Home သတင်း လယ်‌မြေအသိမ်းခံရမည့်အ‌ရေး လယ်သမားများသမ္မတထံ ‌မေတ္တာ ရပ်ခံစာတင်

လယ်‌မြေအသိမ်းခံရမည့်အ‌ရေး လယ်သမားများသမ္မတထံ ‌မေတ္တာ ရပ်ခံစာတင်

1750
‌ဖေ‌ဖော်ဝါရီလ ၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ရှမ်းပြည်နယ်- ‌တောင်ကြီးမြို့ရှိ ‌ကျေးရွာတချို့တွင် ရာနှင့်ချီသည့် လယ်ယာ‌မြေများကို အစိုးရတပ်မှ တပ်‌မြေ‌ကျောက်တိုင်များ လာ‌ရောက်စိုက်ထူ ထားသဖြင့် ‌ဒေသခံများ လယ်ယာ‌မြေ အသိမ်းခံရမည့် အ‌ရေး သမ္မတဦးသိန်းစိန်ထံ ‌မေတ္တာရပ်ခံစာတင် ထား‌ကြောင်း သိရသည်။

‌တောင်ကြီးမြို့နယ် နမ့်ဆီ၊ ပင်ငို‌ကျေးရွာများမှ လယ်ဧက ၆၁ဝအား တပ်‌မြေအဖြစ် ‌ကျောက်တိုင် စိုက်ထူထားခြင်းခံရသည့် လယ်သမား ၁၀၇ဦးနှင့် ‌နောင်‌လေ၊ ထီ‌ဝေါ်၊ ကန်‌လောင်းနှင့် ထီတယမ်‌ကျေးရွာများ၏ လယ်‌မြေဧက ၁၇ဝအား အလံနီ စိုက်ထူ ခြင်းခံ‌နေရသည့် လယ်သမား ၄၄ဦး (စုစု‌ပေါင်း၁၅၁ဦး)တို့မှ စု‌ပေါင်းပြီး ‌မေတ္တာရပ်ခံသည့် ‌တောင်းဆိုစာများ တင်ခဲ့ခြင်း ဖြစ် သည်။

‌ဒေသခံများသည် သမ္မတထံ စာတင်ရန် ရှမ်းပြည်နယ် ဘဏ္ဍာ‌ရေးနှင့် အခွန်ဝန်ကြီး ဦးသိန်း‌မောင်ထံ သွား‌ရောက်တိုင်ပင်မှုများ ရှိခဲ့ပြီး ၎င်း၏ အကြံပြုချက်အရ ‌တောင်ကြီးမြို့နယ် ကြံ့ခိုင်‌ရေးပါတီမှတဆင့် ဇန်နဝါရီလ ၃ဝရက်‌နေ့က သမ္မတထံ စာတင်ခဲ့ သည်ဟု ပအိုဝ့်လယ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့်‌တောင်ကြီးမြို့ခံ ခွန်ခမ်း‌ကောင်က ‌ပြောသည်။

ထို‌ဒေသမှ ပြည်သူများသည် ‌တောင်ယာလုပ်ငန်းဖြင့် အဓိက အသက်‌မွေးဝမ်း‌ကြောင်း ပြုကြသည်။ အစိုးရမှ ၎င်းလယ်‌မြေများ သိမ်းလိုက်လျှင် ‌ဒေသခံများ၏ ဘဝရပ်တည်‌ရေးမှာ စိုးရိမ်ရ‌ကြောင်း ခွန်ခမ်း‌ကောင်က ယခုလို ‌ပြောသည်။

သူက “ဒီနယ်တစ်ဝိုက်က ရွာသူရွာသား‌တွေက ‌မြေယာလုပ်ငန်း‌တွေပဲ လုပ်‌နေရတာ။ အဲဒီ‌မြေ‌တွေကို သိမ်းသွားမယ်ဆိုရင် သူတို့‌တော့ ငတ်ပြီပဲ။”ဟု ‌ပြောသည်။

တပ်‌မြေအဖြစ် စိုက်ထူထားခံရသည့် ‌မြေယာများတွင် ဂျုံ၊ ကြက်သွန်ဖြူနှင့် ပဲစင်းငုံတို့ အဓိက စိုက်ပျိုးကြသည်။ ထို‌မြေယာများ အသိမ်းခံရလျှင် ‌ဒေသခံများမှာ တခြား‌ဒေသများတွင် ဘိန်းအစားထိုး စိုက်ပျိုးရမည့်အ‌ရေးနှင့် ကျဘမ်းအလုပ်များ လုပ်ကိုင် လာရမည်ကို စိုးရိမ်‌နေကြသည်။

ယခင်က ထို‌ဒေသများတွင် ပင်းပက်သံမဏိစက်ရုံ အမှတ်(၅)မှ ဝန်ထမ်းအိမ်ယာများ တည်‌ဆောက်ရန် ‌ဒေသခံများ၏ ဆိုင်ခန်း ငယ်‌ပေါင်း ၂ဝခန်းနှင့် လူ‌နေအိမ် ၄လုံး ‌ရွှေ့‌ပြောင်း‌ပေးခဲ့ရသည့်အပြင် လယ်ယာ‌မြေ မတရား သိမ်းဆည်းခံခဲ့ရသည့် အဖြစ်များ လည်း ကြုံခဲ့ဖူးသည်။

‌ဒေသခံတစ်ဦးက “အရင် အသိမ်းခံရတဲ့ ‌မြေယာ‌တွေအတွက် တချို့ ‌လျော်‌ကြေးရတယ်။ တချို့က‌တော့ မရကြဘူး။ ရရင် လည်း အနည်းအပါးပါပဲ။ ဒီ‌ငွေ‌လောက်နဲ့ အဆင်မ‌ပြေတာ‌တွေ များတယ်။” ဟု ဆိုသည်။

ယင်း‌ဒေသတွင် လက်ရှိ ‌မြေတစ်ဧကလျှင် အပြင်‌ပေါက်‌ဈေးမှာ သိန်း ၃ဝကျပ် ဝန်းကျင်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ရက်နှင့် ဇန်နဝါရီလ ၆ရက်‌နေ့တို့တွင် အစိုးရမှ အဆိုပါလယ်‌မြေများကို အမှတ်အသား လာ‌ရောက် စိုက်ထူခဲ့ကြ‌သော်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းနှင့် လာ‌ရောက်စိုက်ထူသည့်တပ်ကို ‌ဒေသခံများက မသိရှိကြ ‌ပေ။

ခွန်ခမ်း‌ကောင်က “အခုလို ချမ်းတဲ့ရာသီမှာ ရွာသား‌တွေက လယ်‌မြေ‌တွေကို မနက် ၉နာရီ‌လောက် ‌ရောက်‌တော့မှ ‌တွေ့ရ တယ်။ ဘယ်သူ လာစိုက်ထားမှန်းကို မသိဘူး။ ‌တောင်ကြီးဘက်ထိ စုံစမ်း‌တော့လည်း အခုထိ မသိရ‌သေးဘူး။”ဟု ‌ပြောသည်။

လယ်ယာ‌မြေ ‌ကျောက်တိုင်စိုက်ထူခံရသည့်အ‌ကြောင်းနှင့် ပတ်သက်ပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO)ထံ ဆက်သွယ်‌မေး မြန်းရာမှာ ၎င်းကိစ္စနှင့် ပတ်သက်ပြီး မသိရှိ‌ကြောင်း ‌ဖြေကြားခဲ့သည်။