Home သတင်း အုန်းဖျန်စခန်းအတွင်း ထိုင်းအာဏာပိုင် ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေး

အုန်းဖျန်စခန်းအတွင်း ထိုင်းအာဏာပိုင် ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေး

2176
ဇန်နဝါရီ ၂၅ရက်။ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းကို ယ‌နေ့ မနက် ၅နာရီခွဲက ထိုင်းလုံခြုံ‌ရေးအဖွဲ့(‌အော‌ဆော်)နှင့် ထိုင်း (နယ်ခြား‌စောင့်)စစ်တပ်တို့‌ပေါင်း၍ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှု များ ပြုလုပ်ခဲ့သည်။

ဒုက္ခသည်စခန်းကို လာ‌ရောက်စစ်‌ဆေးမှုပြုသည့် ထိုင်းအာဏာပိုင်တို့မှာ လူအင်အား ၂ဝ ခန့်ရှိပြီး ၎င်းတို့က ဘန်‌ကောက်မှ အထက်အမိန့်အရ လာရခြင်းဖြစ်သည်ဟု ‌ပြော‌ကြောင်း အုန်းဖျန် လူမှု‌ရေးတာဝန်ခံ ‌စောထူးက လယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့(ထိုင်းအာဏာပိုင်) အထက်အမိန့်လို့ ‌ပြောတာပဲ။ လာရှာတာ ‌တောပုန်း‌သေနတ်(‌တောလိုက် မုဆိုးကိုင် ‌သေနတ်)နှစ်လက်၊ မြန်မာပြည်ထုတ် ယူရို‌ဆေးလိပ် ခုနှစ်‌ထောင့်၊ တကစ်‌လောက် အ‌လေးရှိတဲ့ ‌ဆေး‌ခြောက် အထုတ်‌သေးနှစ်ထုပ်တို့ကို ယူသွားတယ်။ ‌နောက် လူသုံး‌ယောက်‌ခေါ်သွားတယ်။”ဟု ‌ပြောဆိုသည်။

ထိုင်းအာဏာပိုင် ‌တွေ့ရှိခဲ့သည့် အဆိုပါ ပစ္စည်းများမှာ ရပ်ကွက်(၂)တွင် ‌ဆေး‌ခြောက်၊ ရပ်ကွက်(၃)နှင့် (၅)တွင် ‌တောပုန်း‌သေနတ် တစ်လက်ဆီ၊ ရပ်ကွက်(၈)တွင် ယူရို‌ဆေးလိပ်တို့ ဖြစ်ကြသည်။

‌ခေါ်‌ဆောင်သွားခံရသည့် လူသုံး‌ယောက်စလုံးမှာ ‌ယောက်ျား‌လေးများဖြစ်ပြီး ရပ်ကွက်(၂) ‌ဆေး‌ခြောက်‌တွေ့ရှိ မှု၌ လူနှစ်ဦးနှင့် ရပ်ကွက်(၃)‌တောပုန်း‌သေနတ်‌တွေ့ရှိမှု၌ လူတစ်ဦးတို့ဖြစ်သည်။ ၎င်းတို့ကို မည်သည့်‌နေရာ တွင် ‌ခေါ်‌ဆောင်သွားသည်ကို မသိရ‌ကြောင်း အုန်းဖျန်စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်း ရပ်ကွက်(၅)မှ အမျိုးသမီးတဦးက “ဒီမနက် ကျမတို့ အိမ်‌ခေါင်းရင်းမှာ စကား‌ပြောသံ ‌တွေ ကြားတယ်။ အဲဒီအိမ်က အစ်ကိုဟာ ငှက်‌တွေ ဘာ‌တွေ ‌တောပုန်း‌သေနတ်လိုက်ပစ်တာ ရှိတယ်‌လေ။ ထိုင်း‌တွေ သူ့အိမ်ကို သွားတာဖြစ်မယ်။”ဟု ‌ပြောဆိုသည်။

ထိုင်းအာဏာပိုင်များ ယခုလို ဒုက္ခသည်စခန်းကို ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးခြင်းသည် မြန်မာအစိုးရနှင့် ပတ်သက်မှုများ ရှိနိုင်သလို ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ရန် ဖိအား‌ပေးသည့်နည်း တမျိုးလည်း ဖြစ်နိုင်သည်ဟု အုန်းဖျန်ဒုက္ခသည်အများစုက ခန့်မှန်း‌ပြောဆို‌နေကြသည်။

ယခင်နှစ်များကလည်း အုန်းဖျန်စခန်းကို လုံခြုံ‌ရေးယူ‌ပေး‌နေသည့် ထိုင်းအာဏာပိုင်များသည် ‌တောပုန်း‌သေ နတ် ကိုင်‌ဆောင်ထားသူများကို ‌တွေ့ပါက ထိုင်းဒဏ်‌ငွေ ၅၀ဝ ဘတ်ရိုက်ကာ ပြန်လွှတ်‌ပေးသည့် ဖြစ်ရပ်များ ရှိခဲ့ သည်ဟု ‌စောထူးကလယ်က ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ‌တောင်ဘက် ၇၅ကီလိုမီတာခန့် အကွာအ‌ဝေးရှိ အုန်းဖျန်စခန်းသည် ၁၉၉၉ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး မြန်မာဒုက္ခသည် ၂၀,၀၀၀(နှစ်‌သောင်း)‌ကျော် ‌နေထိုင်လျက်ရှိသည်ဟု ကရင် ဒုက္ခသည်များ‌ကော်မတီ-KRC ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ အစီရင်ခံစာအရ သိရသည်။