဌာန်းထားတဲ့ အ‌ခြေခံဥပ‌ဒေဖြစ်ဖို့ လိုအပ်ပါတယ်။

(၃) ဒီမိုက‌ရေစီ
ပြည်သူ့အကျိုးကို ‌ရှေ့ရှုပြီး ပြည်သူ‌တွေက အာဏာအပ်နှင်းပြီး အုပ်ချုပ်တဲ့စနစ်ကို ဒီမိုက‌ရေစီလို့ပဲ အကြမ်းဖျင်း ဆိုပါရ‌စေ။ အ‌နောက်နိုင် ငံ‌တွေမှာ‌တော့ စက်မှု‌ခေတ်‌ကြောင်း‌တော်လှန်‌ရေးကို ‌ကျော်ဖြတ်ပြီး ‌မြေရှင်ပ‌ဒေသရာဇ်စနစ်ကို တွန်းလှန်ဖြိုဖျက်ပြီး‌တော့ ခံကိုဒီမိုက‌ရေစီ ကို ထူ‌ထောင်ခဲ့ကြတယ်။
သူတို့‌တွေက အသားကျပြီးဖြစ်လို့ ခံကိုဒီမိုက‌ရေစီအ‌ခြေခံမှု အပြည့်အဝနဲ့ နိုင်ငံတိုးတက်ကြီးပွား‌အောင် တက်လှမ်းနိုင်ခဲ့ကြတယ်။ ဒီမိုက ‌ရေစီနဲ့ ပြည့်စုံဖို့ဆိုရင် အနည်းဆုံး စံငါးချက်နဲ့ ပြည့်စုံရပါမယ်။
(၁) လွတ်လပ်ရှင်သန်တဲ့ လူမှုအဖွဲ့အစည်း‌တွေ ရှိရမယ်။ ဥပမာ-နာ‌ရေးကူညီမှုအသင်း၊ ပြည်တွင်း NGO အဖွဲ့အစည်း၊ ‌ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ စသည်ဖြင့်
(၂) ကိုယ့်သ‌ဘော ကိုယ်‌ဆောင်နိုင်တဲ့ နိုင်ငံ‌ရေး ‌လောကရှိရမယ်။ သ‌ဘောက‌တော့ နိုင်ငံ‌ရေးကို လွတ်လပ်စွာ ‌ဆောင်ရွက်နိုင်ခွင့် ရှိရပါ မယ်။
(၃) တရားဥပ‌ဒေစိုးမိုးမှု ရှိရမယ်။
(၄) ဒီမိုက‌ရေစီအစိုးရက အသုံးပြုနိုင်မယ့် ပြည်သူ့ဝန်ထမ်းစနစ် ရှိရမယ်။ ဆိုလိုတာက အစိုးရဝန်ထမ်း‌တွေဟာ ဒီမိုက‌ရေစီအစိုးရကို အ ‌ထောက်အကူပြုမယ့် ဝန်ထမ်း‌ကောင်း‌တွေ ဖြစ်ရပါမယ်။
(၅) အသားကျပြီး စီးပွား‌ရေးအဖွဲ့အစည်း ရှိရမယ်။

ဒီမိုက‌ရေစီခရီးကို ချီတက်ရာမှာ အခက်အခဲ‌တွေ အများကြီးပါတယ်။ အများကြိုက်တာကို တရားဝင်‌အောင် လုပ်ဖို့ခက်တယ်။ ဒီမိုက‌ရေစီ တန်ဖိုးကို လူထု‌တွေကြားမှာ ပြန့်နှံ့စိမ့်ဝင်‌အောင် လုပ်ဖို့ ခက်တယ်။ စနစ်ကိုမဆန့်ကျင်‌တောင် လုပ်ဖို့ခက်တယ်။ စစ်တပ်ကို အရပ်ဘက် က လွှမ်းမိုး‌အောင်လုပ်ဖို့ ခက်တယ်။ အာဏာပိုင်အ‌လေ့အထ အရိုးစွဲ‌နေတာကို ‌ပျောက်‌အောင်လုပ်ဖို့ ခက်တယ်။ ပါတီထူ‌ထောင်ဖို့ ခက် တယ်။ ‌ရွေး‌ကောက်ပွဲဥပ‌ဒေ တည်တံ့ခိုင်မြဲ‌အောင် လုပ်ဖို့ခက်တယ်။ နိုင်ငံ‌ရေးကို ‌နေ့စဉ်လုပ်‌နေကျ ဖြစ်ဖို့ အသားကျ‌အောင် လုပ်ဖို့ ခက် တယ်။ ဗဟိုအာဏာပိုင်ဝါဒကို ‌လျော့ချဖို့ခက်တယ်။ တရားဥပ‌ဒေပြုပြင်‌ပြောင်းလဲဖို့ခက်တယ်။ ဆင်းရဲမှု‌လျော့ချ‌ရေးနဲ့ စီးပွား‌ရေး အ‌ခြေခိုင် ‌အောင်လုပ်ဖို့ ခက်တယ်။

‌နောက်ထပ် ဒီမိုက‌ရေစီစံနဲ့ ပြည့်စုံဖို့က‌တော့ ‌ရွေး‌ကောက်တင်‌မြှောက်ခံရသူ‌တွေ ရှိရမယ်။ ‌ရွေး‌ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ရမယ်။ လူတိုင်းမဲ‌ပေးပိုင်ခွင့်နဲ့ လူတိုင်း ‌ရွေး‌ကောက်တင်‌မြှောက်ခံပိုင်ခွင့်‌တွေ ရှိရမယ်။ လွတ်လပ်စွာ ‌ဖော်ပြပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ဆိုတာ ရှိရမယ်။ လုပ်ပိုင်ခွင့်အတွက် အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ခွင့်ရှိရမယ်။
ဒါက ဒီမိုက‌ရေစီစံနဲ့ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်ရမှာ ကြုံ‌တွေ့ရမယ့် အခက်အခဲ အတိုချုပ်‌ဖော်ပြတာပါ။

‌ဖော်ပြခဲ့တဲ့ ‌ဒေါက်ကြီးသုံးတိုင် ပြည့်စုံမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အလှမ်းမ‌ဝေး‌တော့ပါဘူး။ ဒါ‌ကြောင့် ပြည်သူရယ်၊ ပြည်သူ့ကိုယ်စားလှယ်‌တွေရယ်၊ နိုင်ငံ‌တော်အစိုးရအဖွဲ့ရယ်တို့ဟာ အထက်၊ အလယ်၊ ‌အောက် သုံးဘက်စလုံးဟာ ချိတ်ဆက်မှု အပြည့်အ ဝရှိပြီး ‌လောကပါလတရားနဲ့ ပြည့်စုံတဲ့ စနစ်တစ်ခုဖြစ်‌အောင် ကြံ‌ဆောင်ကြိုးပမ်းကြမယ်ဆိုရင် ‌အေးခဲ‌နေတဲ့ မြန်မာ့နိုင်ငံ‌ရေးဟာ နှင်းခဲ အရည်‌ပျော်ချိန်ကို မလွဲမ‌သွေ ‌ရောက်ရှိလာမှာဖြစ်‌ကြောင်း တင်ပြလိုက်ရပါတယ်။