Home သတင်း ၈၈ မျိုးဆက်များ ကြားဖြတ်‌ရွေး‌ကောက်ပွဲ မဝင်သည့်အ‌ပေါ် သံဃာ့ တပ်‌ပေါင်းစု ‌ထောက်ခံ

၈၈ မျိုးဆက်များ ကြားဖြတ်‌ရွေး‌ကောက်ပွဲ မဝင်သည့်အ‌ပေါ် သံဃာ့ တပ်‌ပေါင်းစု ‌ထောက်ခံ

2355
ဒီဇင်ဘာလ ၉ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)


မကြာမီ မြန်မာအစိုးရကျင်းပမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင်ဝင်‌ရောက် ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ဟု ၈၈ မျိုးဆက်‌ကျောင်းသားများအဖွဲ့၏ ဆုံးဖြတ်ခဲ့သည့် အ‌ပေါ် ‌ထောက်ခံ‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်‌ပေါင်းစု(ABMA)က ယ‌နေ့ ‌ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်‌နေ့က ၎င်းတို့အဖွဲ့ကို ကိုယ်စားပြု၍ နိုင်ငံ‌ရေးပါတီများတွင် ကိုယ်စားလှယ်‌ပေးခြင်း၊ ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခြင်းများ မပြုလုပ်ခဲ့‌ကြောင်းကို ၈၈ မျိုးဆက်‌ကျောင်းသားများအဖွဲ့က သ‌ဘောထားထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် (ABMA)မှ သံဃာ‌တော် အရှင်နန္ဒမာလာက “အခု အပြင်မှာလည်း ၈၈ ‌ခေါင်း‌ဆောင် ‌တွေ မရှိ‌သေးဘူး။ အထဲ(အကျဉ်း ‌ထောင်ထဲမှာ)မှာရှိ‌နေတဲ့ သူ‌တွေကိုလည်း အစိုးရက မလွှတ်‌ပေး‌သေးတဲ့ အ‌ပေါ်မှာ မူတည်ပြီး ဒီလို မဝင်သင့်ပါဘူး။ ဒီအဖွဲ့အစည်းထဲက‌နေ နုတ်ထွက်ပြီး ဝင်ပြိုင်မယ် ဆိုရင်‌တော့ ရနိုင်ပါတယ်” ဟု ‌ပြောသည်။

အကျဉ်း‌ထောင်ထဲတွင် ခုချိန်ထိ ချုပ်‌နှောင်ခံရဆဲ သံဃာ့‌ခေါင်း‌ဆောင်များဖြစ်သည့် ဦးပဉ်ဇင်း ဦး‌ကေလာသ နှင့် ဦးဂန္ဘီရ အပါအဝင် နိုင်ငံ‌ရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ လွတ်‌မြောက်‌ရေး၊ ပြည်တွင်းစစ် ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး စသည်တို့ကို အစိုးရဘက်မှ အမြန်ဆုံး လုပ်‌ဆောင်‌ပေးရန် ၎င်းက တိုက်တွန်း‌ပြောဆိုခဲ့သည်။

လက်ရှိ အချိန်တွင် သက်ဆိုင်ရာ နိုင်ငံ‌ရေးအဖွဲ့အစည်း တဖွဲ့ချင်းအ‌နေဖြင့် ၎င်းတို့ ယုံကြည်မှုအတိုင်း သ‌ဘောထား ရပ်တည်ချက်ကို ‌ဖေါ်ထုတ်ခွင့်ရှိပြီး နည်းလမ်းမတူသူ အချင်းချင်း တဦးနှင့်တဦး ပုတ်ခတ်‌ပြောဆိုခြင်းမျိုးကို ‌ရှောင်ရှားရန် လိုအပ်သည်ဟု (ABMA)ထုတ်ပြန်ချက်ထဲတွင် ‌ဖော်ပြထားသည်။

အလားတူ တရက်တည်း၌ပင် မြန်မာပြည်တွင်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABFSU) ကလည်း ၈၈ မျိုးဆက်‌ကျောင်းသား များ၏ ‌ရွေး‌ကောက်ပွဲမဝင်သည့် ရပ်တည်ချက်ကို ယုံကြည်‌ကြောင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌ခေါင်း‌ဆောင်မှု အခန်းကဏ္ဍ၊ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD)၏ ပါတီမှတ်ပုံတင်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက်ကို ‌လေးစား‌ကြောင်း ‌ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလည်းဆိုင်ရာ သံဃာ့တပ်‌ပေါင်းစု အဖွဲ့ကြီးကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးကာလ တွင် မြန်မာနိုင်ငံရှိ သံဃာ့အဖွဲ့အစည်းများ စု‌ပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာပြည်တွင်းအပြင် ထိုင်း၊ အ‌မေရိကန်၊ အိန္ဒိယနှင့် ဂျပန် စသည့်ပြင်ပနိုင်ငံများတွင်လည်း အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိသည်။