Home သတင်း မွန်ပြည်သစ်နှင့်အစိုးရပြည်နယ် အဆင့် အပစ်ရပ်စဲ‌ရေးပဏာမ သ‌ဘော တူညီမှုရရှိ

မွန်ပြည်သစ်နှင့်အစိုးရပြည်နယ် အဆင့် အပစ်ရပ်စဲ‌ရေးပဏာမ သ‌ဘော တူညီမှုရရှိ

1641
‌ဖေ‌ဖော်ဝါရီလ ၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီနှင့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် အပစ်အခတ် ရပ်စဲ‌ရေးအတွက် ပြည်နယ်အဆင့် ပဏာမသ‌ဘောတူညီမှု ရရှိခဲ့ပြီး နှစ်ဖက် လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့၊ စက်မှုဝန် ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး စက်မှုလက်မှုဖွံ့ဖြိုး‌ရေး‌ကော်မတီ ဥက္ကဌ ဦးစိုးသိမ်းနှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်‌ရော့စတို့ ဦး‌ဆောင်သည့် ၇ဦးပါအဖွဲ့တို့ မွန်ပြည်နယ် ‌မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ (Strand) ဟိုတယ်တွင် ယ‌နေ့မနက် ၉နာရီ‌ကျော် အချိန်၌ အချက် ၅ချက်ဖြင့် နှစ်ဖက် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

“အချက် ၅ချက်နဲ့ သ‌ဘောတူ လက်မှတ်ထိုးတဲ့သ‌ဘောပါ၊ ဒီဟာကိုလည်း ကြိုတင် ‌ဆွေး‌နွေးထားပြီးမှ လက်မှတ်ထိုးတာပါ၊ ဒီတခါ စာချုပ်စာတမ်းနဲ့ဆို‌တော့ ပိုပြီး‌တော့ ပြည့်စုံမှုရှိပါတယ်။”ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်‌ရော့စက ‌ဆွေး‌နွေးပွဲအပြီး သတင်းသမားများနှင့် ‌တွေ့ဆုံစဉ် ‌ပြောကြားခဲ့သည်။

ယခုလို မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်တို့ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ကြသည့် အချက် ၅ချက်မှာ နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲ‌ရေးကိစ္စ၊ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် ‌ဆွေး‌နွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့ စည်း‌ပေးရန်၊ ‌ဆွေး‌နွေးမည့်ရက်၊ အချိန်နှင့် ‌နေရာ ညှိနှိုင်းရန်၊ ဆက်ဆံ‌ရေးရုံးကို နှစ်ဖက်သ‌ဘောတူသည့် သင့် ‌တော်ရာ‌နေရာတွင် (လက်နက်မပါဘဲ) ထားရှိရန်၊ သတ်မှတ်‌နေရာမှအပ အခြား‌ဒေသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်နှင့် နှစ်ဖက် သ‌ဘောတူညီမှု ရရှိထားသည့် သတ်မှတ်‌နေရာများတွင် ‌နေထိုင်ရန်တို့ဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ ‌တောင်းဆိုချက်များထဲတွင် အပစ်အခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု အမြန်ဆုံး လုပ်‌ပေး‌ရေး စသည့် အချက်များပါဝင်သည်ဟု သိရ‌သော်လည်း အ‌သေးစိတ်ကို ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။

မွန်ပြည်သစ်ပါတီအ‌နေနှင့် ယခု ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ နှစ်ဘက် ပဏာမသ‌ဘောတူညီထားမှုကို ဗဟို‌ကော်မတီသို့ တင်ပြ‌ဆွေး ‌နွေးသွားမည်ဖြစ်ပြီး ‌ဖေ‌ဖော်ဝါရီ တတိယအပတ်ခန့်တွင် ထိုပဏာမသ‌ဘောတူထားချက်များကို အတည်ပြုသွားမည်ဖြစ်သည်။

ယခုတကြိမ် အစိုးရကိုယ်စားလှယ်များနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့ကြသည့် မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဌ နိုင်‌ရော့စ၊ ဒုစစ်ဦး စီးချုပ် ဗိုလ်မှုးချူပ်လယီက‌ကောင်း၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် နိုင်တလညီ၊ ‌မော်လမြိုင်ခရိုင်ဥက္ကဌ နိုင်‌အေးမွန်၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညား‌လေး၊ သထုံခရိုင်အတွင်း‌ရေးမှုး နိုင်ဧကနှင့် စစ်‌ကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှုးကြီး ဗညားချမ်းနွန် တို့ ပါဝင်သည်။

ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ဦး‌အောင်မင်း ဦး ‌ဆောင်‌သောအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာ ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်း နိုင်ငံ၊ စံခလပူရီတွင် ပထမအကြိမ် အပစ်ခတ်ရပ်စဲ‌ရေး အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲလာခဲ့ပြီး စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင် ‌ပြောင်းလဲ‌ရေးကို လက်မခံသည့်အတွက် ၂၀၁ဝခုနှစ်တွင် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြယ်လာခဲ့ရာမှ ယခုတကြိမ်တွင် ထပ်မံ အပစ်ရပ်စဲကြခြင်း ဖြစ်သည်။