Home သတင်း ဘာသာ‌ရေးနှီး‌နှောဖလှယ်ပွဲမှ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်‌ရေး ဦးတည်လုပ်‌ဆောင်သွားမည်

ဘာသာ‌ရေးနှီး‌နှောဖလှယ်ပွဲမှ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်‌ရေး ဦးတည်လုပ်‌ဆောင်သွားမည်

2182
‌ဖေ‌ဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာများတွင် ကရင်လူမှု အသိုင်းအဝိုင်းတွင်းရှိ ဘာသာ‌ပေါင်းစုံမှ ဆရာ‌တော်၊ သံဃာ‌တော်များပါဝင်‌ဆောင်ရွက်သွားရန်‌ဆွေး‌နွေးသည့် ဘာသာ‌ရေးနှီး‌နှောဖလှယ်ပွဲတစ်ခုကို ထိုင်း-မြန်မာ နယ်စပ်တစ်‌နေရာ၌ ‌ဖေ‌ဖော်ဝါရီလ ၁၇ ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

‌ဖေ‌ဖော်ဝါရီလ ၁၅ရက်မှ ၁၇ရက်‌နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆို ပါနှီး‌နှောဖလှယ်ပွဲကို ဘာသာ‌ပေါင်းစုံမှ ရဟန်းသံဃာ‌တော်များ၊ သိက္ခာ‌တော်ရ ဆရာ‌တော်များ၊ ကရင်အဖွဲ့အစည်းတချို့မှ လူပုဂ္ဂိုလ်များ အပါအဝင် စုစု‌ပေါင်း ၉၅ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြပြီး ဂျပန်နိုင်ငံ ရှိ ဘာသာ‌ရေးအဖွဲ့တခု၏ အကူအညီဖြင့် ပြုလုပ်ကျင်းပ‌ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က ‌ကေအဲန်ယူမှ ‌ဆောင်ရွက်‌နေသည့် အပစ်အခတ်ရပ်ဆိုင်း‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ကို ရှင်းပြခဲ့ပြီး တက်‌ရောက်လာသည့် သံဃာ‌တော်၊ ဆရာ‌တော်များနှင့် ကရင်အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များက လွတ်လပ်ပွင့်လင်းစွာ ‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး-၁ ဗိုလ်မှူး‌စောလှ‌ငွေက “ကရင်လူထုတစ်ရပ်လုံးအ‌ပေါ်မှာ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ ရှိတယ်။ ‌မျှော် မှန်းချက်က ငြိမ်းချမ်း‌ရေး၊ ညီညွှတ်‌ရေး တည်‌ဆောက်ဖို့အတွက် inclusive ‌ပေါ့။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ ပါဖို့အတွက် ရည်ရွယ်ချက်က ပြည့်‌မြောက်သွားတယ်။”ဟု ဆိုသည်။

ထို့အပြင် ကရင့်အမျိုးသားအတွင်းမှ ညီညွှတ်‌ရေးဖြစ်‌စေ၊ အစိုးရနှင့် ကရင့်‌တော်လှန်‌ရေး ညီညွှတ်‌ရေးဖြစ်‌စေ ဘာသာ‌ရေး ပုဂ္ဂိုလ်များ မပါမဖြစ် ပါဝင်ရမည်ဖြစ်‌ကြောင်းနှင့် အမျိုးသားအတွင်း ဘာသာအရ၊ နယ်‌မြေအရ၊ အသင်းအဖွဲ့ ဂိုဏ်းဂဃပုံစံအရ ကွဲပြားခြားနားမှုများကို ပြန်လည် ညီညွှတ်‌စေ‌ရေးကို တည်‌ဆောက်သွားကြရမည်ဟုလည်း သူက ဆက်လက် ‌ပြောဆိုသည်။

၎င်းအပြင် နှီး‌နှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက်အရ ကရင်အမျိုးသားထုအတွင်း မတူကွဲပြားမှုများကို ပြန်လည် စုစည်းနိုင်ရန်နှင့် မြန်မာပြည် ငြိမ်း ချမ်း‌ရေးအတွက် လက်‌တွေ့ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည့် “ကရင်အမျိုးသားများ စည်းလုံးညီညွှတ်မှု တည်‌ဆောက်‌ရေးအဖွဲ့” ကို အဖွဲ့ဝင် သံဃာ‌တော် ၁၁ပါးနှင့် သိက္ခာ‌တော်ရဆရာ‌တော် ၉ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြပြီး နာယကအဖြစ် အရှင်ဝိဇာနနှင့် ဆရာ‌တော်‌စော ‌ရောဘတ်‌ထွေးတို့က ဦး‌ဆောင်သွားမည် ဖြစ်သည်။

