Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပူး‌ပေါင်းပါဝင်မှု KNU ‌ဆောင်ရွက်သွားမည်

နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပူး‌ပေါင်းပါဝင်မှု KNU ‌ဆောင်ရွက်သွားမည်

1753
ဇန်နဝါရီ ၂၇ရက်။ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် နိုင်ငံ‌ရေးဆက်‌ဆွေး‌နွေးရန် သ‌ဘောတူလက်မှတ်ထိုးပြီး‌နောက် ကရင်အမျိုးသားအစည်း အရုံး-KNU က နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူး‌ပေါင်းပါဝင်မှုကို ‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း ယမန့်‌နေ့က ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုလ ၂၃မှ ၂၅ရက်‌နေ့အထိ ကရင်ပြည်နယ် ‌ဒေသတ‌နေရာ၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဗဟို‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် KNU က ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေးတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍလည်း အ‌ရေးကြီး‌ကြောင်းကို KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ယခုလို ‌ပြောသည်။

“KNU ရဲ့ ‌ပေါ်လစီအရ အ‌ရေးအရာအားလုံးမှာ အခု ပစ်ခတ်ရပ်စဲ‌ရေးလိုမျိုး၊ ‌စေ့စပ်ညှိနှိုင်း‌ဆွေး‌နွေးပွဲ‌တွေကို ကြည့်ရင် ဒါစစ်သား‌တွေရဲ့အလုပ်၊ ‌ယောက်ျား‌တွေရဲ့အလုပ်လို့ မသတ်မှတ်ထားဘူး။ နိုင်ငံ‌ရေး အလုပ်ဖြစ် တယ်။ ပြည်သူတရပ်လုံးရဲ့အလုပ်ဖြစ်တဲ့အ‌ပေါ်မှာ အမျိုးသမီး‌တွေရဲ့ စွမ်းရည်စွမ်းစ၊ သက်ဆိုင်တဲ့ အမျိုးသမီး‌တွေရဲ့ ကဏ္ဍကိုလည်း ‌မေ့မထားဘူးဆိုတာ ထပ်မံ‌ဖော်ပြခြင်းပဲ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့၌ ယခု ၁၂ရက်‌နေ့က မြန်မာအစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံရာတွင် အမျိုးသမီးတဦး တ‌ယောက်မျှ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ကရင်လူထုအသိုင်းအဝိုင်းအတွင်း ‌မေးစရာများဖြစ်‌ပေါ်ခဲ့သည်ဟု သူက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံ‌ရေးပဋိက္ခ‌ကြောင့် စစ်ဖြစ်ပွားရာ၌ ဒုက္ခ‌ရောက်သူများထဲတွင် အထူးသဖြင့် အမျိုးသမီး၊ က‌လေးနှင့် သက်ကြီးရွယ်အိုများဖြစ်သည့်အ‌ပေါ် စစ်၏ဆိုးကျိုးနှင့် အမှန်တကယ် ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှု၊ တိုင်ပင်ညှိနိုင်းမှု စသည်တို့ ‌ပြောဆိုသည့်အခါ ကိုယ်တိုင်ခံစားရသူ အမျိုးသမီးပါဝင်ရန် ဖြစ်သင့်‌ကြောင်း သူက ‌ထောက်ပြ‌ပြောဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဗဟို‌ကော်မတီဝင် တဦးဖြစ်သူ ‌နော်မြိုင်ဖိုးက “ကရင်‌တွေထဲက လူဦး‌ရေ ထက်ဝက်ဟာ အမျိုးသမီး‌တွေ ဖြစ်တယ်။ ဒါ‌ကြောင့်မို့လို့ အခုလို မြန်မာအစိုးရနဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး တဲ့အခါ အမျိုးသမီးပါဝင်ရမယ်။ ပြည်တွင်းစစ်တ‌လျှောက် အမျိုးသမီး‌တွေဟာ ဒုက္ခမျိုးစုံခံရတဲ့ထဲမှာ ပါဝင်တာ ဖြစ်လို့ ကိုယ်တိုင်ပါရင် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးအတွက် ပို‌ကောင်းတယ်။”ဟု ‌ပြောသည်။

