Home သတင်း အစိုးရတပ်မှ ခရီးသည်နှင့် လူကယ်ရီများထံ ‌ငွေ‌ကြေးရယူပြီး တရားမဝင်ဆိုင်ကယ်များကို လည်း ‌နေ့စဉ်‌ပေးသွင်း

အစိုးရတပ်မှ ခရီးသည်နှင့် လူကယ်ရီများထံ ‌ငွေ‌ကြေးရယူပြီး တရားမဝင်ဆိုင်ကယ်များကို လည်း ‌နေ့စဉ်‌ပေးသွင်း

2621
‌ဖေ‌ဖော်ဝါရီလ ၂၈ ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နယ် နယ်စပ်‌ဒေသတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် ယခုရက် ပိုင်းအတွင်းခရီးသည်နှင့် လူကယ်ရီများထံ ‌ငွေ‌ကြေး ရယူပြီး ထိုင်းမှ တရားမဝင်ဆိုင်ကယ်များ ကိုလည်း ‌နေ့စဉ်‌ပေးဝင်လျှက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံဘက်ခြမ်း ထားဝယ်မြို့အထိ ‌ဖောက်လုပ်ထား‌သော အာစီယံလမ်း‌ကြောင်းတ‌လျှောက် အ‌ခြေစိုက်သည့် အစိုးရစစ်တပ် စစ်ဆင်ကွပ်ကဲ‌ရေး ဌာနချုပ်-စကခ (၈နှင့်၂၀)မှ စစ်ဗျူဟာ ၂ ကွပ်ကဲမှု‌အောက်ရှိ တပ်ဖွဲ့ဝင်များသည် နယ်စပ်စခန်းအပါအဝင် ခရီးသည်နှင့် လူ‌မှောင်ခို ပို့သူများထံမှ ‌ငွေ‌ကြေးရယူသည့်အပြင် တရားမဝင် ဆိုင်ကယ်များကိုလည်း ‌နေ့စဉ် ‌ပေးဝင်ခြင်းဖြစ်သည်။


‌ဒေသခံတစ်ဦးက“လမ်းတစ်‌လျှောက်မှာ ဂိတ်‌တွေ အများကြီး‌ထောင်တာကိုး။ စစ်တပ်ကို နည်းနည်းပါးပါး‌ကြွေးလိုက်ရင် အားလုံးအဆင်‌ပြေတယ်။ ဆိုင်ကယ်‌တွေကျ‌တော့ စစ်တပ်ထဲက လူ‌တွေလည်း ဝယ်ပြီး သွင်းတာလည်းရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ကမ်းရိုးတန်းတိုင်း စစ်ဌာချုပ်-ကရခ၏ ညွှန်ကြားချက်အရ စဗဟ(၂)မှူး ဗိုလ်မှူးကြီး တင်ထွဋ်သည် ကားလမ်းတစ်‌လျှောက်ရှိ အိုင်ဝိုင်း၊ ဆင်ဖြူဒိုင်၊ ဝါး‌တော၊ အမို‌ဒေသအ‌ခြေစိုက် တပ်များအား စစ်‌ဆေးရန် ယမန်‌နေ့တွင် ‌မေတ္တာစခန်းမှ ထွက်ခွာသွားပြီဖြစ်သည်ဟု သိရသည်။

ကီလိုမီတာ ၁၀၀‌ကျော် ရှည်လျား ၎င်းအာစီယံလမ်း‌ကြောင်းကို ထားဝယ်ပင်လယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အသုံးပြုရန် အီတာလျံ-ထိုင်းကုမ္ပဏီမှ တာဝန်ယူ‌ဖောက်လုပ်‌သော လမ်းမကြီးဖြစ်သည်။