Home သတင်း ‌ကော့ကရိတ်‌တောင်ဘက်‌ဒေသတွင် စပါးအထွက်နှုန်း ‌လျော့နည်းလာ

‌ကော့ကရိတ်‌တောင်ဘက်‌ဒေသတွင် စပါးအထွက်နှုန်း ‌လျော့နည်းလာ

3331
ဒီဇင်ဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌တောင်ဘက်ခြမ်းရှိ ကြိတ်‌ကျေးရွာအုပ်စုတွင် ယခုနှစ်အတွင်း မိုးစပါးအထွက်နှုန်း သိသိ သာသာ ‌လျော့နည်းလာသည်ဟု လယ်သမားများက ‌ပြောဆို‌နေကြသည်။

ထိုအုပ်စုရှိ ရွာများမှ လယ်ကွင်းအများစုမှာ ယခုနှစ် မိုးတွင်းကာလ၌ ၄ပတ်‌ကျော်ကြာ ‌ရေလွှမ်းမိုးခံခဲ့ရပြီး စပါးပင်များ ‌သေ ‌ကြေပျက်စီးမှုနှင့် ကြုံ‌နေ‌သော‌ကြောင့် ယခင်နှစ် စပါး ၁၀ဝတင်း ထွက်‌သော လယ်ကွင်းတစ်ကွင်းကို ယခုနှစ် ၄ဝတင်းခန့်သာ ထွက်ရှိသည်ဟု ရွာခံလယ်သမားများက ဆိုသည်။

ထို့အပြင် တချို့လယ်ကွင်းများမှာ ကွင်းတစ်ခုလုံး စပါးပျက်စီးခဲ့ရသည့့် အ‌ခြေအ‌နေထိရှိခဲ့‌ကြောင်း ကြိတ်‌ကျေးရွာမှ လယ်သ မားတစ်ဦးက ‌ပြောသည်။

၎င်းက “ဒီနှစ် ဩဂုတ်လမှာ ‌ရေ စပြီး ကြီးပါတယ်။ ‌ရေကျသွား‌တော့ စပါးစပြီး ပျိုးတာ‌ပေါ့။ ပျိုးပြီးပြီးချင်းမှာပဲ။ ‌နောက်တ‌ခေါက် ‌ရေထပ်တက်လာတယ်။ ‌ရေက ၃-၄ပတ်ကြာ ပြန်မကျတဲ့အခါကျ‌တော့ စပါးပင်‌တွေ ဘယ်ခံနိုင်မလဲ။ တချို့လယ်ကွင်း‌တွေဆို တကွင်းလုံး စပါးပင်‌တွေ ‌သေတာ‌ပေါ့။”ဟု ‌ပြောသည်။

ယခုလို စပါးအထွက်နှုန်း သိသိသာသာ ‌လျော့နည်းလာ‌သော‌ကြောင့် ယခုနှစ်တွင် ယမန်နှစ်က သို‌လှောင်ထားသည့် စပါးများ ကို စားသုံးနိုင်‌သေး‌သော်လည်း လာမည့်နှစ်အတွက်မူ ဆန်၊ စပါး ရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ရွာခံလယ် သမားများက ‌ပြောသည်။

၎င်း‌ကျေးရွာအုပ်စုမှ လယ်သမားများမှာ စိုက်ပျိုးရရှိသည့် ဆန်စပါးများကို အခြားမြို့နယ်များသို့ တင်ပို့‌ရောင်းချခြင်း မရှိဘဲ အခြား စိုက်ပျိုးသီးနှံဖြစ်သည့် နှမ်းနှင့် ‌မြေပဲကိုသာ အခြား‌ဒေသသို့ ပို့‌ဆောင်‌ရောင်းဝယ်‌လေ့ရှိကြသည်။

ကွင်းက‌လေး‌ကျေးရွာမှ ရွာသူတစ်ဦးက “စပါးဘက်မှာ အ‌ခြေအ‌နေမ‌ကောင်း‌တော့ ‌မြေပဲနဲ့ နှမ်းဖက်ကို ပြန်လှည့်‌တော့လည်း ပိုးကျလို့ အဆင်မ‌ပြေပြန်ဘူး။ ဒီနှစ် စိုက်ပျိုး‌ရေး ကပ်ဆိုက်တဲ့ရာသီလို့ ‌ပြောရမယ်။”ဟု ‌ပြောသည်။

အဆိုပါ ကြိတ်‌ကျေးရွာအုပ်စုမှာ နယ်နိမိတ် သတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တည်ရှိ‌သော်လည်း နယ်‌မြေ အ‌နေအထားမှာ ‌ကော့ကရိတ်မြို့နှင့် ပို၍ နီးကပ်ကာ ကားဖြင့် ၅နာရီခန့်သာ ‌မောင်းနှင်သွားလာနိုင်သည့် ‌ဒေသဖြစ်သည်။

ကြိတ်‌ကျေးရွာအုပ်စုတွင် ကြိတ်၊ ကွင်းက‌လေး၊ သဒဲခို၊ မိုင်းက‌လောင်ဝါး၊ ‌ကော့ဆိုင်၊ ပိုင်ကလန်ဒုံ စသည့်‌ကျေးရွာများမှ လယ် ကွင်း‌ပေါင်း ၁,၀၀၀‌ကျော်ရှိပြီး ရွာသူရွာသား အများစုသည် လယ်ယာလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြသည်။

နိုဝင်ဘာလနှင့် ဒီဇင်ဘာလသည် ကြိတ်‌ကျေးရွာအုပ်စု အပါအဝင် ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ်များမှ မိုးစပါး စိုက်ပျိုး သူများ၏ စပါးရိတ်သိမ်းချိန်နှင့် စပါးနှယ်ချိန်ဖြစ်သည်။