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသမီးများလည်း အမျိုးသမီးများ၏ နိုင်ငံ‌ရေးလုပ်ငန်းစဉ်‌ဆောင်ရွက်မှုများကို ကူညီကြရန်နှင့် ကိုယ်တိုင် ပူး‌ပေါင်းပါဝင်ရန်လည်း သူမက တိုက်တွန်း‌ပြောဆိုသည်။

မြန်မာအစိုးရနှင့် ဆက်လက်လုပ်‌ဆောင်မည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကိစ္စများကို အမျိုးသမီးအပါအဝင် ပြည်တွင်း ပြည်ပ ကရင်လူထု၏ အကြံပြုချက်များကို ရယူခြင်း၊ မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲ ‌ရေးကိစ္စ ဆက်‌ဆွေး‌နွေး ခြင်း၊ KNU နယ်‌မြေအတွင်း အစိုးရတပ်မှ စစ်တပ်များ ‌လျော့ချ‌ပေးခြင်းနှင့် ရုပ်သိမ်း‌ပေး ခြင်းတို့ KNU ၏ ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။

အစိုးရနှင့် ‌ဆွေး‌နွေးရာတွင် ထိ‌ရောက်ပြီး အဆင်‌ပြေ‌ချော‌မွေ့‌စေရန် ကျွမ်းကျင်‌သော ပညာရှင်များ၏ အကြံ ဉာဏ်များ ရယူသွားမည့်အပြင် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေးအတွက် နိုင်ငံ‌ရေး‌ဆွေး ‌နွေးမှုအဆင့်တွင် တိုင်းရင်းသားလူမျိုးစုများနှင့် ပူး‌ပေါင်းပြီး ‌ဆောင်ရွက်သွားမည်ဟုလည်း ထို‌ကြေညာချက်၌ ‌ပြောထားသည်။

၎င်းအပြင် မြန်မာအစိုးရနှင့် ဆက်လက်‌ဆွေး‌နွေး‌ရေးအတွက် ဒုတိယအကြိမ် ပြုလုပ်သည့် ၎င်းတို့ အ‌ရေး‌ပေါ် အစည်း အ‌ဝေးတွင် ဗဟို‌ကော်မတီဝင် (၃၅)ဦးအပါဝအဝင် ဖိတ်ကြားထားသူ ကိုယ်စားလှယ် (၃)ဦး တက်‌ရောက်ခဲ့သည်ဟု KNU ‌ကြေညာချက်တွင် ပါရှိသည်။

ယခုလ ၁၂ရက်က KNU ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ‌တွေ့ဆုံ‌ဆွေး‌နွေးကာ အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များကို ‌ဆွေး‌နွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမသ‌ဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ယင်းနှစ်ဦးနှစ်ဘက် သ‌ဘောတူညီချက်အရ ၄၅ ရက်အတွင်း ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေး ဆက်လက်‌ဆွေး‌နွေးသွားရန် သ‌ဘောတူညီခဲ့ကြသည်။

“ဆက်‌ဆွေး‌နွေးဖို့ ၄၅ရက်သတ်မှတ်ထား‌ပေမယ့် ဒါအ‌သေမဟုတ်ပါဘူး။ ပြင်ဆင်မှုက အို‌ကေတယ်ဆိုလို့ရှိရင် ၄၅ရက်အတွင်းမှာ ပြန်‌တွေ့မယ်။ သူတို့(မြန်မာအစိုးရ)က‌တော့ အချိန်မ‌ရွေးပဲ။ လက်ရှိအစိုးရဆို‌တော့ ဖွဲ့စည်းပြင်ဆင်ထားတာ‌တွေ ရှိ‌ကောင်းရှိမယ်။ ကျ‌နော်တို့ဘက်က လူထု၊ မိတ်‌ဆွေနဲ့ ကိုယ့်အတွင်းမှာပါ အခိုင်အမာ ညှိရဦးမှာဖြစ်လို့ အချိန်ယူရဦးမှာဖြစ်တယ်။”ဟု ဗိုလ်မှူး ‌စောလှ‌ငွေက ဖြည့်စွက်‌ပြောဆိုသည်။

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံ‌ရေးအရ ‌တော်လှန်ခဲ့သည့် KNU သည် လက်ရှိအချိန်ထိ မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် ‌တွေ့ဆုံပြီး ‌နောက် ပထမဆုံးအကြိမ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီမှုကို ရရှိကာ မြန်မာအစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဆက်လက်လုပ်‌ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။