ဘာသာ‌ရေး နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ နှစ်ခြင်းခရစ်ယာန်ဘာသာမှ ဆရာမ‌နော်ဘူးဖိုးက “ကျမတို့ ကရင်အမျိုးသားထဲမှာမှ စည်းလုံးမှု ကို မလုပ်နိုင်ရင် အခြားလူမျိုး‌တွေကို သွားလုပ်‌ဆောင်‌ပေးဖို့က ခက်တယ်။ အခုဆို ကျမတို့ စည်းလုံးမှု တည်‌ဆောက်ဖို့အတွက် ‌ခြေလှမ်းစပြီ။ Unity is Diversity ဒါ အခိုင်မြဲဆုံးပဲ‌လေ။”ဟု ‌ပြောဆိုသည်။

“ကွဲပြား‌နေတဲ့ ကရင်အမျိုးသား‌တွေဟာ ပြန်လည်ပြီး စည်းလုံးညီညွှတ်ဖို့လိုတယ်။ အခုအဖွဲ့ကိုဖွဲ့ပြီး သတ်မှတ်ချက်ထုတ်ပြီးတာနဲ့ ဦးဇင်းတို့ လည်း အ‌ကောင်အထည်‌ဖော်ဖို့၊ ဒီထက်မက စည်းစည်းလုံးလုံး ရှိလာ‌အောင်လုပ်ဖို့ စဉ်းစားထားပါတယ်။”ဟု ‌ကော့ကရိတ်မြို့‌မြောက်ပိုင်း ‌နောင်ကိုင်း‌ကျေးရွာ ‌တောင်ရိပ်သာ‌ကျောင်းမှ အရှင်ဝါသဝက ‌ကေအိုင်စီကို မြွက်ကြား‌ပြောဆိုသည်။

အဆိုပါနှီး‌နှောဖလှယ်ပွဲမှ ယ‌နေ့ထုတ်ပြန်သည့် ‌ကြေညာချက်ထဲတွင် ‌ကေအဲန်ယူနှင့် ဦးသိန်းစိန် အစိုးရတို့ ဇန်နဝါရီလ ၁၂ရက်‌နေ့ ‌တွေ့ဆုံညှိ နှိုင်း လက်မှတ်ထိုးပြီး‌နောက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ဆက်လက် ‌ဆောင်ရွက်နိုင်ရန် ပဋိပက္ခဇုံအတွင်းမှ ပြည်သူများ စိတ်ချယုံကြည် နိုင်‌ရေး၊ ‌ကေအဲန်ယူနှင့် အစိုးရတပ်များ၏ ထိပ်တိုက် တိုက်ခိုက်‌နေမှုများကို ထိ‌ရောက်လျင်မြန်စွာ ကိုင်တွယ်‌ဖြေရှင်းသွား‌ရေးအတွက် သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ရှိ ‌ခေါင်း‌ဆောင်များအား ‌တောင်းဆိုတိုက်တွန်းပါ‌ကြောင်း ‌ဖော်ပြပါရှိသည်။

ယခု ပြုလုပ်ပြီးစီးခဲ့သည့် ဘာသာ‌ရေးနှီး‌နှောဖလှယ်ပွဲသို့ နယ်စပ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်‌ဒေသမှ သံဃာ‌တော်များ ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။ ထိုင်း-မြန်မာနယ်စပ်တွင် ယခင်နှစ်များကလည်း ကရင်အမျိုးသား ပြန်လည်ညီညွှတ်‌ရေးနှင့် ပတ် သက်၍ ဘာသာ‌ရေးပုဂ္ဂိုလ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုရှိခဲ့‌သော်လည်း ယခုကဲ့သို့ လက်‌တွေ့လုပ်မည့် အဖွဲ့ပုံစံမျိုး ဖွဲ့စည်းခဲ့ခြင်း မရှိ‌ပေ။